အထီးကျန် သမား အဘိဓါန်မှာ ပျင်းရိတယ် ဆိုတာ မရှိ
သူတောင်းစား အဘိဓါန်မှာ အရှက်အကြောက်ဆိုတာ မရှိ
မိန်းမတို့ အဘိဓါန်မှာ မာယာ ကင်းတယ် ဆိုတာ မရှိ
ယောက်ျားတို့ အဘိဓါန်မှာ တဏှာကင်းတယ် ဆိုတာ မရှိ
အရူးတစ်ယောက် ရဲ့ အဘိဓါန်မှာ မလွတ်လပ်မှု ဆိုတာ မရှိ
ဒဿန ဆရာ ရဲ့ အဘိဓါန်မှာ အတွေးလွန်တယ်ဆိုတာ မရှိ
အနုပညာ သမားရဲ့ အဘိဓါန်မှာ အချစ်အမုန်းဆိုတာ မရှိ
ဒီလို မရှိ မရှိ တာတွေကို ပေါင်းစပ်လိုက်တော့ အရှိ အရှိ ဆိုတာတွေ ဖြစ်လာတယ်
အရှိ အရှိတွေ ဖြစ်လာခဲ့တော့ ရသတွေ မြောက်လာ ပြန်တယ်
ရသတွေ ပါဝင်လာတော့ ခံစားမှုကို အလေးထားလာတယ်
ခံစားမှုကို ဦးစားပေးတော့ ရုပ်ဝတ္ထု ဆန်လာကြတယ်
ရုပ်ဝတ္ထု ဆန်လာကြတော့ တ၇ား ဓမ္မနဲ့ ကင်းကွာလာတယ်
တရားဓမ္မ နဲ့ ကင်းကွာ လာတော့ အသိ စိတ်တွေ ၇ိုင်းကြပြန်တယ်
အသိစိတ်တွေ ရိုင်းပြလာတော့ စရိုက်ဆိုးတွေ မင်းမူလာတယ်
အကျင့်စ၇ိုက်တွေ ပျက်ပြားလာတော့ ဥတုရာသီ ဖောက်ပြန်လာတယ်
ဥတုရာသီ ဖောက်ပြန်လာတော့ ကပ်ဘေးကြီးတွေ ဆိုက်ရောက်လာတယ်
ကပ်ဘေး ကြုံတော့ ကြောက်စိတ်ဝင်တယ် ကြောက်စိတ်ဝင်တော့ အားကိုးရှာတယ်
အားကိုးရှာတော့ ဘုရားကို တွေ့တယ် ဘုရားကိုတွေ့တော့ နားငြီးအောင်ကို တိုင်တည် ပြန်တယ်
လမ်းညွန်ချက် အတိုင်း လိုက်လျှောက်ကြတယ် ကမ္ဘာလောက လှပလာတယ်
ကမ္ဘာလောက လှပလာတော့ အလှအပမှာ ယစ်မူးပြန်တယ် သာယာမှုကိုခုံမင်လာတယ်
ဒီလို ဒီလိုနဲ့ပဲ
ဒီသံသရာ ၀ဲဂယက် ကနေ ရုန်းမထွက်နိုင် ဖြစ်ကြရတယ် တယ်လဲ သနားစရာကောင်းတဲ့ လူဘ၀ပေကိုး.........
ကျွတ်ချိန်တန် ကျွတ်လိမ့်မပေါ့ ဆိုပြီး နေလို့ကလဲ မဖြစ် သြော် ဘယ်တော့များမှ လွတ်မြောက်မယ်ဆိုတာ မသိလေဦးတော့ ဒီသံသရာနွံ့ပင်လယ်ထဲမှာ ရုန်းပေဦးတော့ ရုန်းဦးလော့.............
အာကာဖြိုး(နည်းပညာ)
व्व्व.अकर्फ्योए.com
Wednesday, July 25, 2012
ကပေါက်တိ ကပေါက်ချာ သံစဉ်များ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး