Wednesday, February 27, 2013

မင်္ဂလာရှိသောအိမ်ကို မြတ်ဗုဒ္ဓအဆုံးအမနဲ့အညီဆောက်ကြစို့

တကယ်တော့ မင်္ဂလာရှိသောအိမ်ဆိုတဲ့ ဓမ္မကဗျာလေးကို လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်မှာ တရားစခန်းပွဲသွားရင်းနဲ့ ယောဂီစစ်စစ်မဟုတ်တဲ့  ရောပလီအဖြစ်နဲ့ ဓမ္မာရုံထဲမှာ ချိတ်ဆွဲထားတဲ့ ကဗျာလေးကို ကင်မရာနဲ့ရိုက်ယူလာတာဖြစ်ပါတယ်။ ဒီနေ့ အဲဒီကဗျာလေးကို ပြန်ဖတ်ရင်း လေးနက်တဲ့ မင်္ဂလာရှိတဲ့ အိမ်လေးတလုံးဆောက်ခြင်စိတ်ဖြစ်လာတာကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ မွန်းမံစီချယ်ထားတဲ့ မင်္ဂလာရှိသောအိမ်တဆောင်ကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနဲ့ အရှင်ဗောဓိ ကိုယ်တော်မြတ် ၂ပါးအား ပူဇော်သောအားဖြင့် ဓမ္မသာလာမှ ထပ်ဆင့်မွန်းမံချယ်သပြီးတင်လိုက် တာဖြစ်ပါတယ်ရှင်။


Add caption
မင်္ဂလာရှိသောအိမ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ပြီးတင်လိုက်တာက ရွှေဂူကျောင်း ပရဟိတအခမဲ့ ပညာရေးကျောင်းအတွက်ရည်ရွယ်ပြီး ပြန်လိုက်တာပါ။ ဂူကျောင်းမှာ၇ှိတဲ့ ကိုရင်လေး(၇၀)အတွက် ပညာရေးထောက်ပံ့မှု ၊ ဆွမ်းကွမ်းထောက်ပံ့မှုက လိုအပ်ပါတယ်ရှင်။ ရွှေဂူကျောင်းဟာ ညောင်ဦးမြို့နယ်မှာ ရှိတဲ့အတွက် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်တွေက မကြာခဏ၀င်ရောက်ပြီး လေ့လာစရာတခုအနေနဲ့ အဲဒီကျောင်းကို ၀င်လာလေ့ရှိပါတယ်။ ဘလော့လေးတင်ပေးထားခြင်းဖြင့် သူတို့လေးတွေအတွက်လည်း အားဖြည့်သလို ကူညီပေးတာဖြစ်ပါတယ်ရျင်။ ဒါကြောင့် ကမ္ဘာ့လှည့်ခရီးသည်တွေထဲက လူမှုရေးကူညီတာကို ၀ါသနာပါတဲ့သူများအတွက် ဒီကိုရင်လေးတွေ အတွက် မေတ္တာအိမ်လေးဆောက်ပေးနိုင်စေတဲ့ စိတ်လေးများနိုးကြွလာဘို့ ရည်ရွယ်ပြီး ဘာသာပြန်ထားခြင်းကို ကျမရဲ့ ဓမ္မသာလာမှာလည်း မှတ်တမ်းတင်ထားခြင်တဲ့အတွက် ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် ကိုရင်လေးတွေကို Gukyaung Monastic Free Education Center (Nyaung Oo) မှာတွေ့မြင်ရမှာပါရျင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts