ဆရာတော် ပျဉ်းမနားတွင်ရှိစဉ်က မကြာခဏ ရန်ကုန်မကြွမှီ မီးရထားစီးရန် မဟာမြိုင်တောရမှ ပျဉ်းမနား မြို့ပေါ်သို့ကြွလာလေ့ရှိပါသည်။ ကြွလာလျင်လည်း လေသာကျောင်းတွင် တထောက်နားသည်ကများပါသည်။ လေသာကျောင်းသည်မီးရထားဘူတာနှင့်နီးပြီး ရန်နိုင်ရပ်ကွက်တွင်ရှိပါသည်။
မဟာမြိုင်ဆရာတော် ဦးဇောတိကအားသွားရောက်ဖူးမျှော်လျင် ဆရာတော်သည် ဖူးမျှော်ပြီး ထိုင်နေသည်ကို မကြိုက်ပါ။ သိလိုသောမေးခွန်းများကို မေးလျင်ကြိုက်နှစ်သက်ပါသည်။ သိလိုသည်များကို မေးရန်ခွင့်ပြုလေ့ရှိသည်။
ကျမသည် တခါ မေတ္တာပို့သည်ဆိုသော မေတ္တာသည် ပို့ခံရသောသူထံရောက်ပါသလားဘုရားဟု ခပ်ကပ်သီးကပ်သပ်ဆန်သောမေးခွန်းကို မေးမိပါသည်။ ဆရာတော်သည် မေတ္တာဆိုသည်မှာ မမြင်ရသော လှိုင်းလေးများရှိသည်။ ဥပမာ ရေဒီယိုလွင့်သည် လှိုင်းကိုမြင်ရပါသလား။ မမြင်ရဘဲ ဖမ်းမိတယ်မဟုတ်လားဟု ပြောပါသည်။ စူးစူးစိုက်စိုက်ပို့လျင် ရသည်ဟုလည်းမိန့်ပါသည်။ မေတ္တာဆိုသော လှိုင်းတမျိုးဟုလည်း မိန့်ခဲ့ပါသည်။ ထိုစဉ်က ဆရာတော်က သဘာဝကိုဆန့်ကျင်လျင် ကိုယ်ကပြန်လည်ပေးဆပ်ရသည်ဆိုသော စကားကို ယခင်က ဆရာတော်ဥပမာနှင့်ပြောခဲ့သော်လည်း သိပ်လေးလေးနက်နက် မဖြစ်မိပါ။ အမှန်ကိုဝန်ခံလိုပါသည်။
ဆရာတော်က ဥပမာ- ဆေးလိပ်သောက်သည်။ အရက်သောက်သည် သဘာဝတရားကို မူမမှန်သော အရာများဖြင့် ဆန့်ကျင်သည်။ မမူးသောသဘာဝတရားကို မူးအောင်လုပ်ယူသည်။ ထိုအခါမိမိတို့ဘက်မှ အဆုပ်ရောဂါ၊ ရောဂါပေါင်းစုံ၊ ကင်ဆာစသည်ဖြင့် ပေးဆပ်ရသည်ဟုဆိုမိန့်ခဲ့ပါသည်။ ထိုစဉ်က သိပ်ပြီး သဘောလည်းမပေါက်ခဲ့မိ။ ပေါက်ရလောက်အောင်လည်း အခြေအနေသည်မပေး။
မကြာမတင်က အင်တာနက်သတင်းတွင် မြန်မာနိုင်ငံသည် ကင်ဆာအဖြစ်အများဆုံး တွင် ဒုတိယလိုက်သည်။ စားသောက်ရာတွင် အသုံးပြုသော ဆိုးဆေးများကြောင့်ဟုလည်း 7 days news တွင် အမှတ်တမဲ့ဖတ်မိလိုက်ပါသည်။
ကျမတို့ မိသားစုများတွင်လည်း ကင်ဆာဖြင့် သေဆုံးသည်ကများပါသည်။ ကြီးကြီးရယ် အဖေရယ်က ဆေးလိပ်ကို အသေသောက်သည်။ သူတို့သည် ကင်ဆာနှင့်သာသေကြသည်။
တလောက ကျမအားညောင်ဦးသို့မကြာခဏ အသွားအပြန်ကုန်ကျစရိတ်ခံသော ဒေါ်ခင်မြင့်ကြည်သည် ၀မ်းအကြိမ်(၂၀)တညတည်းတွင် သွားရာ၊ ၄င်းမှာမျော့နေပြီး ဗျာဓိ၏သဘောကို ကောင်းကောင်းနားလည် သွားသည်ဟုဆိုပါသည်။ အကြောင်းရင်းမှာကား ပိုးသတ်ဆေးများဖြန်းထားသော ဂေါ်ဖီထုပ်အား စားမိ၍ဟု ပြောပါသည်။
ဤသည်ကား သဘာဝကိုလွန်ဆန်ခြင်းပေးတည်း။ အန္တရာယ်ကြီးမားသော သဘာဝကိုဆန့်ကျင်မှုပါ။ ပိုးသတ်ဆေးများတွင် ဆေးကျွင်းအာနိသင်ခေါ်သော Residue effect ရှိရာ၊ အသိဥာဏ်အားဖြင့် အားနည်း၍ ဖျန်းသလော သို့တည်းမဟုတ်လောဘကြောင့်ဖျန်းသလော၊ အသုံးပြူသူသာသိပေလိမ့်မည်။
ကျမတို့လွန်ခဲ့သော အနှစ်(၂၅-၃၀)ပတ်ဝန်းကျင်ကတွေ့ခဲ့ရသော ပန်းပွင့်(ပန်းမုန်လာ)တွင် အများဆုံးကျရောက်သော စိန်ကွက်ဖလံဆိုသည့် အစိမ်းရောင်အကောင်လေးများသည် မတွေ့ရသလောက်ပေ။ ပျောက်ခြင်းမလှပျောက်သွားခြင်းကို ကြည့်ခြင်းဖြင့် မည်မျှဆေးသုံးသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ပိုးနဂါး (Army worm) သည်လည်း ပန်းမုန်လာ၊ ဂေါ်ဖီထုပ်တို့တွင် မည်သည့်အခါမှ မကင်းခဲ့။ ယခုအခါတွင် မမြင်ရလောက်အောင် ဟင်းသီးဟင်းရွက်များသည် လှပကြပါသည်။
လူသားချင်းစာနာတရားကင်းကာ လောဘနောက်ကိုသာလိုက်နေသော လူသားဦးရေ ပိုများသောကြောင့် ဆိုးကျိုးများသည် ကမ္ဘာပေါ်တွင် နည်းပေါင်းစုံနှင့်ပေါ်ပေါက်လာပေသည်။ သဘာဝအရ ပိုးကျသည်ကို လိုအပ်သလောက်မျှသာ ဖျန်းသင့်ပါလျက် လိုအပ်သည်ထက်ပိုဖျန်းလာသောအခါ လူတို့၏အသက်အန္တရာယ် အထိပါကျရောက်နိုင်ပါသဖြင့် ထိုလုပ်ငန်းများကို လုပ်ထားသူများ စာနာတရားထားသင့်ရလှပေသည်။ မိမိကိုယ်တိုင်လူမသတ်သော်လည်း လူသတ်လက်နက်တမျိုးကို မိမိသည် သွယ်ဝှက်နေသောနည်းဖြင့် အသုံးချနေသည်နှင့်တူပေသည်။
လူသား၏လောဘသည် ကြောက်မက်ဖွယ်ကောင်းလှပါသည်။ ယခင်ကလည်း CFC သည် နောက်ဆုံး အိုဇုန်းလွှာပေါက်ကွဲ၍ ရာသီဥတုစဖေါက်ပြန်ရမှ ဆိုးကျိုးများစွာနှင့် တကမ္ဘာလုံးရင်ဆိုင်ရပေသည်။ မဆုံးနိုင်သော တီထွင်မှုတို့သည် ကောင်းကျိုးရှိသလို ဆိုးကျိုးများလည်းရှိခဲ့ကြပါသည်။
မိမိက သဘာဝကိုလွန်ဆန်၍ မိမိကပြန်ဆပ်ရသည်မှာ တရားသော်လည်း မိမိက မလွန်ဆန်ပါဘဲ အခြားသူများ၏လောဘကြောင့် မိမိနှင့်တကွ ပတ်ဝန်းကျင်ကိုပါထိခိုက်လာသော ဆိုးကျိုးသည်ကား ကြောက်စရာကောင်းလှပေသည်။
ဆရာတော်ဦးဇောတိကသည် မိမိကြောင့် ပတ်ဝန်းကျင်ကို မထိခိုက်မိစေရန် အမြဲတမ်းဆုံးမလေ့ရှိပါသည်။ ဥပမာ-တခုအားဖြင့် မိသားစုတခုတွင် တစုံတရောက်သည်ဆိုးသွမ်း၏။ ထိုဆိုးသွမ်းမှုသည် တခါတရံ မိမိ၏ မိသားစုတင်မက ပတ်ဝန်းကျင်ကိုပါထိခိုက်လာတတ်ကြသည်။ ထိုသို့သောကိစ္စများကို များစွာသတိပြုပြီး ထိမ်သိမ်းသင့်ကြောင်း သြ၀ါဒပေးခဲ့သည်မှာ ယခုအခါတွင် ဒက်ထိလက်ထိ လူသားများအသက်အထိ ထိခိုက်လာလောက်အောင် မှန်ကန်လာပေသည်။ လောကကြီးက သက်သေပြလျက်ရှိပေသည်။
လောကကြီး သာယာလှပအောင်၊ လောကကြီး ငြိမ်းချမ်းအောင်၊ လောကကြီး အေးချမ်းသာယာအောင် လူသားတိုင်းမှာ တာဝန်ရှိပါသည်။
တရားသည် မတရားသောစိတ်တို့ကိုထိမ်းချုပ်စေနိုင်၏။ မတရားလောဘကိုလည်း ထိမ်းချုပ်စေနိုင်၏။
လောဘနောက်လိုက်သားကောင်းများသည် လူသားအသက်အန္တရာယ်နှင့် မရင်းရစေရန် အထူးသတိပြုသင့် ပါသည်ဟု။
မေတ္တာဖြင့်
Sunday, February 17, 2013
သဘာဝကိုဆန့်ကျင်ရင် ကိုယ်ကလည်းပြန်လည်ပေးဆပ်ရတတ်တယ်နှင့် အစာဆိပ်သင့်ခြင်းများ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
၂၀၁၂ ခုနှစ်၊ မတ်လထဲမှာ မဟာမြိုင်တောကြီးထဲကို ဆရာတော်ဘုရားကြီးဖူးဘို့ သွားရောက်ခဲ့တုံးက နေပြည်တော်က ၀န်ထမ်းတချို့လည်း အဖွဲ့ထဲမှာပါဝင်...
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
မဟာသာဝကများ၏ အဘိညာဉ်တန်ခိုး အဓိဌာန်တိုး၍ ပရိနိဗ္ဗာန်စံဝင်ပုံများနှင့် ဝေဘာရမှ ဝေဘာရသို့(အလောင်းတော်ကဿပအရှင်မြတ်ကြီး) ဘုရားပရိနိဗ္ဗာန်စ...
-
ဆရာတော် ဦးဇောတိကနှင့်ပတ်သက် ၍ ပျဉ်းမနားမြို့မှရှိသော ဆရာတော့် ဝေနေယျဟောင်းများ၏ ပြောဆိုသော အသံကိုလွန်ခဲ့သော (၃)နှစ်က ကြားလိုက်ရသည်။ ဆရ...
-
အဘိဏှသုတ်ပါဠိ နမော တဿ ဘဂ၀ါတော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ ပဉ္စမာနိ ဘိက္ခဝေ ဌာနနိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗာနိ ဣ တ္ထိယာဝါ ပုရိသ၀ါ ဂဟဌေန၀ါ ပဗ္ဗာဇိတေန၀ါ။ ကတမ္မ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး