ဒီနေ့ ကျမတရားတပုဒ်နာမိပါတယ်။ ဒီတရားဟောတဲ့ဆရာတော်က ဘာပြောလဲဆိုတော့ အမေတွေ အဖေတွေ သေဆုံးခါနီးရင် အာရုံကောင်းအောင်လို့ သူတို့တွေပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို သေခါနီးတဲ့အခါ ဘေးက နေပြောပေးဘို့ပါ။ ဒီလိုကြားနေတာ အခုမှ မဟုတ်ပါဘူးရှင်။ မကြာခဏ ဘုန်းဘုန်းတွေဟောနေတာကြားခဲ့ နာခဲ့ဘူးပါတယ်နော်။ ဓမ္မမိတ်ဆွေတွေလည်း ဒီလိုအများကြီးကြားခဲ့နာခဲ့ဘူးမှာပါ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ မိဘတွေကို မသေခင်မှာတရားအားထုတ်ဖို့ အတွက် တိုက်တွန်းဘို့ တရားအားထုတ်စေဘို့ သားသမီးတွေကလည်း မိဘတွေအတွက် တရား တနေ့ကို ၅ မိနစ်ဖြစ် ဖြစ်၊ ၁၀ မိနစ်ဖြစ်ဖြစ် ထိုင်ပြီး ပူဇော်ကျေးဇူးဆပ်ဖို့ဟောကြားတာနာခဲ့ရဘူးပါတယ်။ တခါမှာတော့ ဆရာတော် ဘုရားကြီးက အခုလိုဘဲ ဟောပြောပါတယ်။ မိဘတွေကို သေခါနီးမှာ သူတို့ပြုခဲ့တဲ့ ကုသိုလ်တွေကို အဖေဘုရားတည်ခဲ့တာ အာရုံပြု၊ ကျောင်းဆောက်လှူခဲ့တာ အာရုံပြုလို့ဘေးကနေ ပြောပေးရင် ဘာဖြစ်မှာလဲ။ သာဝကများက တညီတညွတ်ဲထဲ အဲဒီမှာ အစောင့်သွားဖြစ်မှာပါဘုရား။
ဟုတ်တယ်။ အဲဒီကို စွဲသွားပြီး စိတ်ကအဲဒီရောက်ပြီး သူလှူခဲ့တာဆိုတာကြီးစွဲသွားရင် အဲဒီမှာ ကျောင်းစောင့် ဘုရားစောင့်တွေသွားဖြစ်နေမယ်လို့ဟောပြောခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ နေ့စဉ်စားသောက်နေတဲ့ သက်ရှိသတ္တ၀ါတွေဖြစ်တဲ့ ကြက် ၀က်ငါး စသည်ကိုတောင် စွဲမှာစိုးလို့ မကြာခဏသတိပေးတရားဟောကြားေ တော်မူပါတယ်။ ကြက်စွဲ ၀က်စွဲ စွဲမယ်နော်။ စွဲရင်ဘယ်သွားမလဲ။ အပါယ်သွားမယ်ဆိုပြီး မကြာခဏကို ထပ်ခါ ထပ်ခါဟောကြားသတိပေးတော်မူပါတယ်။ လူဆိုတာ နေ့စဉ်ပြုနေသမျှဟာ အကျင့် အကျင့်ကနေ ၀ါသနာ၊ ၀ါသနာကနေ အစွဲအလမ်းဖြစ်သွားတာမဟုတ်လားရှင်။ ဒါကြောင့် သေခါနီးလူတွေကို ဘာလှူခဲ့တာ ညာလှူခဲ့တာဆိုတဲ့ အစွဲမျိုးကို ဆွပေးမဲ့အစား ၊ မိဘတွေကို တရားအားထုတ်တတ်တဲ့လေးကို အလေ့အကျင့်ရ အောင်ပြုထားပြီး တရားကိုမှတ်ပါလို့ အစွဲလွတ်ရာကို ဦးတည်ပေးတာက လမ်းကြောင်းအမှန်မဟုတ်ပါလားရှင်။
ဒါကြောင့်ကျမစဉ်းစားစရာလေးများလို့ အမည်တပ်လိုက်ရပါတယ်ရှင်။
Sunday, July 15, 2012
သေခါနီးဘာကိုအာရုံပြုရမလဲ- စဉ်းစားစရာလေးများ(၁)
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး