ဆရာတော်ဘုရားကြီးသည် ရေဆင်းတွင် မိမိခန္တာကိုယ်ကို သုတေသနပြုလုပ်ကြပါဟူသော တရားအား ဟောပြောသွားလေသည်။ (ထိုအကြောင်းအား ကျမ၏ဘလော့တွင်ရေးသားပြီးဖြစ်ပါသည်)။ ဆရာတော်ကြီးတရားဟောပြီးသော် လက်လုပ်တောင်သို့ကြွသွားလေတော့သည်။ ကျမတို့လည်း လူအုပ်ကြီးများနှင့်အတူ ဘယ်ကားနှင့်ပါသွားမှန်းမသိ ပါသွားကြလေသည်။ ထိုစဉ်ကလက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်နေရာသည်တောဖြစ်ပါသည်။ နေပြည်တော်ဖြစ်သောအခါ ရာဇဌာနီလမ်းဘေး ဥပ္ပါတသန္တိဘုရားကိုကျော်သွားသော် လမ်းဘေးတွင်ပင်တည်ရှိပါသည်။ တောင်ကမူလေးပေါ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဒေါ်ကြိုင်ကြိုင်တို့ ပြန်လည်ပြုပြင်ထားသော ရွှေနန်းသွုင်းစေတီကိုဖူးတွေ့ ရမည်ဖြစ်ပေသည်။ ကျမတို့ရောက်သော် ဆရာတော်ကြီးက ကျောင်းထဲသို့ကြွသွားပြီး ထုံးစံအတိုင်း တံခါးပိတ်လေပြီ။ သို့သော် တာဝန်ရှိသော သာသနာ့ဟိတကာရီအဖွဲ့သည် ၀င်လိုက်ထွက်လိုက်ရှိသလို ကျမ၏ ဆရာသည်လည်း ကျောင်းထဲ ရောက်သွားပါချေတော့သည်။ တော်နေသော် ပြန်ထွက်လာပြီး ရွာထဲမှ လူများကိုခေါ်ကာ အိုးစည် ဒိုးပတ် ၀ါးလခုတ်များအားရသမျှစုဆောင်းခိုင်းခဲ့သည်။ တီးမည့်သူကော တပါတည်းခေါ်ခဲ့ဟုလည်းမှာသည်။ သိပ်မကြာပါ အိုးစည် ဒိုးပတ်အဖွဲ့ရောက်လာပြီး တီးလေ တော့သည်။ ပတ်စာလည်းမပါ။ ပတ်စာလုပ်ဖို့အချိန်မရှိ။ လားဟူတွေကလည်း သူတို့ရှမ်းရိုးရာအိုးစည်တွေ လကွင်းတွေတီး၊ ဒီဘက် ရွာက၀ိုင်းက ဒိုးပတ်ဝိုင်းကလည်း တီး။လူတွေကလည်း ပျားပန်းခတ်မျှ။ ဆူညံပွက်နေပါတော့သည်။ ပျဉ်းမနားအဖွဲ့ကလည်း ဆရာတော်ကြီးကြွလာလို့ပျော်ကြ။ လိုက်ပါလာတဲ့ မြို့နယ်တွေက သူတွေရဲ့ မျက်နှာတွေ က ပင်ပန်းတဲ့ ကြားက ပြုံးလို့။ ညအိမ်ပြန်ရောက်သော် (လက်လုပ်တောင်မှာရှိတဲ့ အစောင့်အရှောက်တွေက ဆရာတော်ကြီးကို ပြန်ကြွလာတဲ့အတွက် ပျော်လွန်းလို့ ဆိုင်းတီးပေးပါလို့ ဆရာတော်ဘုရားကြီးကို မနောမှာ လာလျှောက်လို့ ရွာထဲဆိုင်းရှာခိုင်းလိုက်တာ)ဟု ကျမတို့၏ဆရာက ပြောပြပါသည်။ ထူးဆန်းဆန်းကျယ်လေစွ။ ကျမတို့လိုက်မမှီသော အကြောင်းတွေပါလားဟု လူတွေသာ ကြည်ညိုပျော်ရွှင်ကြသည်မဟုတ် မမြင်ရသော နာမ်လောကသားများ၏ ဆရာတော်ကြီးပြန်ကြွလာလို့ ကျမတို့လိုဘဲ ပျော်ရွှင်နေကြသည်။ ၀မ်းမြောက်ကြသည်။ ကြည်ညိုကြသည်ကား………….။ သူတော်ကောင်းတို့၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကား လူနတ်ဗြဟ္မာ သတ္တ၀ါအစားစားတို့၏ ကြည်ညိုတန်ဘိုးထားလျက်ပါတကား။
Wednesday, July 4, 2012
ထူးခြားသော စိတ်စွမ်းအင်-၁ (ရေဆင်း) နိဂုံး
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး