Saturday, November 24, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဓမ္မစကားများ (ဓမ္မဒါန)

ဒီနေ့ နေ့လည်တနေ့လည်လုံး ဆရာတော်ဘုရားကြီးစာစုတွေကို စီပြီး ဗင်နိုင်းနဲ့ထုတ်ဖို့ ပြန်လုပ်ခဲ့ပါတယ်။ ပထမတစ်ကြိမ်က ကျမရဲ့အတွေ့အကြုံနည်းမှုကြောင့် ၂ ပေခွဲ အကျယ်ကနေ ချဲ့လို့မရဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ပြန်ပြီး အလွှာလိုက်လည်း ပြန်ပြင် အချပ်လိုက်လည်း ပြန်ပြင်ထားပါတယ်။ ဘာကြောင့်ဆို ကျမလက်လုပ်တောင် ဆရာတော်ဘုရားကြီးရဲ့နန်းသွင်းစေတီတော်ကျောင်းမှာ ပထမတချပ်ထုတ်ပြီး သွားလှူထားလိုက်ပါတယ်။ တော်တော်များများလာဖတ်ကြပြီး လိုခြင်ကြတယ်လို့ပြောပါတယ်။ ဘယ်မှာရမလဲလို့ မေးကြပါတယ်တဲ့။ ကျမနေတဲ့အရပ်ကလည်း မြို့နဲ့ဝေးဝေး ဗင်နိုင်းထုတ်တဲ့နေရာမရှိဘူးလေ။ အစက စာရွက်နဲ့ဝေဘို့စီစဉ်ခဲ့ပေမဲ့ ဦးဇင်းက စာရွက်ဆိုဖတ်ပြီး ချောင်ရောက်သွားမယ်ဆိုလို့ ဦးဇင်းအစီအစဉ်အတိုင်း ကျမကနေပြီး ဗင်နိုင်းနဲ့ကျောင်းမှာ သွားချိတ်ထားလိုက်တာဖြစ်ပါတယ်။ ကျမရဲ့ ဘလော့ကိုဖတ်တဲ့စာဖတ်ပရိသတ်တွေ အတွက်လည်း နိုင်ငံခြားမှာဖြစ်ဖြစ် ဗမာပြည်မှာဖြစ်ဖြစ် ဓမ္မဒါနဖြန့်ခြင်တဲ့ သူတွေ ဝေခြင်တဲ့သူေ တွများရှိရင်လည်း ဝေငှလို့ရအောင် တင်ပေးလိုက်တာဖြစ်ပါတယ်။
မူလရည်ရွယ်ချက်က ဦးဇင်း ဦးခေမာက ထပ်ရှိသေးလားလို့မေးလို့ ထပ်လုပ်ထားပြီး ကျောင်းအတွက် ဗင်နိုင်းထုတ်ဖို့ဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ သူတရားတွေကို စီးပွားရေးလုပ်တာ မကြိုက်ဖူးဆိုတာလေးတော့ ပြောလိုက်ပါရစေနော်။ ဘုန်းကြီးကိုရောင်းစားတာလို့မိန့်တတ်တယ်။
တန်ဆောင်မုန်းလပြည့်နေ့အတွက် အမှတ်တရ ဓမ္မဒါနလေးနဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဓမ္မသြ၀ါဒများကို ဓမ္မဒါနဖြန့်လိုက်ပါတယ်ရှင်။ ဆရာတော်ဘုရားကြီးအား ရိုသေမြတ်နိုးလက်ဆယ်ဖြာမိုး ကန်တော့လျက်။

ချစ်ခင်သောမေတ္တာတို့ဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts