Sunday, April 7, 2013

မေတ္တာမြိုင်ဘေရီ ဓမ္မတေးနှင့် ဆရာတော်ဘုရားကြီး၏ အမှတ်တရပုံများ

 မေတ္တာမြိုင်ဘေရီဆိုတဲ့ အင်မတန်လေးနက်တဲ့ မေတ္တာပို့လေးကို တင်ပေးခြင်တာကြာပါပြီ။
ကျမအမျိုးမျိုးကြိုးစားပေမဲ့ အင်တာနက်ကမကောင်း အလွန့်အလွန်ကြာ၊ အလွန်နှေးတာကြောင့် စိတ်ပျက်ပျက်နဲ့ ပစ်ထားမိခဲ့ပ်ါတယ်။ သို့ပေမဲ့ တရက်မှာ ဖောင်းပြင်သားနည်းပညာထဲကနေ နေမင်းမောင် နည်းပညာဆိုက်တွေထဲကနေ upload , download တွေအကြောင်းဖတ်မိပါတယ်။
ဒါနဲ့ သူတို့တင်ထားတဲ့ဆိုက်လေးတွေထဲက ဒေါင်းလို့ အကောင်းဆုံးဆိုက်လေးသွားကြည့်တော့ Ziddu & ifile.it ဆိုက်ကလေးတွေက ဒေါင်းရတာကောင်းပါတယ်။ မီဒီယာဖိုင်းယားက လင့်တွေသေ၊ ဟိုဟာသေ ဒါသေဆိုတော့ ၀င်သွားပြီးလို့ အချိန်က အတော်ကုန်သွားတယ်။ နောက်ဆုံးဘာမှ မရလိုက်ဖဲ ပရီပိတ်ထဲက ငွေဘဲပါပါသွားတာပေါ့။ ပုံနည်းနည်းလေးတင် ဒေါင်းဒါတွေနည်းနည်းလုပ်လိုက်ရင် အကုန်လေးကုန်ပြီး အလုပ်မလုပ်တော့ဘူး။ ကျမသုံးတဲ့ ဖုန်းက သူငယ်ချင်းက ဒီလိုအလုပ်တွေ လုပ်နေလို့ ကိုရီးယားကနေ ၀ယ်ပို့ပေးလိုက်တော့ တော်တော်လေး ဟန်ကျနေတယ်။ နောက်မို့ရင် အရင်က ဆိုက်ဘာကဖေးတွေမှာ သွားသုံးရတာလေ။ ၂ ဆပေးရတယ်။ အခုတော့သက်သာသလို အိမ်မှာ အားရင် အားသလို တင်ပေးနိုင်တာမို့ ကျမလည်းတော်တော်ဝမ်းသာမိပါတယ်။
နောက်ထပ် မိုးမိတ် မပါဒါန်က ကြည်ညိုစရာတွေ တင်ပေးခြင်လို့ Vedio capture software ရှာနေပါတယ်။ ရှေ့အပတ်က အစည်းအဝေးနဲ့ဖြစ်နေပြန် နောက်လာမည့်အပတ်မှာလည်း သင်္ကြန်ပိတ်ရက် တရားသွားထိုင်မှာမို့ ဆရာတော်ဘုရားကြီးကိုကြည်ညိုကြတဲ့ ဓမ္မသာလာ ပရိသတ်ကြီးနဲ့ ခဏတော့ ဝေးနေဦးမယ်ရှင်။
အခုလင့်ကလေးကတော့ မေတ္တာမြိုင်ဘေရီသီချင်းရှိရာလင့်လေးပါ။ မြန်မာဆိုင်းဝိုင်းကြီးနဲ့ တီးထားပြီး ရာဇာဝင်းတင့်နဲ့ ရီရီသန့်ကသီဆိုထားတာမို့ အင်မတန်ကျက်သရေရှိပါတယ်။ စီစဉ်သူက ဆရာတော်ဘုရားကြီးကိုကြည်ညိုတဲ့ ဗိုလ်မှူးကြီး ကြည်စိုးထွန်း(အငြိမ်းစား)ဖြစ်ပါတယ်။ မင်းချစ်သူတို့ကောပါကြပါတယ်။ ကျမကတော့ အားလုံးထဲမှာ ဒီဓမ္မတေးကို အကြိုက်ဆုံးပါ။ ဖွင့်ကြည့်လိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ အငွေ့အသက်တွေ ဗုဒ္ဓဘာသာရဲ့ အငွေ့အသက်တွေ အများကြီးပါဝင်ထားတာမို့ သင်္ကြန်အမှီတင်ပေးထားတာပါရှင်။
အချိန်အကြာကြီးအကုန်ခံပြီးမှ လင့်လေးတွေနဲ့ ရခဲ့ပါတယ်။ ကျမစေတနာကို ဒီသီချင်းဖွင့်လိုက်တာနဲ့ ဘာကြောင့် ဒီလောက်အချိန်ကုန်ခံထားတာလဲ လို့ သိရှိခံစားနိုင်မှာပါ။ HTML code တွေက ကျမမရေးတာ အရမ်းကြာပြီမို့ လင့်လေးတွေကို အဆင်ပြေအောင် မလုပ်ပေးနိုင်တာကိုတော့ အဆင်မပြေရင် နားလည်ပေးပါ။ သေချာတာကတော့ "http://filecloud.io/hg0x1uc9" ပါဘဲရှင်။
Mitta Myaing Baeyee  ziddu,com (MP3) မေတ္တာမြိုင်ဘေရီ (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဓမ္မလင်္ကာ) ဓမ္မတေး  ဒေါင်းပါ
Metta Myaing Baeyee (MP3)  မေတ္တာမြိုင်ဘေရီ ဓမ္မတေး (မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဓမ္မလင်္ကာ) 


ရွှေဘိုတွင် တရားပွဲ

ရွှေဘိုတွင် အဖူးမျှော်ခံစဉ်


လက်လုပ်တောင်သို့ ဆွမ်းခံပြီးပြန်အကြွ


ကျမ်းစာများရေးနေသော ဆရာတော်ဘုရားကြီး


စင်္ကြန်အမှတ်ဖြင့် တရားရှုနေစဉ်

ရွှေဘိုတွင် တရားပလ္လင်ပေါ်တွင်

 သင်္ကြန်တွင် မေတ္တာမြိုင်ဘေရီ ဓမ္မတေးမှ ဆရာတော်ဘုရားကြီး၏ မေတ္တာအနှစ်များကို မျှဝေခံစားပြီး မိမိ မျှဝေခံစားသကဲ့သို့ မိမိမှလည်း စည်တီးသံ မိုးချုံးသံထက် မည်သို့မျှမနှိုင်းမယှဉ်နိုင်သော မေတ္တာဓာတ်တို့ ဖြင့် ပြန်လည်၍ မေတ္တာဖြန့်ကျက်နိုင်ကြပါစေ။
ကျမကိုယ်တိုင် မေတ္တာရဲ့ဆန့်ကျင်ဘက်တွေနဲ့ အများကြီး ကြုံခဲ့ ဆုံခဲ့ရသူပါ။ ဘာသာရေးလုပ်ကြတဲ့ ဦးတည်ချက်ခြင်းအတူတူ ရည်ရွယ်ချက် ခံယူချက်ခြင်းမတူကြတဲ့အတွက် တွဲသော်လည်း ကွဲ။ ကွဲရာမှြ့ပသနာတက်ကြဆိုသလို ကြုံတွေ့ခဲ့ဘူးသူပါ။ အခုတော့ ကျမရဲ့ သက်ဆိုင်ရာမှ ချမှတ်ပေးထားတဲ့ လမ်းကြောင်းလေးပေါ်လျှောက်တဲ့အခါ အေးမြတဲ့ မေတ္တာဓာတ်နဲ့ ဆရာတော်ဘုရားကြီးရဲ့ တရားဓမ္မတွေကို အများအတွက် ထပ်ဆင့်ထုတ်လွင့်စက်ကလေးလို ဖြစ်ခဲ့ရပါတယ်။
တွဲသာတွဲ မစွဲနဲ့။ သုံးသာသုံး မစွဲနဲ့။ အစွဲတို့သည် ဒုက္ခ ။ ဆရာတော်ဘုရားကြီးနဲ့ နီးခြင်လျင် စိတ်ခြင်းတူမှ နီးမယ်လို့ မိန့်ဘူးပါတယ်။
အားလုံးဘဲ ကျန်းမာချမ်းသာကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts