သူတော်ကောင်းတွေက အများအတွက်လုပ်နေတာ။ ကိုယ်က ကိုယ့် ကိုယ်ကျိုးအတွက် မရှက်မကြောက်။
ကိုယ်ချင်းစာစိတ် တန်းတူထားနိုင်လာရင် ဘယ်သွားသွား စိတ်ချလက်ချရှိလာပြီနော်။ (ဘူးကုန်းရွာသူရွာသားများကို ဟောကြားသောတရားမှ)
ဥတုမီးကတနှစ်ထက်တနှစ်ရှေ့တိုးလာပြီ။ အခုဆောင်းယောင်ယောင်နွေယောင်ယောင်ရှိသေး။ နောက် ဆောင်းနည်းနည်း မိုးနည်းနည်း နွေများများဖြစ်တော့မယ်နော်။ဥတုမှီတဲ့အစာကလည်း အပြင်ကဥတုနဲ့အစာက အပူတိုက်နေပြီ။ ကိုယ်အိမ်မှာရှိတဲ့ ကံနဲ့စိတ်က အေးမှာလား။ သံပုရာသီးက ကြီးရင်ဘယ်လိုတုံး။ သံပုရာသီးပုပ် တွေတော့ဖြစ်တော့မယ်။ ဒီအတိုင်းဆက်သွားရင် ဘ၀တော့ရှိမယ် ချမ်းသာမှုရှိပါ့မလား။
ကိုယ်တယောက်က တရားစောင့်နေ သူများတွေတရားမစောင့်ရင် ကိုယ်တယောက်ထဲခံနိုင်ပါ့မလား။ ကိုယ့်နယ်လေးသာကွက် တရားစောင့်နေ ကျန်တဲ့နယ်က တရားမစောင့်ရင် ပူမှာနော်။ ခံဘို့သာပြင်ထား။ ချမ်းသာအောင်နေတတ်ဖို့လိုပြီ။
အပြင်ကရှာဘို့တော့ ချမ်းသာတာကို မရနိုင်တော့ဘူးထင်တယ်နော်။ ဒီတော့ ဒို့စိတ်ကိုပြုပြင်ကြတော့။ ဗူးသီးတွေဘယ်လောက်အလုပ်ရှုတ်ရှုတ်။ တွေးမယ် ပြောခြင်ပြောမယ် ထလုပ်ခြင်လုပ်မယ်။ အရေးကြီးတာ အတွေးဘဲ။ နှုတ်နဲ့ကိုယ်က စိတ်နောက်လိုက် စိတ်ရဲ့တပည့်။ တွေးပါ ကြိုက်တာတွေး သတိမလွတ်ပါစေနဲ့။ သတိမလွတ်တဲ့အတွေးဟာ ကိုယ့်အကျိုးယုတ်မဲ့အတွေးတွေးမလား။ တဖက်သားကို ကိုယ်ချင်းစာတဲ့စိတ် (မေတ္တာစိတ်) ၀င်လာပါလိမ့်မယ်။ သတိရှိနေရင် စိတ်က ကြိုက်မကြိုက် မဖြစ်တော့ရင် လူတို့စိတ်ဖြစ်လာပြီ အဲဒီအခါ ကိုယ်ချင်းစာစိတ် တန်းတူထားစိတ်ဝင်လာရင် သိပ်ကောင်းသွားပြီ။ ဒါဆိုသရက်သီးဖြစ်သွားပြီ။
တွေးခြင်တာတွေး တွေးတယ်မှတ်ဗျာ။ တွေးတာကို သတိကပ်ဗျာ။ တွေးတိုင်းသိသိပေးနေရင် လောဘမ၀င်နိုင် တော့ဘူး။ေ လာဘၾကီးရင္အ ရွက္မဲ့တာ။ ေ လာဘမ၀င်ရင် ရှက်စိတ်ဝင်လာပြီ။ မကောင်းတာပြုရမှာ ရှက်လာပြီ။ တွေးတာသိနေရင် ဒေါသလည်းမ၀င်နိုင်တော့ဘူး။ ဒေါသ၀င်ရင် ရှက်ရကောင်းမှန်းမသိတော့ဘူး။ သတိရှိနေရင် ဘုရားမကြိုက်တဲ့အလုပ် သူတော်ကောင်းမနှစ်သက်တဲ့အလုပ် မလုပ်တော့ဘူး။ သူတော်ကောင်းတွေက အများအတွက်လုပ်နေတာ။ ကိုယ်က ကိုယ့်ကိုကျိုးအတွက် မရှက်မကြောက်။
ကြက်ကလေးတကောင်စားလိုက်တယ်။ တနပ်ဖဲလေ။ သူကတဘ၀အသက်သေပေးရတာ။ တရားလားမတရားဘူးလား။ သတိရှိရင် မစားဖြစ်ဖူး။ ကြက်စွဲစွဲလို့ ကြက်စားရင် ကိုယ်ကကော ကြက်ဖြစ်တော့ တဘ၀စာပြန်ဆပ်ရမယ်မဟုတ်လား။ သတိရှိမှ ဖြစ်လာတာနော်။ ကိုယ်ချင်းစာစိတ် တန်းတူထားနိုင်လာရင် ဘယ်သွားသွား စိတ်ချလက်ချရှိလာပြီနော်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး