Sunday, September 30, 2012

သံဃာ့ဂုဏ်ကရေဒီယိုကလွင့်တဲ့အသံလိုင်းကို လိုင်းမိအောင်လည်းဖမ်းမှ လွင့်တဲ့အချိန်လည်းဖွင့်မှ မိတာ(ခ)


သံဃာ့ဂုဏ်က ဟိုဘက်အထိပို့နိုင်တယ်။ အကျင့်ဟာ သီလမဟုတ်လား။
သုပ္ပဋိပန္တွော မြန်မာလို ကောင်းကောင်းကျင့်နေတာ ကိုယ့်ခန္ဓာကိုယ်အပျက်ကို ရှုနေတာ အဲဒီအတိုင်း ဥဇုပ္ပဋိပနော တဖြောင့်တည်းသွားတာ  ဥာယပ္ပဋိပနော သာသနာနဲ့ကြုံတုံး ကျင့်သင့်ကျင့်ထိုက်တာကို ကျင့်နေတာ လူနဲ့သာသနာကြုံတုံး ကျင့်သင့်ကျင့်ထိုက်တာကျင့်နေတာ သာမီိစိပ္ပဋိပနော ဆိုတာ နင်တို့ရွတ်နေတာမဟုတ်ဖူးလား အဲဒါ ပုဂိုံလ်ပြောတာမဟုတ်ဖူး ဥာဏ်ပြောတာ။ ပုဂိုံလ်နဲ့ဘာမှမဆိုင်ဘူးသမီးရဲ့။
တောင်သုံးလုံးဆရာတော်ဘုရားကြီးရှိတုံးက အမွေးခဲတွေဘာတွေနဲ့ ပွတ်ပြီး ရေချိုးပေးတော့ သူက အော်တယ်။ ငါ့ပွတ်တာမဟုတ်ဖူးဟဲ့ သီလကိုပွတ်တာ။ သီလကိုပွတ်တာလို့ ။ လူ့ဘ၀တုံးက သူ့ကို ဘယ်သူကဒီလိုလုပ်ပေးလို့တုံး။  ဟော ရဟန်းကိစ္စ ပြီးသွားတော့ ရဟန်းသီလဖြစ်တော့မှ အဲဒီတော့မှ။ သီလလိုတာထက်ပိုပြီးပေးနိုင်တယ်။ ဘယ်မှာဆုံးတယ်လို့မပြောနိုင်ဘူး။ သီလရဲ့ဂုဏ်သတ္တိက အကျိုးပေးဘယ်မှာဆုံးတယ်ဆိုတာလို့မပြောနိုင်ဘူး။ ဒါကြောင့် သီလဂုဏ်ဟာ သံဃာ့ဂုဏ် ကုန်အောင် မပြောနိုင်ဘူးဟဲ့လို့ဝေဘူဆရာတော်ဘုရားကြီးကပြောတာ။ ဘာလို့ဆို ပဂိုလ်စွဲတွေများလွန်းလို့။နင်တို့လို ဟာတွေချည်း ဝေဘူလက်ထက်တုန်းကလဲ။
သံဃာက အဖမ်းမဟုတ်ဖူးကွဲ့။ လွင့်နေတာ။ မြန်မာ့အသံနဲ့ရေဒီယိုကလွင့်သလိုဘဲ။ သံဃာမှာရှိတဲ့ ဂုဏ်က ရေဒီယိုကလွင့်သလိုဘဲဟဲ့။ နင်တို့က သဒ္ဓါစိတ်နဲ့စေတနာစိတ်က အဖမ်းဟ။ နင်တို့ကမလွင့်နိုင်ဘူးဟဲ့။ သဒ္ဓါအားအကြီးအသေးအတိုင်း ရမယ်။ သဒ္ဓါက ဆုံးဖြတ်တာဟဲ့ ဒို့ဆုံးဖြတ်တာမဟုတ်ဖူး။ သံဃဂုဏ်ကို ယုံကြည်ရင် ယုံသလောက်ရမယ် ပုဂိုလ်ကိုမပြောဘူး ။ ဘယ်သံဃာဖြစ်ဖြစ် ၀န်ထမ်းမှန်သမျှ အလုပ်သုံးမျိုးလုပ်ကြရတယ်။ လူက ၀တ္တရားကျေရင်တော်ပြီလို့မဟုတ်ဖူးဟဲ့။ သံဃာက ပိုလုပ်ရတယ်။ နင်တို့လို လင့်ဝတ္တရားကြီးမဟုတ်ဖူး။ သံဃာက သာသနာပေါ်မှာ ယုံကြည်ရင် ယုံကြည်တဲ့သူများမှု သာသနာက ပိုရှည်မှာပေါ့။ မြင့်မြင့်ကြီးထက် ခေါင်းကြီးက ပိုယုံရင် သာသာနာပိုရှည်မှာပေါ့။ သူကအသက်ပိုငယ်တာကိုး။ အဖိုးဥာဏ်ထက်စာရင် နင်ပိုယုံရင် သာသာနာပိုရှည်တာပေါ့။ နင့်ထက် အသက်ရှည်နိုင်တဲ့သူက ယုံကြည်နေသူရှိရင် သာသာနာပိုရှည်မှာပေါ့။  ရဟန်းက သာသနာ သက်တမ်းပိုရှည်အောင် ယုံကြည်အောင်ပိုလုပ်ပြရတယ်ဟဲ့။ သံဃာက ကိုယ်အမူအယာ နှုတ်အမူအယာက အစ လူလိုမဟုတ်ဖူး ကျင့်ကြံရတယ်။ ကျင့်ရင်ကျင့်သလောက်ရတာကိုး။ ဒို့တွေမှီခိုနေတာ ဒို့နဲ့ပတ်သက်နေတဲ့သူ  လူမှမဟုတ်ဖူး။ နင်တို့လူတွေထဲမှာလည်း ကျင့်နိုင်ကြံနိုင်တဲ့သူရှိသလို မကျင့်နိုင် မကြံတဲ့သူရှိတယ်။ သူတို့တွေလည်း ဘူတရုပ်မဟုတ်လို့ ဒို့လို မကျင့်နိင်ဘူး ဒို့လို မလှူနိုင်ဘူးဟဲ။ သူတို့အတွက်ပါလုပ်ကြ ရတယ်။  သူတို့က ဒို့လို ဘူတရုပ်မရှိတဲ့အတွက် ဒို့ကိုမှီခိုနေတာ။ မိမိကိုအကျင့်ကို အကြောင်းပြုပြီး မိမိဝေနေယျတွေ ကိုယ်လောမာလို့ဖြစ်တာတော့ မတတ်နိုင်ဘူး။ ထန်းသီးကြွေခိုက် ကျီးနင်းလိုက်ဖြစ်တာတော့ ဒီပုဂိုလ်နဲ့ကျင့်နေတဲ့သီလကြောင့် အန္တာရာယ်ရှိ နေရင် လွတ်စေရမယ် တာဝန်ယူတယ်။
နောက်ကြောင်းပါလာရင် မတတ်နိုင်ဘူး။ ဘုရားတောင်တတ်နိုင်လို့လား။ ဗြိဟ္မာသာရကြီးကို သူ့သားက ဒါးနဲ့ခွဲနေတာ ဘုရားငုတ်တုတ်ရှိတယ်။ ဝေလ္လုဝန်မှာကိုးကွဲ့။ ဟိုက ရာဇာဂြိုလ်မှာကွဲ့။ သူမျက်စေ့အောက်မှာကွဲု့ဘုရားငုတ်တုတ်ကြီးရှိနေတာဘဲ။ ဘုရားဘာမှမတတ်နိုင်ဘူးဟဲ့။ သူ့ကျောင်းဒကာကြီးလည်း နောက်ကြောင်းပါလာတော့ ဘုရားက ဒီအတိုင်းကြည့်နေရတာဘဲ။  သူ့ကျောင်းဒကာမို့ထားဟဲ့။ သူ့ညီအကိုဝမ်းကွဲတွေ မဟာနာမ်တို့က တ၀မ်းကွဲတွေဟဲ့ ၀ိတဒူပ က လာသတ်တာ။ တချီဟောပြောလို့ရတယ် နှစ်ချီဟောပြောလို့ရတယ် သုံးချီတော့သူ့နောက်ကြောင်းပါတော့ ဘုရားမျက်နှာလွဲရတယ်နော်။ နောက်ကြောင်းပါလာရင် မတတ်နိုင်ဘူးလေ။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် မဖြစ်သင့်ဘဲ ဖြစ်တဲ့ အန္တရာယ် ကကွယ်ယူရတယ်။ ပုဗ္ဗေစကတ ပုညတာဆိုတာလို  ဒို့နောက်ကြောင်းက မြှတ်ထားတာတွေ ဘယ်လောက် ရှိမှန်းလဲမသိဘူး။ ရှိတယ်။ ဘုရားဘယ်နှစ်ဆူကြုံခဲ့မှန်းလည်းမသိဘူး။ ဘယ်နှစ်ကမ္ဘာကြုံခဲ့မှန်းလည်းမသိဘူး။ ဘုရားတွေ့တာနဲ့ ဖူးခြင်လိုက်တာ သံဃာတွေ့တိုင်းဖူးခြင် လိုက်တာဆိုတာ နောက်ကပါခဲ့တဲ့ စေတနာကြောင့် နောက်ကပါလို့ဟဲ့။ လူတိုင်းဘုရားမြင်ဖူးခြင်လို့လား။ သံဃာမြင်ဖူးခြင်လို့လား။ အဲဒါနောက်ကြောင်းကမပါလို့မထင်နဲ့။ ဘယ်တုံးက ကိုးကွယ်ခဲ့မှန်း ဘယ်တုန်းက လှူခဲ့တဲ့ ရိက္ခာထုတ်တွေမှန်း မသိဘူး။ အမှိုက်ဖုံးနေလို့ မတွေ့တာ အဲဒီရွှေတွေ့။ မြင့်မြင့်ကြီး နင့်အမိုက်ကဘယ်လောက်ဖုံးနေလဲ။(သူက ဆရာတော်ဖူးခြင်ပါတယ် တောင်ပေါ်တက်ခြင်ပါတယ် ဘုရား)
နောက်ကြောင်းကရှိနေတဲ့ ကုသိုလ်ကံလေး ခံထုပ်တွေ။ လောဘက မနည်းဘူး။ ဒေါသကလည်း မွေးကတည်းက အူဝဲဆို ဒေါသကြောင့်။ အမိဝမ်းထဲက မခံချိမခံသာဖြစ်လို့မကျေနပ်တာလဲပါတယ်။ အမိဝမ်းထဲကနေ ချက်ကြိုးကနေပြီး မိခင်စားတဲ့သြဇာသတ္တိတွေကို  ဆေးရုံမှာအစာမစားရတဲ့ဟာတွေ နှုတ်ခမ်းရေသုတ်ပေးရသလို စားခဲ့ရတော့ ဆာလို့အော်တာလဲပါတဲ့ဟဲ့။ အမိဝမ်းထဲကထွက်လာတော့ ငိုထွက်လာတာ။ အဲဒီထဲက ဖုံးလာတာငယ်သူကြိုက် ကြီးသူကြိုက် အဖိုးကြီးတော့ အဖိုးကြီး အကြိုက်က ဘယ်တော့မှမဆုံးဘူး။ ကြိုက်တာမရတိုင်းမကြိုက်ရတဲ့အကြိမ်ပေါင်းလည်းမနည်းဘူးဟဲ့။ ကြိုက်တာက မကြိုက်တာက ရန်သူများကို  ပါးရိုက်သလို ဟိုဘက်က ကြိုက်တာက ရိုက်လိုက်၊ ဒီဘက်က မကြိုက်ုတာက ရိုက်လိုက်နဲ့။ အရိုက်ုခံနေရတော့ မောပန်းပြီးဖြစ်တဲ့ မောဟအမှိုက်တိုက်ကကောဘယ်လောက်များလဲ။ အပူလွန်လို့ပြန့်နေတာ။ ရေနွေးအိုးကို မီးဖိုပေါ် မတည်ခင်ကကော ဒီအတိုင်းဘဲ။ တည်တော့ကောဒီအတိုင်းဘဲ။ အောက်ကမီးလည်းထိုးရော မီးပူပြီး ရေပူတယ် ရေပူပြီး အဖုံးပါပူတယ်။ အောက်ကမီးထိုးလေ ပွက်ပွက် ပွက်ပွက်နဲ့။ အိုးပူပြီး ရေပူတယ်။ နှုတ်သီးကလည်းထွက်လိုက်တာ။ ရေပူပြီး အဖုံးပါပူလာတယ်။ ဘွက် ဘွက်နဲ့။ နောက်ကြောင်းကံတွေက အများကြီးရှိတယ်။ ဖုံးနေတာက နေ့ရှိသမျှ၊ ကာလသား ကာလသမီး အဲဒီအချိန်ကစ ဖုံးပြီဟဲ့ အဲဒီတုံးက နည်းနည်းဖုံးဟဲ့။ အိမ်ထောင်ကျပြီးတော့ နင်တို့စိတ်ရှိသေးလား။ လင်စိတ်နဲ့သားစိတ်နဲ့နေနှေခဲ့ရတာ။ တခြားစိတ်မရှိဘူး။ အချိန်မှန်မှန်လာရင်လည်း တမျိုး၊ မလာရင်လည်းတမျိုး။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts