Friday, August 24, 2012

သံဃာဖူးခြင်တာလား ၊ လူဖူးခြင်တာလား၊ သဒ္ဓါ ရှိပြီး ပညာမရှိရင် အုတ်ပုံမှာဆုံးမယ်နော်


Add caption
သံဃာဆိုတာ ဥာဏ်ပြောတာ။ သံဃာဖူးခြင်ရင် ဘုရားခန်းထဲ ဖူးရတာဘဲ။ သံဃာဖူးခြင်တာမဟုတ် လူဖူးခြင်တာ။ ဘုရားကို အကြည်ညိုသန်တဲ့ ပုဂိုလ်ကို ဖူးတာ။ ညခင်းကြတော့ ဘုရားနားမှာနီးနေပြီး ငါပြောတဲ့အတိုင်းမလုပ်ဖူး။ ရုပ်ခန္တာက သဗေ ညုတ ဥာဏ်။ ဗုဒ္ဓဘာသာက တစ်ဘီးထဲလိမ့်တွေ သဒ္ဓါ အားကောင်းတယ်။ သမာဓိနဲ့ ၀ိရိယ ဗိုလ်တွေ တပည့်မဟုတ်ဖူး။ သမာဓိဗလံ ပညာဗလံဆိုတာလေ။ ဗိုလ်တွေက တစ်ဦးနဲ့တစ်ဦးအမိန့်မနာခံဘူး။  သမာဓိနဲ့ ၀ိရိယက တည်သလောက်ပျက်မှာနော်။
သဒ`္ဓါက ယုံတတ်တဲ့အမျိုး။ ပညာက စပ်စုတဲ့အမျိုး ပညာစပ်စုနေတော့ သဒါမ၀င်နိုင်ဘူး။ ဆန့်ကျင်ဘက် တွေနော်။ ဒို့ဗုဒ္ဓဘာသာက ယုံယုံနဲ့ပြီးနေတာ ပညာလိုက်မတက်ဖူး။ ဒါနနဲ့အမွေယူပါ သီလနဲ့အမွေယူပါ။ သမထနဲ့အမွှေယူမလား။ ၀ိပသနာနဲ့အမွေယူမလား ယူပါ။ သဒ္ဒါအားကောင်းသူက ဒါန သီလနဲ့လမ်းဆုံးတယ်။ သူများ ပါးစပ်ဖျားလမ်းဆုံးတယ်။ ကိုယ်ကိုတိုင် လျောက်လေ့လျှောက်ထမရှိဘူး။ စာနဲ့ပြောရင် အာမိသအမွှေလောက်ရမှာ။ ဓမ္မအမွှေက လောကုတ္တရာအမွှေလို့ဆိုတယ်။
ဒါနက လူ့စည်းစိမ်ခံစားဘို့ နတ်စည်းစိမ်ခံစားဘို့။ လူ့အိမ်နတ်အိမ်ဆောက်လိုက်တာ။ လှူတဲ့အခါ ပစ္စည်းကောင်းမကောင်းနဲ့မဆိုင်ဘူး။ စေတနာထက်မထက်နဲ့ဆိုင်တယ်။ သတိဦးစီးတဲ့ဒါနဖြစ်ရင် ပါရမီဒါန ဖြစ်နိုင်တယ်။ ပါရမီအဆင့်တက်ခြင်ရင် သတိပါရတယ်။ သတိက အတွေးကိုတာဝန်ယူတာ။ အတွေးနဲ့ဒို့က အလုပ်လုပ်တယ်။ ဆွမ်းလောင်းမယ် ဆွမ်းမှာစိတ်ရှိခြင်မှရှိတာ။ သြကာသတခုလုံးဘုရားရှိထိရောက်လို့လား။
ဘုရားသားသမီးဖြစ်နေရင် သတိခိုင်ပါ အတွေးမခိုင်ပါနဲ့။ အတွေးကချစ်လာရင် မခံစားဘူးလား။ ခံစားပြီးတင်းတိမ်လား မတင်းတိမ်တော့ ကိလေသာက ၀ က ဘယ်တော့မှ မလွတ်ဖူး။ ၀တ်လည်တာ အဲဒီအတွေးဘဲ။
အမှတ်ခိုင်းတာ ကိုယ့်စိတ်ကိုယ်ပိုင်ခြင်လို့။ ပစ္စုပန်တည့်တည့်ထားပါ။ စိတ်ကလည်း ဖမ်းလို့ရတာမှမဟုတ်တာ။ စိတ်ကို အစိုးရကလည်းမနိုင်ဘူး ဘယ်သူမှမနိုင်ဘူး ဒီတော့ သူသောင်းကျန်းခြင်တိုင်းသောင်းကျန်းနေတာ။ တသက်လုံးလွတ်ပစ်တဲ့စိတ် ခဏလေးနဲ့နိုင်မလား။ သတိနဲ့ယှဉ်တဲ့ ဒါနက ပါရမီတက်နိုင်တယ်နော်။
သဒ္ဓါ ရှိပြီး ပညာမရှိရင် အုတ်ပုံမှာဆုံးမယ်။ မင်းဘိသိတ်ခံဘုရားဆိုပါစို့ ဒို့က ဘုရားအတွင်းက ဓါတ်တော် မွှေတော်တွေကိုစိတ်ကရောက်သလား။ မရောက်ဖူးနော်။ သဒါရှိပြီးပညာမရှိတဲ့သူက အုတ်ပုံမှာဆုံးသတဲ့ ပညာရှိပြီး သဒ္ဓါ မရှိသူကလည်း အုတ်ပုံမှာဆုံးသတဲ့ဘုရား။
ပညာကလည်း လောကီစည်းစိမ်ဘာမှမပါဘူး။ ကြိုက်တာလုပ် သတိတင်။ ပညာလိုခြင် သတိအားကိုးပါ။ ရွာထဲလုပ်တဲ့အလုပ်တရားကြီးတည်းဘဲ။ ယုတ်တယ်မရှိဘူး မြတ်တယ်မရှိဘူးဗျ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts