Sunday, October 7, 2012

စရိယဆိုတဲ့ ပရဟိတစိတ်ကိုထားလျင် မြင့်မြတ်တဲ့စိတ်(၁)

၁၆-၁-၂၀၁၁ တွင် အေးရိပ်ငြိမ်မိသားစုအားဟောကြားသောတရား (အပိုင်း-၁)
ဥာဏအင်အားလည်းအရွယ်ပိုင်း(၈၀-၉၀)ဟိုဘက်တယ်မဟုတ်ခြင်ဘူး။ ကာယအင်အားက (၆၀)အတွင်း လောက်ဖဲ တာ့တယ်။ အခုခေတ်သက်တမ်းပြောရင် (၇၅) ကိုး။ (၆၀) လောက်ဆိုရင်သွေးအားဆုတ်ပြီ၊ ဥာဏအားက(၈၀)လောက်အထိရနိုင်သေးတယ်။ ဒကာကြီးများနောက်ကတွေ့ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လက်ရှိရှိတဲ့အတွေ့အကြုံပေါင်းပြီး၊ချိန်ထိုးနိုင်သေးတယ်။ ဒို့ပုသိမ်နေတုံးက ဗိုလ်မှူးကြီးလှမိုး၊ ပင်စင်ယူပြီး တော့တိပိဋိကဆရာတော်ကြီးကိုသွားလျှောက်တယ်။တပည့်တော်တာဝန်ထမ်းပြီးပါပြီဘုရား။ ဆရာတော်ကြီးက ပြောလိုက်တယ်တဲ့ထမ်းပြီးရင်ထပ်ထမ်းဦးလို့ပြောလိုက်သတဲ့။သူကဘာပြောလိုက်မှန်းမသိဘူး။ ငါ့ဘာပြောမှန်း မသိဘူး တာဝန်ထမ်းပြီးပါပြီဆိုတာကိုထပ်ထမ်းဦးဆိုတယ်။ သူက ပင်စင်အပြီးယူလိုက်တော့ ဘာသာရေးဘက် မှာ ဆက်ထမ်းသကိုး။ အဲဒါလျှောက်မှ ဆရာတော်ကြီးက သာဓုခေါ်တယ်တဲ့။
ဥာဏ်အတွေ့အကြုံရှိတော့၊ ကိုယ်က ဥာဏ်နဲ့တတ်နိုင်တော့ဥာဏ်နဲ့ကူညီ။ ကာယအားကောင်းတုံးက ကာယကံနဲ့ကူညီကြရတာကိုး။ ဒကာကြီးတို့ စစ်သည်တော်တွေကြတော့စစ်သည်တော်ကျင့်ဝတ်။ သာသနာတော်ကြတော့ အလောင်းတော် ကျင့်ဝတ်။ စရိယသုံးပါး။ ဘုရားဖြစ်ခြင်သူဖြစ်ဖြစ်၊ ပစ္စကဗုဒ္ဓ ဖြစ်ခြင်သူ၊ အဂ္ဂဖြစ်ဖြစ် မဟာဖြစ်ဖြစ်  ပဂတိဖြစ်ဖြစ်။ဒိုမှာရှိတဲ့စရိုက်က ဓါတ်ကောင်အဖြစ်နဲ့လာတော့ အတ္တညာဉ်ကိုဖြုတ်ဖို့ ဒို့က စရိယ(၃)ပါးနဲ့ လှဲလည်ပေးရမှာဘုရား။စရိယသုံးပါးက ပရယိတလုပ်ငန်းတွေ ချည်းဘဲနော်။ ဘုရားရှင်ကလည်း ပရဟိတလုပ်ငန်းချည်းလုပ်တာ။ဓါတ်ကောင်ရဲ့ဓါတ်စိတ်ကတော့  ဘုရားရှင်ကလည်း လူဖြစ်တုံးသာ စရိယက ရနိုင်တာ။ တိရစ္ဆာန်ဖြစ်တော့ ဓါတ်စာတောင်းသလိုလုပ်ရတာ။ ကောင်း၏ ဆိုး၏ အကျိုးရှိသည် မရှိသည် မသိ။ သူတို့သိတာက သူတို့ခန္ဓာလေးအတွက် ၊ သူတို့ရထားတဲ့ ဘ၀အတွက် ချမ်းသာဘို့ရာဘဲစဉ်းစားတယ်။မြွေကြည့်ပါလား သူ့အကျိုးချည်း သူများအကျိုးမစဉ်းစားဘူး။ သူများအကျိုးဘာမှ မစဉ်းစားဘူး။ကြောင်ကြည့်၊ ကျားကြည့်ပေါ့။ သူတို့က အတ္တညာဉ်နဲ့သွားကြတာ။ ဒို့က လူဖြစ်တုံးလေး ပရဥာဏ်ကိုပြောင်းရမှာ။ဒါမှ ပရဟိတဖြစ်မှာမဟုတ်လား။ နတ်က ဥာဏ်ဒို့ထက်ကောင်းတယ်။ သွေး၊ သည်းခြေ၊ လေ၊ သလိပ် ဒို့လိုမရှိတဲ့အတွက် နတ်ကဒို့ထက်ဥာဏ်ကောင်းတယ်။ သူက ဒို့လိုကျင့်နိုင်တဲ့အားမရှိဘူး။ သူက ဥပဒါရုပ်ဖြစ်တဲ့အတွက် သိပေမဲ့ ဒို့လိုမကျင့်နိုင်ဘူး။ လူကသိလည်းသိတယ် ကျင့်လည်းကျင့်နိုင်တဲ့ရုပ်လည်းရှိတယ်။ ကျင့်ဘို့ဘဲလိုတယ်။ ကျင့်တယ်ဆိုတာ များများမဟုတ်ပါဘူး။ အဲဒီစရိယ(၃)ပါးလုပ်နေရမှာ။ ဒကာကြီးတို့ ရှေ့တန်းတုန်းက သုံးတဲ့ သတိလေးကို ဒီမှာယူသုံးလိုက်ရင်း ပြီးတာဘဲ။ ရုံးထိုင်ရင်လည်းသတိလေးနဲ့လုပ်လိုက်ရင် အတ္တစိတ်ဆိုတာ အတွေးမရှိရင် မ၀င်နိုင်ပါဘူး။ ဘုရားလက်ထက်က ဘုရင်တွေ နန်းထိုင်ရင်းနဲ့ပြီးသွားတာ၊ သူဌေးတွေ သူဌေးအလုပ်လုပ် ရင်းနဲ့ ပြီးသွားတာ။ ဒီအလုပ်ရယ်လို့သီးခြားမရှိဘူးဗျ။
အလောင်းတော်ကြီးများကတော့တလောကလုံးအတွက်သုံးရမှာ၊ ဒကာကြီးတို့ကတော့ ကိုယ့်တိုင်းပြည်လောက် တော်ရောပေါ့။ လောကဟာကိုယ့်တိုင်းပြည်ကလောကဘဲ။ ဥာတ္ထစရိယာ အလောင်းတော်များကတော့ ဆွေမျိုးတွေပေါ့။ ဒို့ကတော့ ဒို့လူမျိုးအကျိုးတော်ရောပေါ့ အဲဒါ ဥာတ္ထစရိယာဘဲ။
လောကတ္ထ စရိယံ၊ ဥာတ္ထစရိယာ တိုင်းပြည်အကျိုးလုပ်မှတော့ ကိုယ်ကျိုးစွန့်တဲ့စိတ်ပါသွားပြီလေ။ တိုင်းပြည်ကောင်းစားဘို့ ကိုယ့်လူမျိုးကောင်းစားဘို့ ဒီ(၂)ခုရှိနေရင် ကိုယ်ကျိုးစွန့်ရာမရောက်ဖူးလား။ တိုင်းပြည်အကျိုး လူမျိုးအကျိုးဆိုရင် ကိုယ်ကျိုးကစွန့်ပြီးသားဗျ ကိုယ်ကျိုးရှာစိတ်ကို လွတ်လိုက်ရင် ။ တိုင်းပြည်အကျိုး လူမျိုးအကျိုးဆိုရင် လုပ်လေလေ ကိုယ်ကျိုးစွန့်ရင်ကို ဗုဒ္ဓတ္ထစရိယဖြစ်ခြင်းအကြောင်း။ ကိုယ်ကျိုးစွန့်လေ မြင့်မြတ်လေလေ။ ကိုယ်ကျိုးရှာလေ ယုတ်ညံ့လေလေ။ ဘုရားရှင်လည်း လေးသင်္ချနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်ခဲ့တာ။ ဗုဒ္ဓတ္ထစရိယဖြစ်တဲ့အကြောင်းမဟုတ်လား။ ဘ၀အဆက်ဆက်က ဖြစ်ခဲ့တဲ့ စရိုက် ချက်ခြင်းချည်းမရနိုင်ဘူးနော်။ ဆေးရိုးစင်းသလိုဖြစ်ရမယ်။ တိုင်းပြည်အကျိုး လူမျိုးအကျိုးလုပ်ပေးစမ်းပါ။ ကိုယ်ကျိုးစွန့်ပေးလေလေ၊ မြင့်မြတ်တဲ့စိတ်ဖြစ်လေလေ။ မြင့်မြတ်တဲ့စိတ်ဖြစ်လေလေ ၊ အဂ္ဂသာဝက မဟာသာဝကအကုန်ဒီပရဟိတ္တစိတ်ဖဲ။ ပရဟိတ္တစိတ်ရှိတဲ့သူက အတ္တကအလိုလိုကွယ်ပြီးသား။ ဒီအတိုင်း လုပ်နေတာ လုပ်နိုင်ပါ့မလား။
ဆောင်ရွက်စရာရှိတာဆောင်ရွက်။ သံဃာက လောကကို သာသနာနဲ့ နောက်ကပံ့ပိုးယုံတတ်နိုင်တာ။ ဦးဆောင်မဟုတ်ဖူး။ပံ့ပိုး။ သီဟိုခေတ်တုံးက ဇနပုဒ်မှာ မိုးရာသီ မိုးတွင်းလမ်းကို လှည်းမောင်းသွားတာ၊ လယ်ကြားလမ်းမှာခေါ်မှာပေါ့ ဘွက်ကြီးထဲကျွံ့နေတော့ရှေ့တိုးမရ နောက်ဆုတ်လို့မရ။ ညကမိုးကချုပ်တော့ ဘွက်ထဲလှည်းကကျ၊ လှည်းသမားက ကြောက်ကြောက်နဲ့အော်တယ်တဲ့။့ တောဆိုးကြီးများကယ်ပါဘုရား။ တောဆိုးကြီးများကယ်ပါဘုရားဟုအော်တယ်တဲ့။တောဆိုးကမနေသာတော့ လူယောင်ဖန်ဆင်းပြီး လာသတဲ့။ ဟဲ့ကောင်ရငါ့ချည်းအော်မနေနဲ့။ မင်းကိုယ်တိုင်လည်း လှည်းပေါ်ကဆင်းပြီးတွန်းဦးမှပေါ့ဟ။   မင်းလှည်းပေါ်က ဆင်းတွန်းမှ ဒို့ကနောက်ကအားပေးနိုင်မှာပေါ့ကွလို့ပြောသတဲ့။ သံဃာဆိုတာက ရှေ့ကဆောင်ရွက်တာလေး နောက်ကအားနဲ့ပံ့ပိုးတာဘဲရှိပါတယ်။ ဒို့ဥပဇ္ဈာဆရာတော်ကြီးကသူခန`္ဓာမချမချင်း ည(၇)နာရီ မနက(၄)နာရီ မေတ္တာပို့ရင် အစိုးရမင်းနဲ့ ရဟန်းပြည်သူပြည်သားများ ကျန်းမာပါစေ ချမ်းသာပါစေ။ မေတ္တာဓါတ်နဲ့ အားပေးရတာလေ။ ဒို့ပြောတဲ့စရိယာ သုံးပါးနဲ့သာသွား။ မြတ်စိတ်ချည်းတည်းဘဲ။ကိုယ်ကျိုးစွန့်တဲ့ပုဂ္ဂိုလ်က မြတ်စိတ်ချည်းဘဲ။ မြတ်စိတ်ရှိတဲ့သူကို မြတ်သောပုဂ္ဂိုလ်ကစောင့်ရှောက်တာ။ မြတ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်သာ နောက်က ပံ့ပိုးပေးမှာ။ ဒကာကြီးတို့ မြတ်စိတ်မွေးဗျာ။ ကိုယ်ရှိတဲ့အရွယ် ကိုယ်တတ်နိုင်တုံးလေး လုပ်ဗျာ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts