ဆရာတော်ဘုရားကြီး၏ သာသနာပြုမဟာခရီးသည်စာအုပ်ကိုရေးသားသော ဗုန္ဓေါရသ အရှင်ဣန္ဒာစရိယ (ဦးဗောဓိ)၊ ဗောဓိရိပ်ငြိမ်တောရ အား ဆရာတော်ဘုရားကြီးမှ အိမ်မက်အတွင်းဟောကြားသောတရားအား ဖော်ပြထားခြင်းဖြစ်ပါသည်။
ခန္တာကိုယ်ကြီးကို သက္ကာယဒိဌိ
ငါစွဲကြီးဖြင့် ခင်မင်မနေကြနဲ့၊ ခင်မင်နေသမျှကာလပတ်လုံး သံသရာမဆုံးတော့ဘူးဗျာ့။ ဒုက္ခလည်း
မဆုံးတော့ဘူးဗျာ့။ အဲဒီသံသရာမဆုံးတာ ၊ ဒုက္ခတုံးကြီး ဖြစ်နေရတာ ငါဆိုတဲ့ ခန္တာကြီးကို
ခင်မင်နေလို့ဗျာ့။ငါစွဲဥပဒါန်ကြီးကိုလည်း ခင်မင်နေလို့တွယ်တာနေလို့ပါဗျာ။ ဒီငါစွဲကြီးက
ပဲ ဘ၀ထဲ၊ ဒုက္ခထဲ၊ သံသရာထဲ တွန်းပို့နေကြတာဗျာ့။ သူများပို့လို့ရောက်တာမဟုတ်ဖူး။ ကိုယ့်ဟာကိုယ်သွား
ကြာတာဗျာ့။ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်များ ထင်နေကြသလား၊ သတိထားကြဗျာ့။
ကိုယ့်ကြောင့်ဖြစ်ရတဲ့ဒုက္ခ၊
ကိုယ့်ကြောင့်ဖြစ်ရတဲ့ သံသရာ၊ ကိုယ့်ဟာကိုယ် လုပ်မှ၊ ကိုယ်ဟာကိုယ်အားထုတ်မှ လွတ် မြောက်မှာဗျာ့။
သူများဆီ၊ ဘုရားဆီသွားတောင်းမနေကြနဲ့ဗျာ့။ တော်ကြာ သူတောင်းစားတွေချည် ဖြစ်ကုန်မယ်ဗျာ့။
ဟင်….ဟင်…. ဟုတ်လား…..
ဟုတ်လား
ဆွမ်းကလေး တစ်ဇွန်းလောက်
လောင်းလှူပြီး တောင်းလိုက်တဲ့ဆုကတော့ မကုန်သေးလို့ ဆယ်မိနစ်လောက်ရပ်ပေးနေရသေးတာဗျာ။
ဒီပရိတ်သတ်ထဲ ပါသလား၊ မပါပါဘူးဗျာ။ ဟိုရန်ကုန်သားတွေ၊ မန္တလေးသားတွေကို ပြောတာဗျာ့။
ဒီအထဲ ရန်ကုန်တို့ မန္တလေးတို့မပါဘူးထင်လို့အတင်းပြောတာ၊ ပါရင်လည်း ဆိတ်ဆိတ်နေကြဦးနော်။
နို့မဟုတ်ရင် သူတောင်းစားမှန်း လူသိကုန်မည်ဗျာ့။
ဒီတော့ သူတောင်းစား မဖြစ်ခြင်ရင်
ကိုယ့်ဟာကိုယ် ဖြစ်အောင်လုပ်၊ ကိုယ်လုပ်လို့ ကိုယ်ချမ်းသာရင် ဘယ်တောင်းစားတော့မှာလည်းဗျာ့။
စပြိး တောင်းစားတည်းက မရှိလို့တောင်းစားတာလေ။ ရှိရင် ဘယ်တောင်းစားရတော့မလဲဗျာ့။ တရားဆိုတာ
တောင်းလို့မရဘူးဗျာ့။ လုပ်ယူရမှာ။ အားထုတ်ယူရမှာဗျာ့။ ဒါကြောင့် ဒကာ ဒကာမတွေ အားထုတ်ကြစမ်းပါဗျာ့။
စမ်းကြည့်ကြပါဗျာ့။ သူမို့လို့ ငါမို့လို့ရတာ မထင်ကြနဲ့။ ကိုယ်လုပ်ကိုယ့်ရမှာသေချာပါတယ်ဗျာ။
သက္ကာယဆိုတဲ့
ခန္တာငါးပါးတို့ကို ငါစွဲ စွဲမနေကြနဲ့။ သတိသမ္ပဇဉ် ဥာဏ်နဲ့ယှဉ်ပြီး နေကြပါ။ သတိကပ်နေကြပါ။
ဥာဏ်ဓာတ်ပါအောင် လုပ်ကြပါ။ သတိသမ္ပဇဉ် ယှဉ်ပါလျှင် သံသရာအမျှင်ပြတ်မည်။
ထိုကြောင့် ငါးအာရုံကို
မခင်ပါနဲ့၊ ငါဆိုတဲ့ ခန္ဓာငါးပါးကိုလည်း မခင်ကြပါနဲ့၊ ငါစွဲကြီးကိုလည်း မခင်ကြပါနဲ့၊
မတွယ်တာကြပါနဲ့၊ စွန့်ပစ်ကြပါတော့။ သတိသမ္ပဇဉ် ဥာဏ်နဲ့ယှဉ်ပြီး နေကြပါဟူ၍ တရားနိဂုံးသတ်ပေး၏။ ပရိသတ်များကလည်း
သာဓုသံမြိုင်သွားတော့၏။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး