Monday, February 25, 2013

လက်လုပ်တောင်ရွှေနန်းသွင်းစေတီ တရားစခန်းမှ မှတ်တမ်းဓါတ်ပုံများ(၂၄-၂-၂၀၁၃)


ဓမ္မာရုံကြီးပေါ်မှ သံဃာစင်ပေါ်တွင် မြတ်မြတ်နိုးနိုးပူဇော်ထားသော မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ပုံတော်







အ၀ိဇ္ဇောဒယ ဓမ္မရုံကြီးမှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရှိစဉ်ကတည်းက ဆောက်လုပ်ထားသော ဓမ္မရုံကြီးဖြစ်ပါသည်။ ယခုအခါ ပြန်လည်ပြုပြင်ထားပါသည်။ တရားစခန်းဖွင့်ရခြင်းမှာ ဆရာတော်ဘုရားကြီး၏ ဆန္ဒဖြစ်ပါသည်ဟု ဆရာတော် ဦးဗောဓိမှ မိန့်ပါသည်။

ဗောဓိရိပ်ငြိမ်ဆရာတော် အရှင် က္ကုန္ဒာစရိယအား ဆွမ်းလောင်းရန်စောင့်နေကြသော ပရိတ်သတ်များ

နေ့ဆွမ်းမစားမှီ ဆွမ်းအလှူရှင်တို့အား မေတ္တာပို့သနေသော ယောဂီများ

ဆွမ်းစားဆောင်သို့ကြွရန် တန်းစီစောင့်နေသော အမျိုးသားယောဂီများ

ဓမ္မာရုံအပြည့်တရားလာရောက်နာယူကြသောဓမ္မပရိတ်သတ်များနှင့် ယောဂီများ

ည(၈)နာရီတွင် တရားစခန်းဝင်ယောဂီများနှင့် ကြွရောက်လာကြသော တရားနာပရိသတ်အား တရားချီးမြှင့်နေသည့် ဗုဒ္ဓောရသ အရှင်က္ကျွှုန္ဒာစရိယ (ဦးဗောဓိ)

တရားနာလာရောက်ကြသည့် ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသူကျောင်းသားလေးများ သာသနာ့အာဇာနည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သက်တော်ကိုမငဲ့ သာသနာခရီးအတွက် ခရီးထွက်ခဲ့သော မိုးမိတ် မပဒါန်ဂူခရီးအား ငြိမ်သက်စွာကြည့်ရှုပူဇော်နေကြစဉ်။

မနက်ဖန် တပို့တွဲလပြည့်နေ့မို့  လပြည့်ခါနီးလရောင်နှင့် ပဏာတင့်နေသော ဥပ္ပတ္တသန္တိစေတီတော်မြတ်ကြီးအား လက်လုပ်တောင် တရားစခန်းမှ ဖူးမျှော်ရစဉ်။

ယောဂီတွေ နေ့ဆွမ်းအတွက် ငါးဆုတ်တွေကို တစ်ဦးတည်း ဒိုင်ခံကျော်နေသည့် ဝေယျာဝစ္စအဖွဲ့မှ အမျိုးသမီးတစ်ဦး

ဓမ္မသာလာမှ ဆရာတော်ဘုရားကြီး၏ သြ၀ါဒများကို ဓမ္မရုံထဲတွင် ချိတ်ထားသည်ကို ဖတ်ရှုနေသည့် အမျိုးသားတစ်ဦး





ယောဂီအဖြစ်ဖြစ်တရားအားထုတ်ပြီးနောက် တရားစခန်းသိမ်းပြီး ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား ပူဇော်ကန်တော့နေသော အမေကြီးတဦး၏ ပုံတော်။ အမေကြီးဆုတောင်းအား မပြောဘဲနှင့်သိပါသည် နိဗ္ဗာန်ကို နောင်ဘ၀တွင် ရရ ရောက်ရပါလို့ အရှင်ဘုရားမှလွဲ၍ မရှိနိုင်ပါ။






0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts