မဟာမြိုင်ဆရာတော် ဦးဇောတိကမှ ရွှေဦးမှင် ဆရာတော်ဘုရားကြီးအား ဖူးမျှော်ကန်တော့စဉ် |
လူ့ဘ၀ဟာ ဒုက္ခများပေမဲ့ မြင့်မြတ်တယ်။ မကောင်းတဲ့ အာရုံတွေမှာ ပျော်မွေ့နေလို့ ဘ၀ဟာ မြင့်မြတ်မှန်း မသိဖြစ်နေတတ်တယ်။ သေတော့ မသေခြင်ဘူး ၊ အချိန်ကိုတော့ ဖြုန်းနေခြင်တယ်။ လောကီဘက်ဆွဲအား ကောင်းတော့ပါသွားတယ်။ အပေါစား ဖျော်ဖြေမှုတွေနဲ့ အချိန်ကို ဖြုန်းနေခြင်ကြတယ်။
ဘ၀ရဲ့ မြင့်မြတ်မှုတန်ဘိုးကို သိတဲ့သူက အကောင်းဆုံးကို အရင်ရွေးလုပ်တယ်။ တရားကို ပိုသိလေလေ၊ သေမဲ့ဟာကိုကြောက်တဲ့စိတ်နည်းသွားတယ်။
သတိရှိနေရင် အိပ်ပျော်နေတဲ့သူက ဘ၀င်စိတ်ကျသလို၊ သေမဲ့သူက စုတိစိတ်ကျသလို။ အိပ်ပျော်နေတဲ့ သူက ခန္တာဟောင်းမှာ ပြန်နိုးပြီး၊ သေတဲ့သူက ခန္တာအသစ်မှာ ပြန်နိုးတာဘဲကွာတယ်။
ရုပ်ပိုင်းဆိုင်ရာတိုးတက်နေလို့ စိတ်ပိုင်းဆိုင်ရာကို ရင့်ကျက်အောင်လုပ်ဖို့ခဲယဉ်းသွားပြီ။
………
ကိုယ့်ကိုကိုယ် ဒုက္ခပေးရင် လောကကြီးကို ဒုက္ခပေးတာဘဲ
လူတယောက်အေးချမ်းနေရင် ပတ်ဝန်းကျင်ကို ပါ အကျိုးပြုအေးချမ်းစေတယ်။ လူတယောက်ဟာ သူ စိတ်မချမ်းသာရင် Complain တက်မယ်။ ပတ်ဝန်းကျင်ကို blame လုပ်မယ်။ ကိုယ့်မှာစိတ်ဆင်းရဲနေရင် သူတပါးကို intensionally, unintensionally ပြဿနာ လုပ်တော့မယ်။
ငါသည်ပင်လောက။ လောကနဲ့ငါဟာ ဆက်စပ်နေတယ်။ ကိုယ့်ဟာကိုယ်စိတ်ချမ်းသာအောင်နေရင် သူတပါးကို စိတ်ချမ်းသာစေတာဘဲ။
(၁၉၉၄ ခုနှစ် အောက်တိုဘာအတွင်း အင်းဝဆောင်တွင် ဟောကြားခဲ့သော မဟာမြိုင်ဦးဇောတိက၏ Mindfulness of communication Dhamma talk tapes မှ ကောက်နှုတ်ဖော်ပြပါသည်။)
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး