(အပေါ်ပုံဖြင့် ဆရာတော်ဘုရားကြီးများအား ရိုသေစွာ ဦးခိုက်ပူဇော်လိုက်ပါ၏)
ဒုက္ခကိုကျော်လိုသူသည် ဒုက္ခပေါ်ဒုက္ခထပ်၍သတ်ဖြတ်နိုင်မှ ကျော်လွှားလွတ်မြောက်နိုင်၏။
ဒုက္ခ၏အဖိကိုမခံလိုသူသ်လည်း ဒုက္ခကိုဒုက္ခမှန်းသိ၊ ဒုက္ခ၏ပရိယာယ်ကို မျက်ကွယ်ပြုနိုင်မှသာ သက်သာခွင့်ရနိုင်ချေ၏။
လူသားအားလုံးတို့သည် ဒုက္ခကိုကြောက်သည်ကာားမှန်၏။ သို့သော် ဒုက္ခကို မရင်ဆိုင် မသတ်ဖြတ်၊ ကြေအေးခွင့် လာဘ်ဖြင့်လက်သပ်မွေးထားတတ်ကြ၏။ အကျိုးဒုက္ခကို တောက်ခေါက်လျက် အကြောင်းဒုက္ခကို ကားတောက်လျှောက်ပင် ပေါင်းဖက်ထားတတ်ကြ၏။ တစ်ဖက်က ဒုက္ခမပေးလျှင်ပင် မကျေနပ်ခြင်ပြီ။
ဘ၀ဒုက္ခ၏ အကြောင်းခံကား ၀မ်းစာတည်း
ကာမဒုက္ခ၏ အကြောင်းခံကား အာရုံငါးပါးတည်း
ထိုတွင် ဘ၀ဒုက္ခ၏ဆိုးကျိုးဖြစ်သာ ၀မ်းဗိုက်၏ဆာလောင်မှုပြင်းပြလာလျှင် ထိုဝမ်းဗိုက်ဟူသောငယ်နိုင်ကို ကိုင်လျက်က ရသာခြောက်ပါး ချို-ချဉ်-ငန်-စပ်ခါး အစားဆက်ပေးကြရလေရာ ၀မ်းပူကိုကား မေ့၊ အစာကိုသာ အကြိုက်တွေ့စေ၏။ ထိုအစာကြိုက်သမား ကြိုက်စာကိုကား တောက်လျှောက်ရက်ဆက် ဖက်ထားမိပြီးပြီ၊ မကောင်း၍ စားရာမှ စား၍ကောင်းအဖြစ်သို့ ပြောင်းပြန်အလှန်ခံလိုက်ရပြီ။
တဏှာတကာ့ တဏှာများတွင် ရသတဏှာသည် အဆိုးဝါးဆုံးတည်း။
ရသာတဏှာသည်ပင် တဏှာအားလု့းတို့ကို သိမ်းကျုံးပြုပြင် ဖန်တီးရှင်တည်း။
ထို ရသာ၏အထောက်အပံ့ ခိုင်ခန့်စွာ မရရှာသေးသော ကလေးသည် အခြားတဏှာ ဘာကိုမျှမပူဆာတတ်။ ထိုရသာက ကူပံ့ထောက်ပေးသလောက် ကိုယ်ခန္တာက ၀ါးမြိုချေညက်မပေးနိုင်ပြီ ဖြစ်သော သက်ကြီးရွယ်အို သည်လည်း အခြားတဏှာ ဘာကိုမျှမသာယာနုင်။
သွေးဆူအသားတိုးလျက်က ရိုးတွင်းခြင်ဆီဘက် ဆက်၍ ဆက်၍ အးဖြည့်ပေးနိုင်စွမ်း ရှိလာသဖြင့် ထိုရိုးတွင်း ခြင်ဆီတို့သည် ငယ်ထိပ်ထက်သို့တက်၍ ဥဏှောက်အကွက် ကွက်ပြည့် ၀င်ရောက်လေသောအခါ သွေးဆူတိုင်း နှလုံးသွေးလှုပ်ရှားပေးရ၏။ နှလုံးသွေး လှိုင်းကြက်ခွပ်တိုင်းသည်လည်း သသည်ခြေသွေးများ လျှံတက်ကာ အသဲပြင်မှ တစ်ဆင့် တစ်ကိုယ်လုံးရှိ လျှံတက်သောအခါ တစ်ကိုယ်လုံးရှိ မနောအကြည်ဓာတ်၊ ဇောအမှီဓာတ်အားများလည်း နိုးကြားတက်ကြွလာ၏။
(မဟာ ဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရတနတ္တယ ဇောတိနိကထာ။ စာ-၁၅၀-၁၅၁ မှ။ ရတနာစစ်တမ်း။ ပကိဏ္ဏက လေခက္ခန္ဓကထာမှ)
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး