Saturday, December 29, 2012

နန္ဒာအရှင် ပေပင်ပေါ်မှငါ့ကိုချလော့ဆိုတဲ့ ဈာန်ဖြင့် ပေပင်ပေါ်မှကြွလာသည့်ဘုရား(စလင်း)

ထူးခြားဆန်းကြယ်သော ကျောင်းမီးလောင်ရာတွင် ဈာန်ဖြင့် ပေပင်ပေါ်သို့ကြွသွားသည့် ရတနာမဥ]္ဇူ ဘုရားရှင်၏ ရုပ်ပွားတော်အား သီတင်းသုံးရာ ကျောင်းဆောင်တွင် ဖူးမြင်ရစဉ်။ သူကောင်းဦးအောင်ဆိုသူမှလာရောက်လှူတန်းထားပြီး၊ သီပေါမင်းလက်ထက်တွင် မန်းနေပြည်တော်သို့ပင့်ဆောင်သွားရာမှ သီပေါဘုရင်ပါတော်မူသော် ဆရာတော် ဦးနန္ဒမာလာမှ ကင်းဝန်မင်းကြီးမှတဆင့် ပြန်လည်အလှူခံပင်ဆောင်လာသော ဘုရားဖြစ်ပါသည်။

ဘုရား၏ အံ့ဖွယ်ကိုးပါးကို ရေးသားထားသော ကျောင်းအတွင်းမှ ဘုတ်။ စာများမြင်စေရန်အလို့ဌာ အပိုင်းနှစ်ပိုင်းရိုက်ကူးလာပြီးနောက် ရေဆင်းရောက်မှ ကွန်ပြူတာဖြင့် ပြန်လည်ပြင်ဆင်ဆက်ထားခြင်းဖြစ်ပါသည်။

မာလာရှင်ကျော် ပေပင်ပေါ်မှ ငါ့ကိုချလော့ဟု ဆရာတော် ဦးနန္ဒမာလာအားအိမ်မက်ပေးသဖြင့် ဆရာတော်မှာ ကျီးများဝန်းအာနေရာ ပေပင်ပေါ်မှ ဘုရားဆင်းတုအား ရာဇမတ်ကာ၊ သဲဖြူခင်း၊ ကျကျနန ဆွမ်းများဖြင့် ပြင်ဆင်ပြီး ဒကာ ဒကာမများနှင့်အတူတူ အကြိမ်ကြိမ်ပင့်မှ သူ့အလိုလို ကြွလာသည်ဟု မှတ်တမ်းတင်ထားပါသည်။

ကျောင်းဆောင်တွင် မှတ်တမ်းတင်ပူဇော်ထားသော ဘုရားပုံတော်အား ရိုက်ကုးယူလာပြီး အလင်းအမှောင်များကို ပြန်လည် ချိန်ဆပြီး ရုပ်လုံးပေါ်စေရန် ပြန်လည်ပူဇော်ထားပါသည်။ သမိုင်းစာအုပ်အရ အတွင်းတွင် ပူဇော်ထားသော လက်ဝတ်ရတနာများကို လူများမြင်လျင်လောဘတက်ပြီး ပစ်မှားမိမည်ကိုစိုးသဖြင့် မူလဆရာတော်မှ ရတနာများအပေါ်တွင် သစ်စေး အထပ်ထပ်အုပ်လျက် ရွေှ့အထပ်ထပ်ချထားသည်ဟုသိရပါသည်။

စလင်းမြို့အ၀င်အနားမှ သွားလိုက်လျင် ဆိုင်တန်းများစွာမြင်ရပြီး ဆိုင်တန်းများကြားမှ ရတနာ မဥ]္ဇူဘုရားသီတင်းသုံးရာ ကျောင်းအ၀င်ဝမုဒ်ကိုတွေ့ရစဉ်။ ကားပေါ်မှရိုက်ကူးသဖြင့် ကားမှန်ပါနေပါသည်။

မဥ]္ဇူဘုရားသီတင်းသုံးရာ စံကျာင်း

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts