Friday, August 24, 2012

ဆာမိတရားနာသလို မဖြစ်စေနဲ့


စကားနောက်က တရားကို သဘောပေါက်အောင် မှတ်ထားလိုက်ပါဦး။ ကကြီးဆို ကကြီးနောက်မှာ ခခွေးရှိတယ် အဓိပ္ပါယ်ကိုလည်းနားလည်အောင်လုပ်လိုက်ပါဦး လုပ်ပြီးရင်ဆောင်လိုက်ပါဦးတဲ့။ ဒီသုံးချက်သိရင် ခဏခဏလာစရာမလိုဘူး တချက်တည်းနဲ့ပြီးတယ်။
(ဥပမာ-ရန်ကုန်တွေကဗိုလ်ကျောင်းတက်တဲ့ သူက ဘုန်းကြီးကျောင်းစကားနားမလည်သလိုပေါ့၊ ကုလားစကားနားထောင်သလို နားထောင်လို့ကောင်းတယ် သိလားမေးကြည့် မသိဘူး) ဘုန်းကြီးစကားနားမလည်တာ ရန်ကုန်ရန်ကုန်။
ဆာမိတရားနာသလို။ သူကကုလားဆိုတော့ မသိဘူး။ ဘုန်းကြီးက ဗုဒံ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံ္ဓသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္တာမိ ဆိုတော့ ငါ့နာမည်ထည့်ဟောတယ်ဟေ့ ဆိုပြီး ဘုန်းကြီးကတရားဟောတော့ ငါ့နာမည်ထည့်ဟောသဟေ့ဆိုပြီး လိုက်ပြောသတဲ့။ အဲဒီတော့နောက်ကုလားတယောက်ကလည်း ဘုန်းကြီးဆီသွားသတဲ့ ဘုန်းကြီးက ဗုဒံ္ဓသရဏံ ဆိုပြီးပေးတယ်။ သူ့နာမည်မပါတော့ တပည့်တော်နာမည် မူတူးပါဘုရားလို့ပြောသတဲ့။ ခင်ဗျားတို့လည်း ဒီလိုဖြစ်နေပြီ။ ဟင် ဆာမိတွေလား။

မှတ်ချက်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ သူ့ထံခဏခဏလာတာထက် တရားကို လုပ်တာကို ပိုပြီးနှစ်သက်ပါတယ်။ တခါလာပြီး ဟောတဲ့တရားကိုနာ ကျင့်စေခြင်တဲ့ လွတ်မြောက်စေခြင်တဲ့ ဂရုဏာထားပြီး မိမိရဲ့ အစာအိမ်ဟာ တရားဟောပါများရင် အပူတွေထွက်သလို ပူလာပြီး ချောင်းတဟွတ်ဟွတ်ဆိုးလျက်ကြားမှ ဝေနေယျ ဒကာ ဒကာမများကို ဟောပြောဆုံးမတော်မူပါတယ်။ ဒီစာစုလေးက ဟာသဥပမာလေးနဲ့မို့ တင်ပေးလိုက်တာဖြစ်ပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts