သားသတ်ရုံတွေမှာ သားသတ်တဲ့အခါ သက်ဆိုင်တဲ့ တိရစ္ဆာန်ဆရာဝန်ထံမှ နေပြီး ထောက်ခံတဲ့ ကဒ်မှာ တံဆိပ်ထုပေးရတယ်။ ဒီသတ်မဲ့သားကောင်ဟာ ကျန်းမာရေးကောင်းကြောင်း ရောဂါကင်းကြောင်း ထောက်ခံချက်နဲ့ တံဆိပ်တုံးကို နှိပ်ပေးလိုက်ရတယ်။ ဒါသားသတ်ခွင့်လက်မှတ်ရသွားတာပေါ့။
သိုးတွေကိုသတ်တဲ့အခါ သူ့ရှေ့မှာ သိုးတွေ တကောင်ပြီးတကောင်သတ်နေတာ မြင်တယ်။ ဒါပေမဲ့ လည်စင်းပြီး ထိုးပေးတယ်နော်။ လည်စင်းခံတယ်။ ခင်ဗျားတို့လည်း အဲဒီလိုဖြစ်နေတာ မဟုတ်လားဗျာ။ ကိုယ့်ရှေ့မှာ ဆွေမျိုးတွေ အဖိုးတွေ အဖွားတွေ မိတ်ဆွေတွေ သေကုန်ကျပြီ။ ခင်ဗျားတို့သိတယ်။ အင်း သူတို့သေတာမြင်ရင် တော့ ဘယ်သူဖြင့် နေလို့ရသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေရှာပြီ။ သနားစရာ။ ဘယ်ဝါဖြင့် ဘယ်လိုသေပြန်ပြီနဲ့။ သံဝေဂတော့ ရတယ်။ ဒါပေမဲ့ မကြောက်ဖူးဗျ။ မကြောက်တော့ သိုးတွေလိုဘဲ ကိုယ့်အလှည့်ရောက်ရင် လည်စင်းပေးမှာ။ ဟုတ်တယ်မဟုတ်လား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး