Friday, December 28, 2012

ထူးထူးခြားခြား အသောက တံခွန်တိုင်နှင့် ဆူးပါသောညောင်ပင်(စလင်းမြို့)

ကုသိနာရာမပြည်တော်အေး ကျောင်းရဲ့ မျက်စောင်းထိုးလောက်မှာရှိနေတဲ့ရွှေမြင်တင်ကျောင်းမုဒ်ဝဖြစ်ပါတယ်။ ဒီကျောင်းမှာ ထူးထူုးခြားခြား မြန်မာနိုင်ငံမှာ မြင်ရခဲ့တဲ့ တံခွန်တိုင်ကို မြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် အိန္ဒိယမှာ အသုံးများတဲ့ အသောက ကျောက်တိုင် (Asoka pillar) ပုံစံမျိုးနဲ့ တံခွန်တိုင်လိုစိုက်ထူထားတာဖြစ်ြပါတယ်။ ကျမက ထူးခြားတဲ့ စိတ်ကူးစိတ်သန်းရယ် အသောက ကျောက်စာတိုင်ဟာ သာသနာတော်မှာ အရေးကြီးတဲ့ သင်္ကေတတခုမို့ နှစ်ခြိုက်မိခဲ့ပါတယ်ရှင်။ အောက်ပုံမှာကြည့်ပါနော်။


ဒီအပင်က ကုသိနာရာမ ရွှေပြည်အေးကျောင်းထဲက ပွင့်ခါစ ဖူးနေတဲ့ အင်ကြင်းပင်အကိုင်းတွေဖြစ်ပါတယ်။

ဒီအပင်ကတော့ ထူးထူးဆန်းဆန်းပါဘဲ။ ညောင်ပင်ဆိုပြီးစိုက်သွားတာပါတဲ့။ ညောင်ရွက်နဲ့တော့ အရွက်အနေအထားက တူသယောင်ယောင်ရှိပါတယ်။ အကိုင်းနဲ့ပင်စည်တွေမှာ ဆူးတွေနဲ့ဖြစ်ပါတယ်။ ကျောင်းကပြောပြချက်အရ ဒါကိုလူကြီးတဦးက နိုင်ငံခြားကနေသယ်လာတာဖြစ်တယ်လို့သိရပါတယ်။ ညောင်မျိုးရင်းဝင်တွေထဲကဖြစ်နိုင်တယ်လို့ထင်ရပေမဲ့ ဆူးပါတာကတော့ စဉ်းစားစရာဖြစ်နေပါတယ်။ အရွက်ကတော့ ညောင်ရွက်နဲ့ခပ်ဆင်ဆင်ပါ။ ဒီအပင်က ရွှေပြည်အေးကျောင်းထဲမှာ စိုက်ထားတဲ့အပင်နော်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts