မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ တရားခွေများကို မန္တလေးမြို့မှ တရားခွေဖြန့်ချိရေးတစ်ခုမှ ဖြန့်ချိလျက်ရှိပါသည်။ ထိုတရားခွေများတွင် ဓမ္မစက္ကဖောင်ဒေးရှင်းမှ အင်တာနက် တွင်နာမည်ကြီးသော သီဟိုမှ ဒေါက်တာရလာပြီး ခရိယာန်ဘက်သို့ ကူးသွားသည်ဆိုသော အက်စဂန်အောင်၏ အကြောင်းများနှင့် ရှင်းလင်းချက်များကို ဆရာတော်ဘုရားကြီးအခွေအတွင်းတွင် ထည့်သွင်းပြီး ရောင်းချနေသည်ကိုတွေ့ရပါသည်။ အပြင်အဖုံးတွင် ဆရာတော်ဘုရားကြီး၏ ငရုတ်သီးတရားများ စသည့် တရား(၅)ပုဒ်ပါဝင်သော အဖုံးဖြစ်သော်လည်း အထဲတွင် ထိုအခွေများကို ညှပ်ထည့်ထားပါသည်။ ကျမတို့မှာ ဓမ္မဒါနလုပ်ရန် အခွေများဝယ်လိုက်သဖြင့်သိခြင်းဖြစ်ပါသည်။ ကျမ၀ယ်သော ဆိုင်မှာ လမ်းဘေးဆိုင်မဟုတ်ပါ ပျဉ်းမနားတွင် နာမည်ရှိပြီး ကျမနှင့်အင်မတန်မှ ရင်းနှီးသော တေးသံသွင်းလည်းဟုတ် ဒိဂျစ်တယ် ပစ္စည်းများ နာရီများရောင်းချနေသော ဂုဏ်သိက္ခာတခုနှင့် နေသော ဆိုင်မှဖြစ်ပါသည်။ ထိုဆိုင်ရှင်ကိုယ်တိုင်လည်း အလှူအတန်းမပြတ်သလို တရားခွေများလည်း မကြာခဏ ဓမ္မဒါနပြုနေသူဖြစ်ပါသည်။
နာမည်ကြီးသော ဆရာတော်ဘုရားကြီး၏အခွေအဖုံးကို အသုံးပြုပြီး မဟုတ်မမှန်သော အခွေများ ထည့်သွင်းရောင်းချခြင်း မပြုသင့် မပြုအပ်ပါ။ လောဘနောက်သို့လိုက်လျင် ဘာကိုမှ မမြင်တော့ မဆင်ခြင်နိုင်တော့တာလားဟုထင်ပါတော့သည်။
ဆရာတော်ဘုရားကြီးသည်သူ၏တရားခွေများကို စီးပွားရေးလုပ်သည်ကို လုံးဝမကြိုက်ပါဟု ဆရာတော်ဘုရားကြီး ကပ]္ပိယဒေါက်တာ သန်းထွေးအောင်မှ မဟာမြိုင်တွင် ကျမကိုပြောပြဘူးပါသည်။
ဆရာတော်ကြီးက တခါတရံတွင် ဘုန်းကြီးရောင်းစားနေတာဗျဟု ပြောလေ့ရှိပါသည်။
ဆရာတော်ကြီးမိန့်သော မှတ်သားစရာ စကားတခွန်းကို ပြောလိုပါသည်။
စီးပွားရေးသမားဟာလည်း အကွက်နဲ့
နိုင်ငံရေးသမားဟာလည်း အကွက်နဲ့
ဘာသာရေးသမားကသာ အနှစ်နာဟု မိန့်ပါသည်။
ဆရာတော်ဘုရားကြီး၏ အခွေအဖုံးအား ခုတုံးမလုပ်သင့်ပါကြောင်းနှင့် ဆရာတော်ဘုရားကြီးအခွေဟု ဘန်းပြပြီး အထဲတွင် ထေရ၀ါဒကို ကာကွယ်သည်မှန်သော်လည်း အက်စ်ဂန်အောင်၏ ဘ၀သရုပ်များကို တရားမ၀င်အခွေများညှပ်ပြီး အကုသိုလ်တခုမှ ထပ်ပြီး အကုသိုလ်လုပ်ပြီး ညာတာများ မလုပ်သင့် မလုပ်အပ် မလုပ်ထိုက်ဟု ကျမမြင်ပါသည်။
မင်းချစ်သူ၊ ဦးကြည်စိုးထွန်းတို့ စီစဉ်သော မေတ္တာမြိုင်တေးအခွေမှာ ဆရာတော်ကြီး၏ခွင့်ပြုချက်ရယူပြီးမှ သာလျင် တရားဝင်ဖြန့်ချိခြင်းဖြစ်ပါသည်။
Wednesday, September 19, 2012
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီးတရားခွေများဝယ်ယူလျင် သတိပြုရန်များ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
(၂၉-၅-၂၀၁၂) မှ တလုံးထိ တလုံးသိ ဆုံးမစကား (ဆရာတော်ဘုရားကြီး မပဒါန်ဂူ၊ မိုးမိတ်တွင် ဆွမ်းခံသွားရာ ကားပေါ်တွင် နောက်လိုက်ပါ ဒကာများထဲမှ ပုတ...
-
၂၀၁၂ ခုနှစ်၊ မတ်လထဲမှာ မဟာမြိုင်တောကြီးထဲကို ဆရာတော်ဘုရားကြီးဖူးဘို့ သွားရောက်ခဲ့တုံးက နေပြည်တော်က ၀န်ထမ်းတချို့လည်း အဖွဲ့ထဲမှာပါဝင်...
-
ရှင်အဇ္ဇဂေါဏဆရာတော်ဘုရားကြီးကို မြန်မာလူမျိုးတို့မသိသူရှားပါသည်။ မစင်တွင်းသို့ စိတ်တိုတိုနှင့် ဓါတ်လုံးကိုပေါက်ပစ်မှ ဓါတ်လုံးအောင်ပြီး မျ...
-
လွန်ခဲ့တဲ့ (၄)လလောက်ခန့်က ကျမ ဆရာတော်ဘုရားကြီးရေးသားထားတဲ့ ဥလ္လမ္ပတု ဘိက္ခုဘာဝ ကထာကို ဖတ်ပြီးကတည်းက ဒီတရားကို အတော်ကို ကြိုက်နှစ်သက်...
-
ချုံနွယ်များဖြင့် ဖုန်းအုပ်နေသော ဘုရားအမှတ် ၂၀၁၆ အား တူးဖော်အပြီး မြင်ကွင်း နဂါးသုံးကောင်ခေါင်းအား အောက်မှ ထောက်ပံ့ထားသော သူငယ်တော်ရုပ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနောက်က ဦးသောမ(ထားဝယ်) ဘေးက ဦးသန်းလှ(တိံကြား)တို့ ဆွမ်းခံရာနောက် ကောက်ကောက်ပါလျက် အမှန်တော့ ဒီပုံက ဦ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး