Monday, September 3, 2012

တခြားအလုပ်နှင့်တရားအလုပ်လို့မခွဲခြားပဲ တခြားအလုပ်မှာ တရားပါအောင်လုပ်ပါ


ရုပ်နာမ်၏အရိပ်များကို ပုဂိုလ်၊ သတ္တ၀ါ၊ သူ၊ ငါတည်းဟူသော အကောင်ဟုထင်နေကြသည်။
တခြားအလုပ်နှင့်တရားအလုပ်ကို ခွဲခြားမထားပါနှင့်၊ တခြားအလုပ်မှာ တရားပါအောင်လုပ်ပါ
မိမိတို့ နေ့စဉ်လုပ်ကိုင်နေတဲ့ အလုပ်တွေဟာ ဘုရားကြိုက်တဲ့အလုပ်တွေ တကယ်ဟုတ်ရဲ့လားလို့ မိမိကိုယ်ကို မိမိ အထူးသတိပြုစေခြင်တယ်။  ဘုရားမကြိုက်နှစ်သက်တဲ့ လုပ်ငန်းတွေလုပ်နေတဲ့အခါမှာ (အော် ငါက ဒေ၀ဒတ် လမ်းစဉ်ကြီးကို လိုက်နေတယ်လို့) မှတ်လိုက်ပါ။
လောဘ(လိုခြင်မှု)၊ ဒေါသ (စိတ်ဆိုးမှု၊ စိတ်ညစ်မှု) ၊ မောဟ(တွေဝေမှု)ဆိုတဲ့ ကိလေသာတရား(၃)ပါးကို လက်ကိုင်ထားပြီး ဒီတရားတွေသာ တိုးပွားသည်ထက် တိုးပွားအောင်ကြံဆောင် သာယာမိန်းမော သံသရာ ရေယဉ်ကြောမှာ မျောပါနေခြင်းသည် အနေလည်းချောင် သက်လည်းသက်သာတဲ့အစုန်လမ်းဆိုတာကို သဘောပေါက်စေချင်တယ်။
ဒီစိတ်က မဖြစ်နိုင်ဘူးလို့ ထင်ရင် တောင်းလေးတောင်မှ ပေါက်အောင် မဖောက်နိုင်ဘူး။ ဖြစ်နိုင်တယ်ဆိုပြန်လျှင်လည်း ဧရာမတောင်ကြီးတွေတောင် နည်းမျိုးစုံနဲ့ ထွင်းဖောက်နိုင်ပါတယ်။
ခက်ခဲမှုမှန်သမျှတွေဟာ အောင်မြင်မှုရဲ့ လှေကားထစ်တွေပါ။ သူ့ကို နင်းကျော်မသွားရင် အောင်မြင်မှု ပန်းတိုင်ဆီ ဘယ်တော့မှ မရောက်နိုင်ဘူး။ တွေ့ကြုံရသမျှ အရာရာတိုင်းဟာ မိမိအတွက် ပညာယူစရာတွေလို့ သဘောထားပြီး အမြဲတမ်း ပညာရအောင်ယူနေပါ။
…..
စိတ်ချမ်းသာသူ (၂)မျိုး (၂)စား
ဖြစ်ခြင်တာတွေ ဖြစ်ရလို့ စိတ်ချမ်းသာသူနှင့် ဖြစ်ချင်တာတွေ မဖြစ်ရသော်လည်း စိတ်ချမ်းသာစွာ နေနိုင်သူ၊ ဘယ်သူက ဘ၀ကိုတန်ဘိုးရှိရှိနဲ့ နေနိုင်သွားတာလဲ?

အပြစ်နှင့်အနှစ်
သာညာနှင့်ကြည့် အပြစ်တွေ့မည်၊ ပညာနှင့်ကြည့်  အနှစ်တွေ့မည်
အပြစ်ကိုဖယ်  အနှစ်ဆယ်၊ လက်ဝယ် သုခလက်ငင်းရအံ့။
ရွှေစေတီတောရဆရာတော် (အရှင်ဿရိယ)၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts