Monday, August 27, 2012

မှတ်သားဘွယ်ရာဓမ္မစာစုများ


လောကကြီးမှာ အတုတွေဟာ အစစ်တွေထက်များတယ်။ အတုတွေဟာ သူတို့အတုမှန်းမသိအောင် ဟန်ဆောင်ပြီး အမျိုးမျိုးဖုံးကွယ်ကြပါတယ်။ ဒါတွေကိုသတိနဲ့ရှောင်မှဖြစ်ပါတယ်။ ကျမအလုပ်လုပ်နေတဲ့ နေရာမှာလည်း အထက်ကလို ကြောက်စရာကောင်းတဲ့သူတွေရှိကြပါတယ်။ အဲဒီလိုလူတွေဟာ တရားရိပ်သာမှာ အကြိမ်(၂၀)ရှိပြီ ၀င်ခဲ့တာလို့လည်း သူတို့ကိုယ်သူတို့ပြောပါတယ်။ စကားအရာလည်း အင်မတန်ချိုသာပြီး သူတပါးကျလောက်အောင် ပြောတတ်ကြပါတယ်။ အကွက်လည်း အရမ်းမြင်ပါတယ်။ လူကြီးတွေ အိမ်တွေ ၀င်ထွက်သွားလာပြီး ကိုယ့်ကောင်းကြောင်း သူများမကောင်း ကြောင်းတွေကို နားသွင်းတဲ့သူတွေပေါ့။ ယုံတဲ့သူကြီးတွေကလည်း သူတို့စကားအတိုင်း လက်ခံ သူတပါးကို ဒုက္ခပေးပြီး ပင်စင်ယူကုန်ကြပါပြီ။
ကျမကတော့ ကိုယ့်ကိုကိုယ့် အဲဒီ လူယုတ်မာ(၃)စားထဲမပါအောင် အမြဲ ဂရုစိုက်နေထိုင်ရပါတယ်။ ပုထုဇဉ်ဆို တာ အကြောင်းအရာ အာရုံပေါ်လိုက်ပြီး မှားတတ်ကြလွန်းလို့ပါ။ ဒီလိုလူတွေဟာ သူတို့နဲ့အမျိုးအစားတူ လူစုထဲမှာ သူရဲကောင်းလည်းဖြစ်နေတတ်ကြပါတယ်။
ကျမရွှေစေတီပြောတဲ့စကားလေးကို အမှတ်ရမိပါတယ်။ တရားဆိုတာ ယောဂီရောင် ၀တ်ထားတာ၊ အဖြူရောင်ဝတ်ထားတာနဲ့လဲ မဆိုင်ဘူး။ အကြိမ်ရေ အရေအတွက် အများကြီးထိုင်ခဲ့တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး။ ဘယ်နှစ်နာရီထိုင်နိုင်တယ်ဆိုတာနဲ့လဲ မဆိုင်ဘူးဆိုတဲ့ စကားစုကိုဘာပဲ။
တရားအသိသည် ကိုယ်တိုင်မြင်နိုင်သော အသိဥာဏ်သာဖြစ်ပါတယ်။ တရားမသိလျင် ကောင်းမကောင်း မခွဲခြားနိုင်တဲ့ ပညာရှိမဟုတ်တဲ့ သညာရှိဘဲဖြစ်သွားမှာပါဘဲလို့။
မှတ်သားထိမိလှတဲ့ ဆရာတော်ကြီးရဲ့ တရားစုကိုအတွေ့အကြုံများနဲ့ တင်လိုက်ရပါတယ်ရှင်။
အားလုံးကို လေးစားခင်မင်လျက်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts