Thursday, February 14, 2013

မြန်မာမှုလက်ရာများနှင့် ကျမချစ်သော ကိုရင်လေးများ

ရှေးက သံဃာတော်များ သီတင်းသုံးရာကျောင်း

ခေတ်သစ်လက်ရာဖြင့် လှပသော မနူဟာဘုရင်နှင့်မိဘုရား

ခံစားချက် ပြင်းထန်လှသော မနုဟာဘုရင်၏ စိတ်ခံစားမှု၏ ထွက်ပေါက် လျောင်းတော်မူဘုရား

စိတ်ခံစားမှု၏ ထွက်ပေါက်အဖြစ်တည်ထားသော မနုဟာဘုရား
ကိုဇော် (ပုဂံ)၏ ပန်းချီကား

မြန်မာမှုလက်ရာ ကိုဇော်၏ ပန်းချီကား

ဘုရားဖြစ်စဉ်များကို ရေးဆွဲထားသော ပန်းချီကား

ကျောက်မှုန့်တို့ဖြင့် ပုံဖော်ထားသော ပန်းချီကား

ရောက်တိုင်းမသွားရလျင် မနေနိုင်လောက်အောင် ကျမချစ်ကြည်ညိုရပါသော ကိုရင်လေးများ
ပြောင်းဖူးဖက်ဆေးလိပ်ကို အားရပါးရသောက်နေတဲ့ မြင်ကွင်းကို ခရီးသွားဧည့်သည်များက မှတ်တမ်းတင်ရိုက်နေလို့ ကျမလည်း မှတ်တမ်းတင်ခဲ့တာပါ။

မပြန်ခင် (၁၁.၂.၁၀၁၃)မှာ အပြေးအလွှားသွားကန်တော့ခဲ့ရတဲ့ ဇေတ၀န်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက နာယကဆရာတော် အရှင်အာဒိစ္စ။

တိမ်တွေတလိပ်လိပ်နဲ့ကြားမှာ ညနေ ၅ နာရီမထိုးခင် နန်းမြင့်မျှော်စင်ကို မြင်ရစဉ်

ပုဂံမြို့ရဲ့ ဘိုးဘွားများအတွက် ကျနသေချာဆောက်လုပ်ထားတဲ့ နဂါးကျစ် ဘိုးဘွားရိပ်သာ

ဒါကတော့ ကျမ ဗုဒ္ဓစေတမာန်အတွက် စဥ့်ကွင်းများစုပေးခဲ့စဉ်က ကျမကို အခမဲ့ သူရိုက်ထားတဲ့ စဥ့်ကွင်းများပုံကို အလကားကူးခွင့်ပေးလိုက်တဲ့ ပုဂံက ပန်းချီပညာရှင် ကိုသံချောင်းရဲ့ ကြက်ဥထဲက အကာ၊ အနှစ်များရောပေါင်းရေးဆွဲထားတဲ့ ပန်းချီကားလက်ရာ။

ဘုရားသုံးဆူတွေဟာ အညာဘုရားတွေထဲမှာ ရှားပါးတယ် တွေ့ရခဲပါတယ်။ ရှမ်းပြည်မြောက်ပိုင်းဘက်ကို တက်သွားရင်တော့ သုံးဆူဘုရားတွေအများကြီးတွေ့ရတတ်ပါတယ်။ ဒါကတော့ မင်းနန္ဒသူရွာဘက်အသွားမှာ သမ္ဘူလဘုရားကျော်ရင် ဖူးမြင်ရမဲ့ ဘုရားသုံးဆူဖြစ်ပါတယ်ရှင်။

ညောင်ဦး ဇေတ၀န်ကျောင်းကနေ လှမ်းပြီးဖူးမြင်ရတဲ့ အဘဘိုးမင်းခေါင် နုစဉ်ကာလက တည်ထားတဲ့ ရှင်တစ်ထောင်ဘုရား ညဘက်မြင်ကွင်း။ ပုဂံကိုမှောက်တဲ့ ကြာမှောက် ဓါတ်ဗူးခွံကို စိန်ဖူးလူပ်ထားတဲ့ ဆန်းဆန်းပြားပြားဘုရားလေးတစ်ဆူပါ။

တရုပ်ပြေးမင်းဘုရားအပေါ်ထပ်တက်ဖို့ ပိတ်လိုက်လို့ ဘု၇ားဖူးတွေ မလာကြတော့လို့ ဆိုင်ခန်းတွေလည်း ဗလာဖြစ်သွားတဲ့ မြင်ကွင်းပါ။
တရုပ်ပြေးမင်းဘုရားရဲ့ မုဒ်ပေါက်ဝမှ ရှေးမူ ပန်းချီလက်ရာများ


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts