Sunday, July 22, 2012

မေတ္တာကို ဘာခွက်နဲ့ခံမလဲ၊အတွေးနဲ့မွေးလာသော လူသား၊အင်္ဂုလိမာလလက်ညိုးသီသလို

28-4-2012 နေ့တွင် ထိုင်းနိုင်ငံသားနှစ်ဦးအား ဟောကြားသောတရားမှ

မေတ္တာကို ဘာခွက်နဲ့ခံမလဲ၊ လရောင်ကိုခံစားခြင်ရင် အိမ်ထဲကထွက်ဘို့လိုတယ်

ဒို့က ဒီကနေရှုမှတ်နေတာ ဒေါသကင်းတဲ့အတွက် အဲဒါမေတ္တာဘဲကွဲ့။ ဘယ်သူမှ ဘာမှ မဟုတ်ဖူး။ ဒီကနေ ရှုမှတ်နေတာ မေတ္တာပေးတာဘဲကွဲ့။ဘုရားက ဘယ်သူကျန်းမာပါစေ ဘယ်ဝါကျန်းမာပါစေလို့ ဆုတောင်းပေးနေတာမဟုတ်ဖူး သူတော်ကောင်းတွေက မလျောက်ဖဲနဲ့ပေးတဲ့နည်းနဲ့ မတောင်းဘဲနဲ့ပေးတဲ့နည်းနဲ့ပေးနေတယ်။ အဲဒါလထွက်ကြည့်ဘို့ဘဲလိုတယ်။

မေတ္တာက လရောင်လိုဘဲ။ လရောင်ကို ထိုင်းကရော လာအိုရော ကမ္ဘောဒီယားကရော မမြင်ရဘူးလား။ အေး မေတ္တာက အဲဒီလို မလျောက်ဘဲနဲ့ပေးနေတာ။ မေတ္တာကိုလိုခြင်ရင် အိမ်ထဲမှာနေလို့ ဘယ်ရမလဲ။ အိမ်ထဲနေသူမအေးဘူးပေါ့။ လရောင်ကိုခံစားခြင်ရင် အိမ်ပြင်ထွက်ကြည့်ရတယ်။

လထွက်ကြည့်သည်ဆိုသည်မှာ မိမိကိုယ်တိုင်မှလည်း သမထ ဘာဝနာ၊ ၀ိပသနာဘာဝနာများကို အားထုတ် ခြင်းအားဖြင့် သူတော်ကောင်းအစားစားတို့ ပို့သလိုက်သော မေတ္တာများကို ခွက်နှင့်ခံသည့် သဘောကို သက်ရောက်ပါကြောင်း၊ အိမ်ထဲမှ လရောင်ထွက်ကြည့်သည်နှင့်တူကြောင်း၊ မိမိကိုယ်တိုင်က ဘာမှ မလုပ်ဘဲ မေတ္တာကို ခံယူပါသည်ဟု လုပ်လို့မရကြောင်း မြန်မာပရိသတ်အားဟောထားပါသည်။

ကိုယ်နှစ်သက်တဲ့နည်းနဲ့ ကိုယ်မှတ်

ကိုယ်နှစ်သက်တဲ့နည်းနဲ့ကိုယ်မှတ်ဘုရာ၏တိးုင်းမှတ်တာက နှာခေါင်းဘဲ။ လူတယောက်လုံးရဲ့အသက်ဟာ ထွက်သက်ဝင်သက် နှာခေါင်းမှာရှိတယ်။ လူတယောက်လုံးရဲ့အသက်ကိုမှတ်လိုက်ရင် တကိုယ်လုံးအကုန်သိတယ်။ဝင်သက်ထထွက်တာကို စာလို အသက်လို့ဆိုတယ်။ ၀င်တာထွက်တာကို မှတ်လိုက်လို့ရှိရင် တကိုယ်လုံးအကုန်သိတယ်။ စာလို ပင်ကိုယ်ကမဌာန်းလို့ခေါ်တယ်။ ကျန်တဲ့အလုပ်တွေလုပ်ရင်းက နှာခေါင်းကို မှတ်နိုင်ပါ့မလား။ (သိပ်မရပါဘူး)။ မျက်စေ့က ကြည့်စရာရှိရင် မျက်လုံးထိပ်မှာ သတိအထိုင်ချထား။ နားထောင်စရာရှိရင် နားထိပ်မှာ အထိုင်ချထား။ နှာခေါင်းမှာ သတိကိုတင်ထား တသက်လုံးလုပ်သွားလို့ရတယ်။ကိုယ်လုပ်တဲ့နေရာ သတိအထိုင်ချထား။ လုပ်တတ်တဲ့ သူဆိုရင် နှာခေါင်းမှာချလည်းရတယ်မဟုတ်လားဘုရား။ တသက်လုံးလုပ်သွား။

သိယုံလေးသိထားလိုက်တယ်။ ထမင်းစားရင် စားတဲ့အချိန်ကို ၀င်လေထွက်လေကို ရှူရှိုက်မမှတ်ရဘူး။ သိယုံလေးသိထား။ (မလွယ်ဘူးထင်တယ်။ သူကစိတ်မငြိမ်ဘူး သူတရားထိုင်ရင် စိတ်က ဟိုသွားဒီသွား ထိမ်းမရဘူး သမာဓိမ၇ပါဘူးတဲ့ဘုရား။ )

တွေးတတ်တဲ့စိတ်ကတွေးတာဘဲ။ ၀ိပသနာဥာဏ်ဘယ်လောက်တက်တက် အတွေးက တွေးတာဘဲ။စိတ်ကိုမနိုင်ရကောင်းလားလို့လဲ ရန်လုပ်ရဘုး။ လျောလည်းမလျော့နဲ့ မှတ်စရာရှိတာမှတ်သွား။ မှတ်စရာရှိတာမှတ်သွားရင် အတွေးက အလိုလိုလျော့သွားတာဘဲ။

အတွေးနဲ့မွေးလာသော လူသား

လူတိုင်းလူတိုင်းမွေးထဲက အတွေးနဲ့မွေးလာတာ။ စိတ်မြန်တာချည်းဘဲ။ အတွေးနဲ့ အလုပ်လုပ်နေကြတာ။ မှတ်စရာရှိတာကိုမှတ်ရမည်။ ဘုရားဟောတာထဲမှာ သတိကို ပင်တိုင်ထားမယ်။ အတွေးနဲ့ ဘယ်ဘက်အလိုက်များလဲ။ အတွေးဘက်များနေရင် နှာခေါ့င်းကိုလွတ်လိုက်။ ဟိုကပြီးမှာ နှာခေါင်းပြန်မှတ်။ နာတာနဲ့ကြုံလာရင် နာတဲ့ဘက်ကများနေရင် နာတဲ့ဘက်ကိုလိုက်လိုက် နှာခေါင်းကိုလွတ်လိုက်။ နာတဲ့ဘက်က ပြီးသွားရင် နှာခေါင်းပြန်ကိုင်။ အသံတွေကြားလာရင် ကြားတဲ့အသံဘက်က အားကြီးရင် အသံဘက်ကိုလိုက်လိုက် ဟိုက ပြီးရင် မူလနှာခေါင်းကို ပြန်မှတ်လိုကု။ (လွယ်လွယ်ကူကူနားလည်အောင် ဆရာတော်ကြီးက ရှင်းပြပါတယ်တဲ့)

တရားထိုင်တာကို အင်္ဂုလိမာလလက်ညိုးသီသလို သီမှရမယ်

ဟိုရောက်ရင် ရိပ်သာနဲ့လုပ်တာလား။ အိမ်မှာလဲလုပ်သလား။

(ရိပ်သာလည်း လုပ်ပါတယ်။ အိမ်မှာလည်း လုပ်ပါတယ်။ တခါတလေ ၁ ရက် ၃ - ၅- ၁၀ ရက်သွားဖူးပါတယ်တဲ့။)

မရဘူး အနည်းဆုံး (၂)လလုပ်ရမယ်။ (ကြိုးစားပါမယ်တဲ့ဘုရား)

ထိုင်းလည်း အင်္ဂုလိမာလ ကြားဖူးမှာပါ။

အင်္ဂုလိမာလ လက်ညှိုးလေးဖြတ်လိုက် ဖြတ်ပြီးတော့ ဟိုနားထားလိုက် ။ ဒီနားထားလိုက် ။ အခုလည်း တရက်လေးသွားအားထုတ်လိုက် လက်ညိုးလေးလို ဟိုနားကျလိုက် ပျောက်လိုက်ဖြစ်တာမဟုတ်လား။ အဲဒီတော့ လက်ညှိုးတွေမပျောက်အောင် ကြိုးနဲ့ သီရတာမဟုတ်လား။ ဒါမှ တထောင်ပြည့်တာမဟုတ်လား။

(ဥပမာ တအားကောင်းပါတယ်ဘုရား။)

ဒို့က မဟာစည်မှာ ၂ လလောက်နေခဲ့တာ။ (၁၀)ရက်လောက်က ပင်ပင်ပန်းပန်းလုပ်ရတာ။ တသက်လုံးတွေးတဲ့အတွေးကိုး။ ဇွဲရှိရမယ်။ သီးခံရမယ်။ စိတ်လည်းရှည်မှရမယ်။ စိတ်ရှည်ပါများရင် အမှတ်က များလာတယ်။ လမ်းဆုံးအောင်ဆိုတာ (၂) လလောက်လုပ်ရတယ်။

တသက်လုံး သားမယားတွေကို သထာပြီး တရားထိုင်ဘို့ (၂)လလောက်အချိန်ပေးရတာကို မသထာဘူးလား

ဒို့က မဟာစည်မှာ ၂ လလောက်နေခဲ့တာ။ (၁၀)ရက်လောက်က ပင်ပင်ပန်းပန်းလုပ်ရတာ။ တသက်လုံးတွေးတဲ့အတွေးကိုး။ ဇွဲရှိရမယ်။ သီးခံရမယ်။ စိတ်လည်းရှည်မျရမယ်။ စိတ်ရှည်ပါများရင် အမှတ်က များလာတယ်။ လမ်းဆုံးအောင်ဆိုတာ (၂) လလောက်လုပ်ရတယ်။

တသက်လုံးလုံး သားတွေ မယားတွေကို သထာပြီး တရားကို (၂)လလောက်မှ မသထာဘူးလားလို့ မေးကြည့်ပါ။ ထိုင်းမှာ ဘာလုပ်လဲ။ (အင်ဂျင်နီယာပါဘုရား)။ ထိုင်းမှာ (၂)လုပ်ရင် ဘယ်လောက်စားရလဲ။ (ဘယ်လောက်မှမများပါဘူးတဲ့ဘုရား)။ အဲဒါက (၂)လလုပ်လိုက်ရင် တသက်မကဘူး ဟိုဘက်ဘ၀အထိ တာဝန်ယူတယ်နော်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts