မဟာဥပုဒ်မှ
နမောတသ ကဆိုတာဘာလို့ ရှစ်ခိုးတာလဲ။ သိလား။ သရဏဂုဏ်ယူတော့မှာမို့။
ဘုရားပွင့်လာမှ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃာ သရဏံ ဂစ္ဆာမိ ပေါ်လာတာနော်။ အေး ခင်ဗျားတို့ အဲဒါကို ရွတ်ရင် ဘုရားကိုအာရုံပြုရမှာဗျ။ စိတ်တွေဟိုထွက် မထွက်စေနဲ့။ ခင်ဗျားတို့ သရဏဂုံမတည်ဘဲ စိတ်ဟိုထွက် ဒီထွက်ထွက်နေလို့ တကြိမ်မရ တကြိမ်ရအောင်ဆိုပြီး သုံးကြိမ်တိုင်ပေးရတာဗျ။ သံဃာက နမောတသ တိုင်လိုက်ရင် ဘုရားအာရုံပြုပြီးဆိုနော်။ ခင်ဗျားတို့က နမောတသ အပြေးပြိုင်ပွဲ လုပ်နေတာ။ သူ့အရင်ပြီးအောင်ငါ့အရင်ပြီးအောင်။ငါက နောက်ကျနေရင် ရှက်စရာကြီး တစ်ယောက်ထဲ။ နမောတသဆိုရင် ဘုရားအာရုံပြုခိုင်းတာ ဒီအတိုင်းလိုက်မဆိုနဲ့။
သရဏဂုံမခံခင် ပိတ်ပြီးသတိပေးသေးတယ်။ ငါဆိုတော့မယ် ဒီသရဏဂုံကို ငါဆိုသလိုလိုက်ဆိုကြလို့ပြောတာ။ ဒီလိုမပြောလဲဆိုမှာပါ။ သရဏဂုံမှာစိတ်လွတ်ကိုယ်လွတ်ဖြစ်မှာစိုးလို့ သတိပေးတာ။
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ခင်ဗျားတို့က စိတ်ကမတည်ဘူး။ အပြင်ကိုစိတ်ကထွက်ပြေးနေတာ ။ဒါကြောင့် ဒုတိယမိ တတိယမိ သတိထပ်ပေးရတာ။ ကမ္မ၀ါမှာလည်း ဒီလိုဘဲ။ ကမ္မ၀ါကလည်း ပီဦးမှ ထိုင်ကယိုင်းကျမှ။ လူဆိုသလိုမဟုတ်ဖူး။ အပြင်း အပျော့သံနဲ့ဆိုရတာ။ကမ္မ၀ါဖတ်တဲ့ ရဟန်းကလည်း သီလစင်ကြယ် ဦးမှ။ အဲဒါမှ ရဟန်းလောင်းက ရဟန်းဖြစ်တာ။ တကြိမ်ထဲစိတ်မချလို့။ မတည်မှာစိုးလို့ ကမ္မ၀ါကို သုံးကြိမ်ဆိုရတာ။ ခင်ဗျားတို့က (၄)ကြိမ်လောက်မှ တည်မယ်ထင်တာဘဲ။ မှတ်နော် ။ ဒို့ကမိရိုးဖလာတွေများလွန်းလို့။ ဘယ်လောက်သရဏဂုံအရေးကြီးလဲ။
သရဏဂုံနဲ့ သာသနာစတယ်။ သရဏဂုံပျက်ရင် သာသာနာပျက်မယ်။ ယူပြီးပြန်ရင်လဲ (ယူခဲ့ပြီးတဲ့ သရဏဂုံနဲ့ များများပြည့်စုံကြ)။ ဘာဖြစ်လို့တုံး။ သရဏဂုံကို ယူပြီးမသုံးရင် ပေးသူမှာလည်း အပစ်ရှိတယ်ဗျ။ ဒို့ ဥပမာ- စစ်မတိုက်ခြင်တဲ့သူ ကိုလက်နက်ပေးထားရင် လက်နက်ကြီး ဇောက်ထိုးထားပြီး ဟိုတိုင်ချိတ် ဒီတိုင်ချိတ် ချိတ်ထားလို့ လက်နက်ကရန်သူလက်ထဲပါသွားရင် တပ်မှူးအရေးယူခံရတယ်။ (သဘောပေါက်ပါပြီဘုရား)။ ဗောဓိမျိုးတွေ ဘယ်လိုမျိုးတွေလဲ။ အပျင်းဗောဓိ အဖျင်းဗောဓိတွေထင်ပါ့။ ဟုတ်ပါ့။
ရတနာများဆင်တဲ့အခါ မရှိမဲ့ရှိမဲ့နဲ့ ရတနာများကို မိဘများက ခုတ်ပြီးပေးထားရတယ်။ မဆင်ခင် ဒို့ဘယ်လောက်အထိရှာထားတာနော်။ ဟော ခုတ်လာရင်လဲ ဟောတာ ဘယ်လောက်ပေးရတာ မစားမသောက်ဖဲစုထားရတာ။ မပျောက်ပျက်အောင်သိမ်း သတိထားပြီးသိမ်းလို့ပြောတယ်နော်။ မ၀ယ်ခင်ကလည်းပြောတယ်။ ၀ယ်ပြီးလဲပြောလဲ။ သိပ်ပြီးတန်ဘိုးကြီးလွန်းလို့။ ရွှေမို့ ရွေမှာစိန်ပါရင်ပါမှာ။ မြပါရင်ပါမှာ။ အဲဒါကြောင့် မပေးခင်ကလည်းပြောတယ် ပေးပြီးတော့လည်း ပြောတယ်။ ဘာလို့တုန်း။ များများပွားများကြလို့ ပြောတာ။ ဘယ်လောက်အထိပွားမှာလဲ(အနိုင်းမဲ့ပါဘုရား။) အနိုင်းမဲ့ဆိုတော့ ဦးဆန်ကြီးလို။ အနိုင်းမဲ့ဆိုတာတော့ ပါဠိလို အတုလလေ။ ဒို့ကသူ့ကို အတုလမောင်ဆန်ခေါ်တာ။ အနိုင်းမဲ့ ဆိုရင် နင်တို့ အတုလမောင်ဆန်အမျိုးတွေ။အရေးကြီးလွန်းလို့။ ဘာလုပ်လုပ်သရဏဂုံကိုပေးတာ.
သူ့ချည်းမပေးဘူး။ သရဏဂုံချည်းထဲမဟုတ်ဖူး။ သတိနဲ့တွဲပေးတာ။ ဒါကြောင့် သရဏဂုံကြီးတည်းမဟုတ်ဖူး အဲဒီသရဏဂုံဆိုတဲ့ ကျဉ်ဆန်(၃)တောင့်ကို အပ္ပမဒသတိ လက်နက်နဲ့ ပစ်ကွပြောတာ။ ဒီအတိုင်းကြီးကိုင်ထားရမှာလား။ ပစ်ရမှာတဲ့လား။ မြင်ရင်ကော။ ပစ်ရမှာ။ ကြိုက်တာဖြစ်ရင် ဖြစ် ၊ မဖြစ်ရင် မကြိုက်တာ။ ဒါနှစ်ခုမဟုတ်ရင် ဖာသိဖာသာဘဲ။ အဲဒါရန်သူမဟုတ်လား။ အဲဒါဝင်ခွင့်မရအောင် ပစ်ရမှာ။ ကြားတော့ကော။ နံတော့ကော။ ထိတော့တွေ့တော့ကော။ တွေးမိကြံမိတော့ကော။ စားတော့ကော။ စစ်မြေပြင် (၆)ခုမှာ အပ္ပမာသတိနဲ့ပစ်ဖို့ရာလက်နက်ပေးတာ။ ပစ်ပုံပေါ်ပါ့မလား။ သရဏဂုံခံယူတာနဲ့ ကမ္မဌာန်းထိုင်ခိုင်းတာ အတူတူ။ အဲဒါ ကမ္မဌာန်းထိုင်ခိုင်းတာ။ ပထမ အရှင်ဘုရားလေးစားတဲ့အနေနဲ့ နာရီဝက် မဖြစ်မနေထိုင်ပါ့မယ်။ လိုက်စစ်မှာဗျာ။ တော်နေ ဧည့်သည်လာလို့။ ဘာဖြစ်လို့နဲ့လေနဲ့ ပျက်ဦးမှ။
Saturday, July 21, 2012
သရဏဂုံဆိုတဲ့ ကျည်ဆန်(၃)တောင့်ကို အပ္ပမဒသတိ ဆိုတဲ့လက်နက်ထဲထည့်ပြီ့း ကိလေသာကို ပစ်ကြစို့။ (မဟာဥပုဒ်-၁)
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...








0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး