၁၆-၁-၂၀၁၁ တွင် အေးရိပ်ငြိမ်မိသားစုအားဟောကြားသောတရား(အပိုင်း-၂ နိဂုံး)
(ဆရာတော်ကြီးမေတ္တာခိုလှုံပါတယ်ဘုရား၊
စောင့်ရှောက်ပါဘုရား)
ဒို့ကစားကောင်းခြင်းမစားရ
အိပ်ကောင်းချည်းမအိပ်ရလို့ တံခါးပိတ်ပြီးကိုအိပ်နေရတယ်ဗျာ။ ဒကာကြီးရယ်မရှိ ၊
ဒကာမကြီးမရှိပါဘူး။ ဒို့ ဖူးကြီးမှာနေတုံးက အနောက်နိုင်ငံသံရုံးက သံတွေလာတာပေါ့။ ဗြိတိသျှသံအမတ်
ကတော်က ဗုဒ္ဓဘာသာ သူကမန္တလေးမှာကောင်စစ်ဝန်ဘ၀ထဲက ဗုဒ္ဓဘာသာဖြစ်နေတာ သူကဦးဆောင်ပြီး လာတယ်။
ကမ္ဘာကြီးပူနွေးနေပါပြီဘုရား။ မေတ္တာပွားပေးပါဘုရား လို့လျှောက်တယ်။
မပွားနိုင်ဘူးလို့ ပြောလိုက်တယ်။
ရဟန်းမှာ ငါ့တိုင်းပြည်မရှိရဘူး။ ငါ့လူမျိုးမရှိရဘူး။ ငါ့ဒကာ င့ါဒကာမမရှိစေရဘူး။
အားလုံးအပေါ်ပွားနေရတာ။ အားလုံးဆိုတော့ ဒကာကြီးတို့အကုန်ပါတာပေါ့။ ဘုရားဂုဏ်အာရုံပြု၊
လလိုပေါ့။ လကို ဘယ်သူပိုင်လဲ။ ဒကာကြီးပိုင်လား။ ဒကာမကြီးပိုင်လား။ ဘုရားရှင်နဲ့
သူတော်ကောင်းအစားစားတို့မေတ္တာက လလိုဘဲ။ အမြဲတမ်းပေးနေတယ် လလိုဘဲ။ဒကာကြီးတို့ကမော့ကြည့်ဘို့လိုတယ်။
လရောင်ရှိတဲ့ဘက်တော့ နည်းနည်း ထွက်ဖို့လိုတယ်။ဒကာကြီးများဘက်က အိမ်အောက်ကထွက်ဖို့
အမှောင်ထဲက ထွက်ဖို့လိုအပ်သည်။ ဘာပြောတာလဲ။ သတိပါတဲ့အာရုံရှိလိုက်လို့။ ကိုယ်အိမ်ဦးကဘုရားအာရုံပြုလိုက်ရင်
ဘုရားရော တရားရော သံဃာကော အကုန်ပါသွားတာ။ အဲဒီလိုဆိုရင် ဒကာကြီးတို့ဘာလုပ်လုပ်
ဘုရားအရှိန် ဓမ္မအရှိန် သံဃာ့အရှိန် သူ့ဟာသူနောက်လိုက်နေတာအကုန်ပါသွားတာ။ ဒကာကြီးတို့ရှေ့က
ယုံယုံကြည်ကြည်လုပ်။ ငါ့နောက်မှာ ဘုရားရှိတယ်။ ငါ့နောက်မှာ တရားရှိသည်။ ငါ့နောက်မှ
သံဃာရှိသည်အဲဒါယုံ။ အဲဒါကို မယူဘဲနဲ့ အများအတွက် ဘုရားဖြစ်အောင်လုပ်တာ။ ၂၄ နာရီကို
အချိန်တိုင်း ဘယ်သူချွတ်ရမလဲကြည့်နေတာ။ဘုရားသာ ဘုရားက သူသိပါတယ်။ ဒါကို ဒို့လို ခေါခဲအိပ်တာမဟုတ်ဖူး။စတုတ္ထဈာန်ဝင်စားယုံလေးနားတာ။
၂၄ နာရီ အချိန်တိုင်းနော်။ ၄၅ ၀ါနော်။ သူ့သာဝကဖြစ်တဲ့ ရဟန်းတွေမှာ ဒီပုဂ္ဂိုလ် သူ့သာဝကတွေလို့
သီးခြားချွတ်ချိန်မရှိဘူးတဲ့။ တောထဲနေရတာ။ ဒီလူကျွတ်ထိုက်ပြီ်ဆို ဖြုန်းကနဲလာတာ။
နေကထိုင်ခင်းချိန် မရှိဘူးတဲ့။ ဒါကြောင့်ဘုရားရှေ့မျာ
နေကထိုင်ကိုခင်းခင်းပေးထားရတာတဲ့။ သူ့သာဝကဖြစ်တဲ့ ရဟန်းတွေမှာ သူ့သာဝကတွေလို့ သီးခြားချွတ်ချိန်မရှိဘူးတဲ့။ ကမ္ဘာတသောင်းကဝေနေယျတွေလိုက်ကြည့်နေရတာ။
စာကဆိုတာ။ ကမ္ဘာတစ်သောင်းက ကျွတ်ထိုက်တဲ့ဝေနေယျတွေလိုက်ချွတ်ရတာ။ သူတို့တိုင်းပြည်က
ကိုးကွယ်တဲ့ပုံကို ဖန်ဆင်းပြီးသွားချွတ်ရတာတဲ့။နောက်မို့ရင်
ဘုရားကိုယုံမှာမဟုတ်လို့။ (၄၅) ၀ါလုံးလုံး မနက်(၄)နာရီနားမှ ခဏလေးဘဲ
နားချိန်ရှိပါတယ်။ ပရိနိဗ္ဗာန်စံတာတောင်၊ ကျွတ်ထိုက်သူတွေကျန်ရစ်သေးလို့၊ ဒို့တွေကျန်ရစ်သေးလို့၊
မကျွတ်သေးတဲ့သူတွေကျန်နေသေးလို့ ဓါတ်တော်ထားခဲ့ပါတယ်။ဓါတ်တော်က အဓိဌာန်။ ဆံတော်ထားခဲ့ပါတယ်။ ဒို့သူတော်ကောင်းကြီးများပြောခဲ့တယ်။ ဆံတော်ရှင်ဘုရားတွေ့ရင်
တောင်ဘက်မျက်နှာကလှူစရာလှူပါတောင်းစရာရှိတောင်ဘက်ကတောင်းပါ။ ဆံတော်ရှင်က ဘုရားနဲ့ တွေ့တာနဲ့ အတူတူဘဲ။
သက်ရှိထင်ရှားရှိတုံးကထားခဲ့တာကိုး။ ခန္ဓာထဲပါတယ်။ ဓါတ်တော်က ဓါတ်ကျွင်းလေ။ လင်းလွန်းပင်က ဗောဓိပင်ရဲ့ တောင်ဘက်မျက်နှာက
တောင်းပါလှူပါ။ အဲဒါ သူတော်ကောင်းကြီးတွေ ပုဂ္ဂိုလ်ကြီးတွေပြောတာ၊ပုဂ္ဂိုလ်ကြီးတွေပြောတာလေ၊
ဒို့ယုံကြည်တယ်။ တနင်္ဂနွေဒေါင့်က ထက်လွန်းတဲ့ အတွက် သမာဓိအားကောင်းမှ
ဝင်ပါဆိုတယ်။ ဆံတော်ရှင်တွေထားခဲ့ပါတယ်။ ဆံတော်နဲ့တွေ့ရင်လည်း ဒါဒို့ဘို့ထားခဲ့တယ်
ဒကာကြီးယုံရမယ်ဗျာ။ ဓါတ်တော်တွေဆိုရင်လည်း ဒို့ကို အမွေပေးခဲ့တဲ့ ပစ္စည်း
အဲဒီလောက်အထိယုံရမှာ။ သူကတောင် ပရိနိဗ္ဗာန်စံတာတောင် ဒို့အတွက် ပရဟိတက အဲဒီလောက် အထိလုပ်တာ။
ပရဟိတစိတ်နဲ့။ တစ်သိန်းတန်းပွင့်တဲ့ ဘုရားများက ချွတ်စရာမရှိတဲ့အတွက် သူတို့ခန္ဓာက သူ့အရပ်လောက်ရှိတဲ့ရွှေတုံးကြီးလိုဖြစ်သွားတာတဲ့။
အရပ်(၆)တောင်ရှိ(၆)တောင် အဲဒီအတိုင်း ရွှေတုံးကြီး လိုဖြစ်သွားပြီး ဌာပနာလိုက်ရတယ်။
ဒို့အဖေများကျတော့(မြတ်စွာဘုရားအားဆိုလိုသည်)
ဝေစရာများတော့ ခွဲစိတ်ပြီးကိုထားခဲ့ရတာ။ ဆံကျိုးဟေ့ ပဲနောက်ဟေ့နဲ့။ ဝေရမည့်
ဝေနေယျများတော့ ခွဲစိပ်ပြီးတော့ကို ထားခဲ့တာ။ သက်တော်(၈၀)ဗျ။ (၆)နှစ်ကလည်းကျင့်ရတုံး။
၄၅ နှစ်လေးနဲ့ သူ့ဝေနေယျ အကုန် မချွတ်နိုင်လို့ထားခဲ့တာ။ ဘုရားကျင့်တဲ့အကျင့်အတိုင်း
ကျင့်တဲ့သူတော်ကောင်းအစားစားလည်း ကိုယ်ကျိုးစွန့်နေတာ။ သူဘို့မရှိဘူး။ ဒါလည်းရတနာသုံးပါးလည်း
ဒို့ဘို့ပွင့်နေတာလို့ယုံရမယ်။ အဲဒါ ဒုတိယ သဒ္ဓါ။ တတိယသဒ္ဓါက သူတော်ကောင်းမှန်သမျှယုံရမယ်။
သူတော်ကောင်းမှန်သမျှ သူများတော်ဘို့ ကိုယ်ကောင်းအောင်လုပ်နေတဲ့ ပရဟိတ္တတွေချည်းဘွဲ။
သူတော်ကောင်းမှန်သမျှ- ကိုယ့်ကို ခုတုံးလုပ်ပြီး စီးပွားမရှာဘူး။ ကိုယ့်ကို
ချောက်မတွန်းဘူး။ စတုတ္ထကအရေးကြီးဆုံးက ဒကာကြီးနဲ့ပတ်သက်တယ်။ ကိုယ့်သတ္တိကိုယ်ယုံဘို့။ များသောအားဖြင့်
ကိုယ့်သတ္တိကိုယ်မယုံတာခက်တယ်။ စိတ်တန်ခိုးစိတ်သတ္တိ ယုံ။ ယုံရမယ်။ ယုံရင်ယုံသလောက်
အစွမ်းထက်တယ်။သုံးကြည့်လေ ထက်လေဘဲ။ ဒကာကြီးတို့ ဘက်ကရတနာ ကို
အဲဒီလောက်ယုံဗျ။ ယုံရင် ဗုဒ္ဓဓါတ်ကရှိသေးတယ်။ ကိုယ့်သတ္တိ ကိုယ်ယုံမှ။ ရတနာသုံးပါးလည်းယုံမှ၊
သူတော်ကောင်းလည်းယုံမှ၊ ကိုယ့်သတ္တိလည်းယုံမှ။ ဒကာကြီးများဖက်က ရတနာအပေါ်အဲဒီလောက်ယုံ။
ယုံမှ။ ဓါတုပရိနိဗ္ဗာန်သာစံတာ။ ယုံရင် ခန္ဓာပရိနိဗ္ဗာန်ကရှိသေးတယ်။ သူ့ကိုယ်စား
သာဝကတွေ၊ သူ့ကိုrယ်စား ဓမ္မတွေပေးသွားတာ။ ငါ့နောက်မှာ ရတနာသုံးပါးရှိတယ် ယုံ။ ကောင်းတာသာလုပ်။
ဖြစ်နိုင်တယ်။ မဖြစ်နိုင်တာ မရှိဘူး။ ဒို့ကအဲဒါလောက်လက်ဆောင်ပေးနိုင်တာ။
ကျန်တာတော့ ဒကာကြီးတို့ဖာသာ ဒကာကြီးတို့ ကြိုးစား။
ဒို့မေတ္တာပို့သလိုပေါ့
အဝေယျာ ဟောမိ ပေးမလားလို့စဉ်းစား။ ငါကိုယ်တိုင်ရန်မှ မကင်းသေးဘဲနဲ့ ၊ဒါလည်းမပေးနိုင်ဘူး။
အဗျာဇ္ဇောဟောမိတုဆိုရင် ငါကိုယ်တိုင်စိုးရိမ်ကြောင့်ကျကင်းလားစဉ်းစား။ ဒါလည်းမကင်း နိုင်ဘူး။
အဲဒီတော့မပေးနိုင်ဘူး။ ကိုယ့်မှာရှိမှ ပေးနိုင်တာလေ။ ကိုယ့်မှာမရှိရင်
မပေးနိုင်ဘူး။ ကိုယ့်ဘို့ကိုယ်ချမ်းသာအောင်ဆောင်ရွက်နိုင်မှဆိုတာ
အတွေးမ၀င်နိုင်အောင် ပြောတာ။ ဒို့ကိုနှိပ်စက်တာ အတွေးဘဲ။ အတွေးမ၀င်ရင်
ကိုယ့်ကိုကိုယ်ချမ်းသာတာဘဲ။ ဒုက္ခမှလွတ်မြောက်ကြပါစေ။ ဒို့က ဒုက္ခမှ မလွတ်သေးတာ။
ဒါလည်း မပေးနိုင်ပြန်ဘူး။
ရထားတဲ့ ရာထူး
စည်းစိမ်ကနေ မယုတ်လျော့ကြပါစေနဲ့။ ဒါဒို့လည်းမသေချာတော့ မပေးနိုင်ဘူး။ နောက်ဆုံး ကမ္မသကာ။
သူတော်ကောင်းတွေဘယ်လောက်ဘဲ မြှင့်တင်နေနေ ပို့နေနေ ကိုယ့်ကံကလည်း ရှိသေးတယ်။ ဒို့က
ဒီလောက်ကိုးကွယ်နေပါရက်၊ ဒို့ကဒီလောက်လုပ်ပါရဲ့ ဒို့ကိုဘာလို့မကူညီနိုင်လဲ။ နောက်ကြောင်းကံ
ကလည်း သူလည်းမတတ်နိုင်ဘူး၊ သကြားလည်းဘာမှမတတ်နိုင်ဘူး။
ဝိတဓူကလို ပထမသွားတယ်တယ်။
သုံးကြိမ်ကယ်တယ်။ နောက်ဆုံးငါးတွေလုပ်ထားတဲ့ကံကပါလာတော့ မကူညီနိုင်တော့ဘူး။
ဘုရားက တန်ခိုးတော်အနန္တဘဲ။ ကယ်နိုင်လား။မကယ်နိုင်ဘူးဗျာ။
ရတနာယုံသလို
ကိုယ့်ကံကိုယ်လည်းယုံရမယ်နော်။
(လဘက်ခြောက်ကုမ္ပဏီတခုမှ
ကန်တော့ခြင်း)
ကုမ္ပဏီကောင်းစားဘို့လား
တိုင်းပြည်ကြီးရေနွေးကြမ်းသောက်ဖို့လား။ အများအတွက်လုပ်ရင်း ကိုယ်က အလိုလိုပါတာ။ ဈေးသည်ဆိုင်ပေါ်ကမရောင်းပါနဲ့၊
ဈေးဝယ်နေရာကနေရောင်းစမ်းပါ။ ပိုတောင်ဝင်ငွေ ကောင်းပါလိမ့်မယ်။ သူ့ခမျာ ငါ့ လဘက်ခြောက်
လေးရမှ သောက်ရမှာ။ ဧည့်ခံရမှာ ငါ့လဘက်ခြောက်လေး
ရမှလှူရမှာဆိုပြီး ကူညီပါ။ ဈေးသည်နေရာကနေဆင်းရောင်းတာ။ ဆက်ဆံသူလည်းအေးပါလိမ့်မယ်။
သားနှစ်ယောက်မျက်နှာလောက်ကြည့်ရောင်းတာ ဟုတ်လား။
(၅ ပါး သီလယူခြင်း)(သံဃာ့ဂုဏ်အားရည်မှတ်လှူဒါန်းခြင်း)
ဒကာကြီးတို့ကြားဖူးလားမသိဘူး။
ဦးနေ၀င်းကြီးက တောင်မြို့၊ ရှင်ဇနကဆီသွားလှူတာကိုး လူတွေ အများကြီးနဲ့လာလှူတော့။ မင်းဒါတွေလာလှူမနေနဲ့လှူခြင်ရင်
ငါ့ကျောင်းကသံဃာအတွက် ပဲကြီးလှော် (၅)ပိသာယူခဲ့လို့ဆိုသတဲ့။ဟိုကသံဃာ
၅၀၀-၆၀၀ရှိတော့၊ ဒီမှာကတော့ဦးသုမန (ဒေါက်တာသန်းထွေးအောင်) တပါးတည်းရှိတာ
ပဲကြီးလှော်(၅)ကျပ်သားဆိုလောက်တယ်။ အမှုထမ်းက ဒါနဦးစားမပေးနဲ့ သီလဦးစားပေးပါ။ ဒကာကြီးကူညီနိုင်တဲ့နေရာကနေ
အကူညီလာတောင်းသူကို ကူညီစမ်းပါ။ ဒါတွေက ရုပ်ပြတွေ။ သာသနာတော်ကို
ဘယ်လောက်ကြည်ညိုပါတယ်ဆိုတာသက်သေလာပြတာပါ။ဒါအဓိကမဟုတ်ဖူး စေတနာ အဓိက။ ဒကာကြီးသာသာနာတော်ကိုကြည်ညိုတယ်ဆိုတာသိပြီးသားပါ။
ဒါတွေမလိုပါဘူး။ ရှင်ဇနကဘိဝံသလို၊ သူကသံဃာ
၅၀၀-၆၀၀ ရှိတာကိုး။ ပဲလှော်(၅)ပိသာပေါ့။
ကုမ္ပဏီတော့အလှူမခံပါရစေနဲ့ဗျာ။
ဒို့က ကုမ္ပဏီပစ္စည်းဆိုကြောက်လွန်းလို့ဗျ။ အဲဒါ သူတို့စီးပွားရေးသမား တွေက ဘာလှူလှူ
စီးပွားရေးမျက်စေ့နဲ့လှူတာဗျ။
ဓမ္မရုံထဲက
ဘုရားက
ဘယမုနိ(ဘေးမဲ့တာ)။ မြန်မာ့အသံ နေပြည်တော်အသံတော့ ပြောမနေနဲ့။
နယ်စုံဘုရားဝတ်တက်တဲ့အချိန်တချိန်တော့ပေးတာ။အဲဒီတော့သိသိမသိသိလုပ်ပေးနေတာဗျ။
ကိုယ့်ဘက်က
လည်း ရေဒီယိုဖွင့်ဦးမှ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး