Friday, December 28, 2012

သိပ္ပံမောင်ဝ၏ အညာဘုရားပွဲထဲမှ ကျောင်းကြီးရယ်အို လက်တန်းရယ်ပြို


စလင်းမြို့နယ် ကုသိနာရာမရှင်ပင်ရွြှေုပည်အေးဘုရားဝန်းနဲ့ အဲဒီအထဲက ရှေးဟောင်းဒုတိယကမ္ဘာစစ်အတွင် ပျက်စီးသွားတဲ့ ကျောင်းအိုကျောင်းပျက်ပုံ

ကျောင်းကြီးရဲ့အတွင်းမှာ အခိုင်အမာရိှနေတဲ့ သံဖရိန်များ ပြူတင်းပေါက်ကြေးခွေများဟာ ခိုင်ခံလျက်ကျန်ရစ်နေပါတယ်။ ဒီကျောင်းကြီးကို ပြန်လည်ပြုပြင်ပြီး ပရိယတ္တိ ပရိပတ္တိအတွက် စာသင်တိုက်ဖြစ်ဖြစ် အကျိုးရှိအောင် အသုံးချဘို့ ပြုပြင်လိုက်ရင် အင်မတန် အဘိုးတန်မဲ့ အဆောက်အဦးတခုပါ။


ကျောင်းကြီးက ခိုင်ခိုင်မာမာ ၊ သိပ္ပံမောင်ဝက အထက်တန်းမြန်မာစကားပြေမှာ တောဘုရားပွဲလို့ေ၇းသားခဲ့ဘူးတဲ့ စလင်းမြို့ရဲ့ ဘုန်းကြီးကျောင်းတွေထဲက နာမည်ကြီးကုသိနာရာမရှင်ပင်ရွြှေုပည်အေးဘုရားထဲ ၀င်လိုက်တဲ့အခါမှာတော့ နှမျောတသစွာ မြင်လိုက်ရတဲ့ မြင်ကွင်းတခုပါဘဲ။ ၀ိုင်းဝန်းပြီး ပြုပြင်မယ်ဆိုရင် ရှေးဟောင်းအုတ်တွေရဲ့ခိုင်မာမှုတွေနဲ့ အကျိုးဖြစ်ထွန်းလာမဲ့ သာသနာ အဆောက်အအုံးတခုဖြစ်လာမည်ထင်ပါတယ်။ ကျမကတော့ တရားထိုင်တဲ့ ဓမ္မရုံတခုအဖြစ် အတွေးထဲ ပုံဖော်လိုက်မိပါတယ်။
ကျောင်းကြီးရဲ့အရှည်ကို ဒီပုံကိုကြည့်ပြီးခန့်မှန်းနိုင်ပါလိမ့်မယ်။ ဘေးအနားက အကိုင်းတွေဖြာနေတာကတော့ ရှားပါတဲ့ အင်ကြင်းပန်းတွေပွင့်ဖို့တာစူနေတဲ့ အင်ကြင်းကိုင်းပါ။


 ဒါကတော့ ခရစ်စမတ်နေ့ 2012 ခုနှစ် 25 ရက်နေ့မှာ ကျမသူငယ်ချင်း ဒေါ်ခင်မြင့်ကြည်က သူ့ကားနဲ့ ပွင့်ဖြူမြို့နယ်က ကျောင်းတော်ရာကိုလိုက်ပို့တဲ့အခါမှာ လမ်းမှာရှိတဲ့ ဘုရားတွေကို ၀င်ဖူးသွားရင်း ခရီးသွားဟန်လွဲမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းကြီးကို ပြန်လည်ပြုပြင်မဲ့ အလှူရှင်တွေများ ပေါ်လာလိုပေါ်လာငြား၊ ကိုယ့်မြို့နယ်က ဒကာဒကာမတွေ အဟောင်းပြင်တာတွေက အသစ်ဆောက်တာတွေထက် တန်ဘိုးရှိပါတယ်ဆိုတာ သိစေလိုတဲ့ စိတ်၊ သာသနာအဆောက်အဦ တခုကို တန်ဘိုးထားတဲ့စိတ်ကြောင့် ဒီပုံတွေရိုက်ဖြစ်ပြီး ပို့စ်တင်လိုက်တာဖြစ်ပါတယ်ရှင်။
မေတ္တာဖြင့်



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts