ဓမ္မသာလာမှ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား ချစ်ကြည်ညိုသည့် စာဖတ်ပရိသတ်များအားလုံးအား လေးစားစွာဖြင့် အထူးမေတ္တာရပ်ခံလိုပါသည်။ ကျမသည် ယခုတလောတွင် သင်တန်းတက်နေရသည့်အပြင် သင်တန်းပြီးပါက တာဝန်အရ အပူပိုင်းဒေသများသို့ ခရီးထွက်ရန်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ရွှေဘိုတွင် ကျင်းပမည့် ဆွမ်းဆန်စိမ်းလောင်းပွဲသို့ပင် မလိုက်ဖြစ်တော့အောင်ဖြစ်သွားရပါသည်။
ဆရာတော်ဘုရားကြီး၏ ပုံတောင်ပုံညာဘာကြောင့်ဖြစ်သည်ဆိုသည့်ဖွင့်ဆိုချက်ကိုလည်းကောင်း၊ နတ်ဟုကျမတို့ယူဆနေသည့် စိတ်တန်ခိုးရှင် မိန်းမသားတဦးဖြစ်သည့် အမေရေယာဉ်နှင့် မိပန်းတို့အကြောင်းအားလည်းကောင်း၊ ဗုဒ္ဓရတြာများအားလည်းကောင်းပို့စ်တင်ခြင်ပါသော်လည်း စိတ်သာတင်ခြင်နေသည် အချိန်ကမပေးနိုင်ပါသဖြင့် ကျမမှာ ပို့စ်မတင်ဖြစ်သေးပါ၊ သို့ဖြစ်သည့်အတွက် ဓမ္မသာလာအား စောင့်ဖတ်ရှုနေကြသည့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ စာဖတ်သူများ၊ ဆရာတော်ဘုရားကြီး၏ဓမ္မများအား သိလိုသူများအား အသိပေး မေတ္တာရပ်ခံအပ်ပါသည်။
အဘိဥာဉ်တန်ခိုးဖြင့် သိအပ်သောအရာသည် စာသိ၊ သညာသိမဟုတ်ပါ။ ရမ်းသန်းမှန်းသန်း ထင်ကြေးများလည်း မဟုတ်ပါ။ အိမ်မက်တခုလည်း မဟုတ်ပါ။ သို့သော် ဆရာတော်ကြီးများသည် သိုသိပ်ပါ၏။ ၀ိနည်းရှိပါ၏။ သို့သော် မပြော၊ မဆိုခဲ့လျင်လည်း နောင်တွင်အမှားကြီး မမှားစေရန် ချန်ထားခဲ့ ခြင်းဆိုသည်ကို နားလည်ပေးစေလိုပါသည်။ အားကျခြင်းအားဖြင့်လည်း အားကျရင်း အားကျရင်းနှင့် ဆရာတော်ဘုရားကြီးများကဲ့သို့ ကျင့်ကြံသောလမ်းကြောင်းပေါ်သို့ တစ်ဦးတစ်ပါး ရောက်ရောက် ရောက်သမျှ အမြတ်သာဖြစ်ပါသည်။ ထိုသို့ ရည်ရွယ်၍ အခြားသော အကြောင်းအရာများထက် စိတ်တန်ခိုးများဖြင့် အများမသိနိုင်သော အကြောင်းအရာများကိုသာ ဆရာတော်ဘုရားကြီးထင်လင်းစွာသိမြင်ထားသည့် အကြောင်းများကိုသာ ဦးစားပေးတင်သွားမည်ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။ ဆရာတော်ဘုရားကြီး၏ တရားခွေများ ထဲမှလည်း ဆရာတော်ဘုရားကြီး ကြိုကြားကြိုကြားထည့်ပြောလေ့ရှိသော နာမ်လောကများအကြောင်း၊ သိုက်ဆက်များအကြောင်း၊ စိတ်တန်ခိုးစွမ်းအင်များကြောင့် သူတပါးမသိနိုင်သည်ကို သိနိုင်သည့်အကြောင်းများကိုသာ အများအားကျနိုင်စေရန် ပို့စ်တင်ပေးသွားမည်ဖြစ်ပါသည်။
Thursday, March 21, 2013
အထူးမေတ္တာရပ်ခံချက်
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး