Friday, February 15, 2013

၂၁၀၆ ဘုရားနှင့် ထူးဆန်းသောပုံတော်များ

မဟာမြိုင်တောကြီးထဲတွင် မတ်လ-၂၀၁၂ သွားရောက်စဉ်က ဆရာတော်ကြီးသီတင်းသုံးနေသော အကျွတ်အလွတ်ကျောင်းတော်ပုံ၊ စိတ်ထဲတွင် ကင်မရာပျက်ပြီလားဟုသံသယဖြစ်သဖြင့် ထပ်ရိုက်ထားသည့်ပုံ(ဒု-ပုံ)

မဟာမြိုင်တောကြီးထဲတွင် မတ်လ-၂၀၁၁ သွားရောက်စဉ်က ဆရာတော်ကြီးသီတင်းသုံးနေသော အကျွတ်အလွတ်ကျောင်းတော်ပုံ၊ ပထမဦးဆုံးရိုက်စဉ် ထွက်ပေါ်လာသော သက်တန့်ရောင်များနှင့် အကျွတ်အလွတ်ကျောင်းတော်ပုံ

ကင်မရာပျက်သည်မဟုတ်မှန်းသိသဖြင့် ထပ်မံရိုက်ထားသည့်ပုံ(တ-ပုံ) အကျွတ်အလွတ်ကျောင်းတော်၊ မဟာမြိုင်တော(မတ်-၂၀၁၂)
ကျမအိမ်က ကွန်ပြူတာထဲတွင် နဂိုကရှိနေသော မပြုပြင်ရသေးသည့် ဆရာတော်ဘုရားကြီး၏ ပုံတော်။ ယနေ့(၁၃.၂.၂၀၁၃)တွင်မှ ပြန်လည်၍ယှဉ်ကြည့်လိုသဖြင့် ကွန်ပြူတာထဲမှ ပြန်ရှာဖွေကာတင်လိုက်ခြင်းဖြစ်ပါသည်။
အပေါ်ပုံအား အတည့်အတိုင်း ထောင်လိုက်သည့်အခြေအနေ






ဘုရားအမှတ် ၂၀၁၆ ပထမဦးဆုံးရိုက်ခဲ့သော ကျမဘုရားဝတ်ပြုနေသည့်ပုံ။ ကန်တော့ပွဲများမှာ ဘုရားပြုပြင်သူ ဘုရားဒကာ၏ အဓိဌာန်ကန်တော့ပွဲများဖြစ်ပါသည်။ ဘုရားဒကာ ဗိုလ်ချုပ်တင်ငွေမှာ (၂)ရက်တိတိ အဓိဌာန်ဝင်သွားသည်ဟု ဘုရားပြုပြင်သူ များက ပြောပြသဖြင့် သာဓုခေါ်မိပါသည်။
ဒုတိယမြောက် နောက်ကျောဖက်မှ သော်သော် (သော်ဇင်အောင်)မှ ရိုက်ကူးပေးသောပုံ။ ၄င်း၏ခြံမှာ ဘုရားဘေးတွင် ရှိပါသည်။
နောက်ဆုံးမှရိုက်သောပုံဖြစ်ပါသည်။ မူလက အပေါ်ဆုံးမှ ဆရာတော်ကြီး ပုံကဲ့သို့ ကန့်လန့်အနေအထားဖြစ်ပြီး၊ ၄င်းကိုပြန်လည်တည့်မတ်ထားခြင်းဖြစ်ပါသည်။

ယခု ဆရာတော်ဘုရားကြီးပုံတော်သည် ဖန်တီးခြင်းလုံးဝမရှိပါဘဲလျက်ကယ်နှင့် ကင်မရာနှင့်ရိုက်ပြီး နာရီဝက်အတွင်း ကွန်ပြူတာထဲသို့ပြောင်းရွေ့ထည့်ရာမှ ပေါ်လာသောပုံဖြစ်ပါသည်။ ထိုဘုရားမှ ဓါတ်ပုံရိုက်ပြီး ကျမသည် နဂါးကျစ်လူအိုရုံ၊ ညောင်ဦးသို့သွားရောက်ပြီ သုတေသနခြံမှ ဘိုးဘွားရိပ်သာ တွင် သွားရောက်နေထိုင်သော ဘတင့်နှင့် အမေပုတို့အား အားပေးစကားပြောကြားခဲ့ပါသည်။ ဘတင့်အပေါ် သံယောဇဉ်ကြီးလှသော အမေပု၊ ဘိုးဘွားရိပ်သာသွားလျင်ပင် သားသမီးများက မကျွေးနိုင်လို့ ယူဆနေသော အစွဲများကြောင့် ကျမအမေပုကို သွားရောက်တရားချခြင်းဖြစ်ပါသည်။ အစွဲအလမ်းကိုလျော့ချရန်နှင့် မိမိအိမ်တွင် နေထိုင်လျင် ယခုကဲ့သို့ တရားနှစ်ကြိမ် ထိုင်ခွင့်ရမည်မဟုတ်ကြောင်း။ တိရစ္ဆာန်ဘ၀သို့ရောက်သော် တော်တော်နှင့် ရုန်းထွက်နိုင်မည်မဟုတ်ကြောင်း၊ သားသမီးအိမ်တွင် မြေးထိမ်းတာနှင့်အချိန်ကုန်သွားနိုင်ကြောင်း အကျိုးအကြောင်းရှင်းပြရာ ဘေးတွင်ရှိသော အဘိုးအိုနှစ်ဦးမှာ ကျမအားခေါင်းတငြိမ့်ငြိမ့်နှင့်ထောက်ခံ နေပါတော့သည်။
ကျမသည် မအားလပ်သဖြင့် သင်တန်းတခုကို ဟော်တယ်တွင် ညောင်ဦးမှ ပြန်ရောက်ပြီး သွားတက်နေရရာ၊ ပို့စ်တင်ခြင်စောဖြင့်သာတင်လိုက်ခြင်းဖြစ်ရပြီး၊ ဆရာတော်ဘုရားကြီး၏ မူလရိုက်ကူးထားသောပုံကိုမရှာဖြစ်ခဲ့ပါ။ ယခုမှသာလျင် နှိုင်းယှဉ်ကြည့်နိုင်ရန် သေချာရှာဖွေ၍ တင်လိုက်ပါသည်ရှင်။
လက်လုပ်တောင်ဆိုသော စကားလုံးများကိုလည်း ပုံပေါ်တွင်မြင်ရမည်ဖြစ်ပြီး ဆွမ်းခံနေသော ပုံတပိုင်းတစ(ဒု-ပုံ)မှာ ပုံ၏ထိပ်တွင် အောက်ပိုင်းပြတ်၍ပေါ်နေသည်ကိုလည်း မြင်ရမည်ဖြစ်ပါသည်။
ကျမသည် ဆရာတော်ဘုရားကြီး၏ ထူးခြားလှသော စိတ်အာရုံတို့အား အကြိမ်ကြိမ်ဦးချကန်တော့မိပါသည်။ ဘယ်လိုဖျက်ဖျက် မပျက်ပါဘူး။ နင်တို့ ရုပ်ဘက်မှာတိုးတက်နေတာ စိတ်ပိုင်းပိုင်တဲ့ သူတွေကို မှီရဲ့လားဟု ကျမတို့လို အိုင်တီသမားများအား ယခုပုံမှ ဖော်ထုတ်ပြသနေပါသည်။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်အား ကျင့်ကြံ၍ ပွင့်ကြကုန်သော ဆရာတော်ကြီးများ၏ မနောပိုင်ပုံကား ဓမ္မစရိယ ဦးဌေးလှိုင်၏ စာအုပ်များတွင်လည်း ဖတ်ရှုထားကြရသည့်အတိုင်း အမှန်တကယ်လက်တွေ့ ပါတကားဟု ရင်သပ်ရှုမော၍ သာဓု အကြိမ်ကြိမ်ခေါ်ဆိုလိုက်မိပါသည်ရှင်။





























0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts