Sunday, October 7, 2012

မှတ်သားဘွယ်ရာ ဓမ္မစာစုများ

ပါရမီဖြည့်ခွင့်ပေးသူများ
မိမိကို အပြစ်မရှိ အပြစ်ရှာနေတဲ့ ပုဂိုလ်တွေနဲ့တွေ့ကြုံရတဲ့အခါမှာ (သာမန်စိတ်ကတော့) ဒီလိုလူမျိုးတွေကို အပြစ်တင်ပြီး ရှောင်ရှားခြင်ပါတယ်။
တကယ်တန်းစမ်းစစ်ကြည့်လျှင် အဲဒီလို ပုဂိုလ်တွေနဲ့တွေ့တဲ့အခါ မိမိရဲ့ သည်းခံမှု၊ ခွင့်လွတ်မှု၊ သဘောထားကြီးမှုတွေ ရှိမရှိသိရပြီး ဘယ်လောက်အတိုင်းအတာထိအောင် လောကဓံခံနိုင်ရည်ရှိသလဲလို့ စမ်းသပ်တဲ့အခါ သဘာဝပါဘဲ၊ အကောင်းမြင်ဝါဒနဲ့ကြည့်လျှင် မိမိအတွက် ခန္တီပါရမီဖြည့်ခွင့် ပေးတဲ့ ကျေးဇူးရှင် တွေပဲလို့တောင် သဘောထားသင့်ပါတယ်။

စိတ်ဓါတ်နဲ့ အသိဥာဏ်ပညာ
သူတပါးရဲ့ ထိခိုက်မှုဒဏ်ကို သဘောထားမှန်မှန်နဲ့ အေးဆေးတည်ငြိမ်စွာခံနိုင်ပြီဆိုလျင် စိတ်ဆင်းရဲစရာ လမ်းမရှိ တော့ပါဘူး။ အသိဥာဏ်ပါပါနဲ့ နှလုံးသွင်းသဘောထားမှန်ရင် ချမ်းသာစရာတွေဘဲတွေ့ရမယ်။ နှလုံးသွင်းမှား သဘောထားမှားလျှင်တော့ အမြဲတမ်းမကျေနပ်စရာ စိတ်ဆင်းရဲစရာတွေဘဲ တွေ့ကြုံနေရပါမယ်။ ဒီနေရာမှာ စိတ်ဓါတ်နဲ့ အသိဥာဏ် အနည်းအများပေါ်မူတည်ပြီး ဆင်းရဲချမ်းသာခြင်းကို ဖြစ်ကြရတာပါ။ တွေ့ကြုံလာတဲ့ အာရုံဝတ္တုပေါ်မူမတည်ပါဘူး။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts