လောကရှိ သတ္တ၀ါအားလုံးတို့သည် လူဖြစ်က လူ့ကာမတို့ကို ခံစားခွင့်ရရာ ကာမဥစ္စာတို့ကို အလုအယက်ရှာဖွေလျက်ကသာ ရှိကြလေကုန်၏။ ကာမဥစ္စာများများရလေ ကာမစည်းစိမ်များများ ခံစားရလေဖြစ်သဖြင့် ယင်းကာမဥစ္စာကို တစ်ခုရ တစ်စုံရှာ၊ တစ်စုံရက အကုန်ပါ အောင် ရှာနည်းမျိုးစုံတို့ဖြင့် အသက်ငင်သည်အထိလျှင် တွင်တွင်ကြိုးစား၍ နေကြလေကုန်၏။ · လူကျင့်ဝတ် မဖောက်ချိုး၊ ရိုးရိုးနည်းဖြင့်လည်း ရှာကြံလျက် ရှိကြကုန်၏။ · မရသော် အင်္ဂါခြေလက် အပျက်ခံ၍လည်း ရှာကြံလျက် ရှိကြကုန်၏။ · မရက လူ့အကျင့်ဖျက်၊ အသက်ကိုပင် စွန့်လွတ်လျက်က ရှာကြံကြလေကုန်၏။ ထိုကာမဥစ္စာရှာမှီးမူသည်ကား ငါသာလျှင်ကောင်း ငါ့အကြောင်းလှ ငါ့ဘ၀အတွက်ကိုသာ ရည်စူးလျက်က ရှာမှီးနေချက်ချည်းမျှသာတည်း။ သည့်အတူပင်လျှင် နတ်ဖြစ်က နတ်ကာမခံစားခွင့်လှ၇န် နတ်ကာမဥစ္စာတို့ကိုလည်းကောင်း၊ ဗြဟ္မာ့ ဖြစ်က ဗြဟ္မာ့ဘ၀ ကာမဖြစ်သော ဈာနဥစ္စာတို့ကိုလည်းကောင်း၊ ကိုယ်သာလျှင်ကောင်း၊ ကိုယ့်အကြောင်းသာ အရေးပြု ရှာဖွေမှု ပြုကြ လေကုန်၏။ ၀န၀ါသီ ဥေယျ ဓမ္မသာမိထေရ်၏ ရတနာစစ်တမ်း (ပကိဏ္ဏက လေခက္ခန္ဓကထာ) စာမျက်နှာ-၁၄၃ ကဲ ကာမဥစ္စာကိုတော့ ဒီလိုရှာဖွေခဲ့ကြတဲ့ ကျမတို့တွေက တရားဓမ္မကိုကော ရှာဖွေဘို့ တော့ ၊???????့............. ……………………….
Monday, July 23, 2012
ကာမဥစ္စာကို ဘယ်လိုများရှာဖွေကြသလဲ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး