![]() |
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ ပျဉ်းမနားမြို့ ရွှေနန်းသွင်းစေတီတော်မြတ်ကြီးတွင် ကျင်းပလျက်ရှိသော (၁၇)ကြိမ်မြောက် တရားစခန်းပွဲ (၁၂-၂-၂၀၁၃ မှ ၂၅-၂-၂၀၁၃ အထိ) |
![]() |
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သံဃာတော်များအတွက် အဆုံးအမသြ၀ါဒ |
![]() |
ဆရာတော် အရှင် ဗုဒ္ဓောရသအား သိမ်ဆင်းအထွက် လောင်းလှူနေကြစဉ် |
![]() |
ရွှေနန်းသွင်းကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးခေမာ |
ကျောင်းရောက်တော့ ထူးထူးဆန်းဆန်း ဆရာဦးသန်းဝေကိုတွေ့ရပါတယ်။ နောက်ကျမတို့ မဟာမြိုင်တောကြီးထဲသွားစဉ်က ဦးလေးဦးမြသိန်းရယ် ကိုကျော်အောင်ရယ်ကိုက ကျမကခင်မင်ပြီးသားမို့ သူတို့ အကူအညီနဲ့ သိမ်ဆင်းကိုလည်း ဓါတ်ပုံရိုက်ခဲ့ရပါတယ်။ ဆရာဦးသန်းဝေဟာ လက်လုပ်တောင်မှာ ဆရာတော်ဘုရားကြီး သီတင်းသုံးစဉ်က အနီးကပ်ပြုစုပေးခဲ့တဲ့ ဒကာကြီးဖြစ်ပါတယ်ရှင်။ ကျမတို့ ကဆရာ့အိမ်ရောက်ဖူးပေမဲ့ ဆရာကတော့ ကျမတို့ကိုမမှတ်မိတော့ပါဘူး။ ကျမက ကိုယ့်ကိုကိုယ်မိတ်ဆက်ရပါတယ်ရှင်။ နောက်တော့ ဆရာနဲ့ ဆရာတော်ကြီးခြေရာတော် ထူးခြားကြောင်းတွေပြောမိပါတယ်ရှင်။ ကျမက မယုံကြည်သူတွေ ဝေဖန်ရင် အပြစ်ဖြစ်မှာစိုးတဲ့အတွက် အင်တာနက်ပေါ်မတင်ဖြစ်ကြောင်းပြောမိပါတယ်။ ဆရာကလည်း သူတို့ မိုးမိတ်မပဒါန်းသွားတုံးက ဆရာ့တော့် ခြေရာတွေဓါတ်ပုံရိုက်ကြကြောင်း၊ ကောင်လေးတဦးနှင့် သူဓါတ်ပုံရိုက်ရာ သူတို့က အဆင်းခြေရာများကို ရိုက်ခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံကို ရိုက်နေရာမှ တခုသတိထားမိသည်မှာ သူတို့ ဓါတ်ပုံရိုက်ပြီး လျင် နောက်တွင်ကျန်နေသော ခြေရာများမှာ အလိုလိုပျောက်သွားတာကို သတိထားမိကြောင်း ထူးခြားချက်များကို ပြောပြပါသည်။
![]() |
တရားအားထုတ်နေသူယောဂီများအား တွေ့ရစဉ် |
![]() |
ဆရာတော်ဘုရားကြီး ရွှေနန်းသွင်းလက်လုပ်တောင်တွင် သီတင်းသုံးစဉ် မပြတ်ပြုစုပေးခဲ့သော ဆရာဦးသန်းဝေနှင့် တရားလာထိုင်သော မယ်သီလရင် ဆရာလေး ဒေါ်ပညာသိင်္ဂီ |
ဆရာတော်ဘုရားကြီး၏ စိတ်စွမ်းအားများကား ကြားရလေ။ ကြည်ညိုဘွယ်ကောင်းလေဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် အိမ်မက်ဖြင့်ဖွင့်ပြောသောစကားစာအုပ်တွင်လည်း အလောင်းတော် ကသဖနှင့် ပေါင်လောင် ကသဖတို့အကြောင်း ရေးသားထားပေသည်။ မြတ်စွာဘုရား၏ ပါဒစေတီများ အကြောင်း အတော်များများ၏ အစစ်အမှန်ဖြစ်ကြောင်းကိုလည်း လှစ်ဟပြဆိုထားပေသည်။ အမှန်တကယ်ဆိုလျင် အဘိဥာဉ်ရသော သူတော်စင်များ သံဃာများသည်သာလျင် စိတ်စေညွတ်၍ ၀င်လိုရာဝင် ထွက်လိုရာထွက် ကျောက်တောင်ကြီးများကို ဖေါက်နိုင်သော စေလိုရာစေ ဖြစ်နိုင်ကြပေသည်။
စိတ်စွမ်းအားများသည်လည်း ဘ၀အဆက်ဆက်ပါရမီကိုစုကြရသည်။ ပါရမီသည် အလကားမရနိုင်ပေ။ အခုလုပ်အခုလည်းမရနိုင်သောအရာဟုခံယူမိပါသည်။
ဝေဘူဆရာတော်ဘုရားကြီးဆိုလျင် ဆရာတော်ဘုရားကြီး၏ဆရာတော် ဘ၀ိမလနှင့် ညီအကိုအဖြစ် အိန္ဒိယနိုင်ငံတွင် ဖြစ်ခဲ့ပြီး သာသနာဆုတ်ေ သာ် မြန်မာနိုင်ငံတွင်လူလြာ ဖစ်ကြသည် ကို ရေးထားသည်ကို ထောက်ရှုလျင်လည်း ဘ၀ထိုထိုတို့တွင် ဆုတောင်းသည်လည်း အေ၇းပါသည်ဟု သတိပြုမိလာပါသည်။
ယနေ့တရားစခန်းတွင် ကျမလည်း အချိန်ကမရဖြစ်နေရသလို အားလုံးသောသူတို့သည်လည်း အလုပ်ရှုတ်နေကြပါသည်။ ထိုကြောင့် ကျမသည်လည်း ကျမလျှောက်လိုသော အကြောင်းအရာများ လျှောက်ထားပြီး ပြန်လာခဲ့ပါသည်။ သောကြာ်နေ့တွင် ဆရာတော်ဦးခေမာမှ တရားလာထိုင်လာဟုဆိုရာ ရသမျှ အမြတ်ထုတ်လိုက်ဦးမယ် အမြတ်ထုတ်ကောင်းသောအရာကို အမြတ်ထုတ်သင့်သောအရာ အမြတ်ထုတ်လိုက်ဦးမယ် တကြိမ်ရရ နှစ်ကြိမ်ရရ - ရသမျှ ပါရမီစုဘူးထဲ ထည့်လိုက်ပါဦးမည်ဟု။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး