လယ်တီဆရာတော်ဘုရားကြီးပြောသလို
ဘုရားရှစ်ခိုးတာတောင် သြကာသဖြောင့်ဖြောင့်မရှစ်ခိုးနိုင်ဘူး။ ဘုရားရှစ်ခိုးတဲ့စကားလုံးတိုင်းအဓိပ¸ါယ်မသိဘူး ဘုရားရှစ်ခိုးတိုင်း ဘုရားဆီစိတ်မရောက်ဖူး။
ပူလွန်းလို့ပျံ့နေတာ။ ဥဒ္ဒစ္စခေါ်တာ။ တသက်လုံးသုံးနေတာကိုး ဒုက္ခပေးခံရတာဘဲပေါ့။ နှုတ်သီးတို့ ခေါင်းတွေက ပူလာတော့ လောဘနဲ့ဒေါသကတော့ ကြိုက်တော့လည်း ကြိုက်သလောက်
မကြိုက်မကြိုက်သလောက် ကားနဲ့ပြောရင်တော့ ကြိုက်ကြိုက်သလောက်
လီဗာနုင်းရင်နင်းတာ ဆီကုန်တယ်နော်။ မကြိုက်တော့လည်း မကြိုက်သလောက် လီဗာနုင်းရင်နင်းတာ
ဆီကုန်တယ်နော်။ မောဟက ကလပ် ဘရိတ်လောက်ဖဲ။ ဒေါသနဲ့လောဘက လီဗာနော်။ အဲဒီလို ပွက်ပွက်ဆူထားတဲ့
သူဟာ မလွယ်ဘူးနော်။ ကိစ္စတခုအပေါ် တည့်တည့်မကျနိုင်တဲ့အတွက် ဘယ်ဟာမှတိတိကျကျမရှိဘူး ချီတုန်ချတုန်နဲ့ချည်းပြီးရမယ်။
အဲဒါမောဟဘဲ။( တပည့်တော် ဆရာတော်ဆီလာဘို့ချီတုံချတုံဖြစ်တယ်)။ နင်တို့ မလာလေ ငါချမ်းသာလေ။
အခုဘဲမောပြီ။ မလာရင်ရမယ်။ လာရင်မရဘူး။ နင်တို့ပေးရမဲ့ဟာ ငါက
အခုက ပါးစပ်ကအန်ထုတ်နေရတယ်။ နင်တို့မလာရင် နင်တို့ကိုပေးနေတာဘဲ နင်တို့မလာတဲ့အချိန်
ငါကအားထုတ်နေတဲ့အချိန်၊ အဲဒါ မြန်မာ့အသံလွင့် နေတဲ့အချိန်ဘဲ။ အခုမြန်မာ့အသံရပ်ထားရတယ်။
တနင်္လာနေ့မို့။ ငယ်တုံးက တနင်္လာနေ့ရပ်တာကိုး။ အမှိုက်တွေဖုံးနေတော့ အကျိုးပေးမဲ့ကံက
မပေးတော့ဘူး။ ဟိုဘက်က အလောဘနဲ့လုပ်ခဲ့တာကို နင်တို့ကလောဘနဲ့လုပ်တော့ ဘယ်ရမလဲ။ နင်တို့ဘာတွေညာတွေလုပ်ပြန်တော့
လောဘ လိုခြင်စိတ်နဲ့လုပ်တာ။ လိုခြင်စိတ်နဲ့ကြိုးစားတာ။ ဥာဏ်နဲ့ ၀ိရိယက ရှေ့မတိုးဘူးဟဲ့။
ကိုယ့်ဆီကလောဘနဲ့လုပ်တာ အလောဘနဲ့လုပ်တာမဟုတ်ဖူး။ လောဘခိုင်းတာ မလုပ်နဲ့။ လောဘအစား ဆန္ဒလို့ခေါ်တယ်။
ရခြင်တာလောဘ။ ကြိုးစားခြင်တာဆန္ဒ။ ဆန္ဒအားကြီးမှ ၀ိရိယလိုက်တာ။ဆန္ဒမပါမဖြစ်ဘူး။ ဆန္ဒရှိရမယ်
လောဘမရှိရဘူး။ ကြိုးစားခြင်တာ ဆန္ဒ။ ရခြင်တာလောဘ။
ရခြင်တိုင်းရတာမှတ်လို့ ကြိုးစားမှရတာ။ ကြိုးစားတဲ့နေရာမှာ ဆင်ကန်းတောတိုး မဖြစ်စေရဘူး။
ဥာဏ်အမြဲတမ်းဦးစီးရမယ်။ လူလူလူ။ တိရစ္ဆာန်က ဥာဏ်ဦးစီးမဟုတ်ဖူး ကံဦးစီးတာ။ ဒို့လူက
ဥာဏ်ဦးစီးရမယ်။ ဥာဏ်ဦးစီးတော့ သက်သာတယ်။ ဥာဏ်ဦးစီးတော့ ချမ်းသာတာပေါ့ ။ ဥာဏ်ဦးစီးတော
့ အစွဲအထင်းမကျန်ရစ်ဘူးပေါ့။ အိုးပူကိုင်တဲ့အခါအပူသက်သာသလို။ ဥာဏ်လေးခံပြီးကိုင်တော့ သက်သာတယ်ပေါ့။ အိုးပူကိုင်တော့
နင်တို့ဒီအတိုင်းကိုင်လား။ ပူမှာပေါ့။ အဲဒီတော့လက်ခုပါရတယ်။ ဒီတော့ ဥာဏ်လက်ခုပါရတယ်။
ညာဉ်အတိုင်းလုပ်နေရင် လူမဟုတ်သေးဘူး။
ညာဉ်ဆိုတာ
ခန္ဓာငါးပါးထဲကဓါတ်စွဲရာပါတာ။ ကြိုက်ရင် ကြိုက်ဖို့ဘဲသိတာ ကျန်တာဘာမှမသိဘူး။ မုန်းရင်
မုန်းဘို့ဘဲသိတယ် ဘာမှမသိဘူး။အဲဒါညာဉ်။ သညာတ်ခန္ဓာနဲ့သွားတာ။
သတိနဲ့သွားတဲ့ဟာက ဥာဏ်ကိုသွားတာ။ သတိပါမှ လူ။ သတိမပါ သညာအမှတ်နဲ့ဆိုရင် ဆင်မကြီးနဲ့ဘာမှမထူးဘူး။
တွေ့လိုက်လား ဆင်မကြီး။ ပြုံးပြုံး ပြုံးပြုံးနဲ့။ သူများခိုင်းတာ လုပ်နေရတာ။ သတိမပါရင်
နင်လည်း ဆင်မကြီးနဲ့ဘာမှထူးမှာ မဟုတ်ဖူး။ နင်ကော။ (မသိပါဘူးဘုရား)။ ညာဉ်နဲ့သွားရင်မဟုတ်သေးဘူး။
ဥာဏ်နဲ့သွားရမှာ- ၀ိရိယကြီးလည်း ဆင်ကန်းတောတိုးမလုပ်ရဘူး
ဥာဏ်အမြဲတမ်းဦးစီးရတယ်။ ဥာဏ်ဦးစီးတဲ့ပုဂိုလ်ဟာ သက်သာတယ် အစွဲအထင်းမကျန်ဘူး။ ရေထဲသွားတဲု့
ခြေရာလို နှုတ်တာနဲ့ ခြေရာပျောက်စေရမယ်။ လူက
လူ့အာရုံခံစားရမယ်။ ခံစား။ ဘုရားက မပိတ်ပင်ပါဘူး။ လူ့အာရုံကိုခံစားပါ။ ကိုယ်ခံစားနေတာကို
သတိနဲ့မှတ်သုံးရတာ။ ကိုယ်ကောင်းတယ်ထင်ပြီးလုပ်နေတာကို သတိနဲ့ခံစားလိုက် စမ်းပါအဲဒါဥာဏ်။
ကောင်းတယ် ဆိုတာလည်းသိမယ် မကောင်ဘူးဆိုတာလည်းသိလာတာ ဥာဏ်။ အကျိုးရှိလား အကျိုးမဲ့လားသိလာမယ်။
လောဘ မပါကြေး။ ဥာဏ်နဲ့သွားတဲ့ပုဂိုံလ်ကမှ
အမှတ်မြဲလာမယ်။ အဲဒါမှ ရွှေတွေက ပွင့်လာမှာ။ ဥာဏ်နဲ့တွေ့မှ ကောင်းတာလုပ်ထားတဲ့ကုသိုလ်က ဥာဏ်နဲ့ပြန်ဆွဲမှ
ပွင့်လာတာ။ နောက်ကပါလာရင်တော့ တာဝန်ယူတယ် ရေနံကို ရေနံနဲ့ဆွဲသလို ။ နောက်က ပါမလာရင်တော့
ဘာမှလုပ်လို့မရဘူး။
ဒို့ကျိုက်လတ်မှာဘုရားတည်တုန်းက
ရေနံတူးတာ (၁၀) လက်မပိုက်ကြီးထဲ ရေနံအပြည့်ထဲပြီး အဲဒီပိုက်ကြီးကို အောက်ထဲထည့်ပြီး
ရေနံကို ရေနံနဲ့ပြန်စုတ်ယူတာတဲ့။ နင်တို့လောဘနဲ့လုပ်နေလို့မရတာ။
အောက်က ကန့်လှန့်သွားနေတဲ့ရေနံကို ရေနံနဲ့ဓါတ်တူကြီးပြန်စုတ်တာ။ အဲဒီမှထွက်လာတာ။ ကောင်းမှုနဲ့ခံထားတဲ့
ကုသိုလ်ကို လောဘနဲ့လုပ်နေတာကြောင့် ပွင့်သင့်တာတွေမပွင့်တာ။ ရေနံကို ရေမွှေးနဲ့စုပ်ယူလို့ရမလား။
ရေနံကိုရေနံနဲ့ဘဲ စုပ်ယူရသလို ကုသိုလ်ကို ကုသိုလ်နဲ့ဘဲ ပြန်စုပ်ယူရတယ်။ လောဘအစား ၀ိရိယတိုး
ဆန္ဒတိုးလိုက်စမ်းပါ။ နင်တို့ရှိတဲ့ နောက်က နောက်ကြောလိုက်လာမှာဘဲ။ ရေနံကို ရေနံနဲ့ဓါတ်တူကြီးစုပ်တာမဟုတ်လား။
နင်တို့ကောင်းမှုကို လောဘနဲ့လုပ်နေလို့မရတာ။ အဲဒီလိုမပေါ်တာကို သံဃာက တာဝန်ယူနိုင်ပါတယ်။
ပွင့်သင့်ပွင့်ထိုက်တာ ပွင့်ပါတယ်။ နောက်က ဘာမှမရှိတာကို
ဘယ်လိုလုပ်ရမလဲ။ ရေနံမရှိတာကို ရေနံသွားရှာလို့ရမလား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး