Sunday, September 30, 2012

သူများတိုင်းပြည်သွားအားမကျနဲ့ ကျွန်သက်ရှည်မယ်နော်၊ ဘုရားချီးကျူးသော ဘုရားလက်ထက်က ဆွမ်းအလှူ (ဃ)

သူများတိုင်းပြည်သွားအားမကျနဲ့ ကျွန်သက်ရှည်မယ်နော်၊ ဘုရားချီးကျူးသော ဆွမ်းအလှူ ဘုရားလက်ထက်က ဆွမ်းအလှူ (ဃ)
နင်တို့ ဒီလိုလာတာကို ငါတော်တော်မကြေနပ်ဘူး။ နင်တို့လာရင် ငါက နင်တို့ဟာတွေဘယ်ထားရမလဲ မသိဘူး။ ကပ္ပိယတယောက်လည်းထွက်ပြေးရော။ နင်တို့လာတော့ နင်တို့လည်း အလုပ်ပျက် ငါလည်း အလုပ်ပျက် နင်တို့လှူတာတွေ နင်တို့အလကားရလား။ နင်တို့သည်လို လှူမဲ့အစား စုစမ်း။ နင်တို့သူများ တိုင်းပြည်သွားပြီး ကျွန်သွားခံနေလား။ နင်တို့ သူများတိုင်းပြည်သွားပြီးလုပ်တာ ကျွန်သက်ရှည်မယ်နော်။ နင်တို့သူများတိုင်းပြည်က နည်းပညာကို ခိုးခဲ့။ သူတို့ဘယ်လိုလုပ်သလဲကြည့်။ နည်းကိုယူခဲ့ပေါ့။ သို့သော် မတူဘူး။ သူတို့က တဏှာကြီးတယ် သူများတိုင်းပြည်က  လူနေမှုပုံစံမတူဘူး။ အတုခိုးသင့်တာ အတုခိုးခဲ့။ အနောက်နိုင်ငံက တဏှာ၊ မာန၊ ဒိဌိနဲ့ဦးဆောင်ထားတဲ့ လူနေမှု။ ဒို့အာရှက သဒ`္ဓါ ပညာ၊ သမာဓိ နဲ့ဖွဲ့ထားတာ။ သူတို့ ရုပ်တိုးတက်တယ် စိတ်ဓါတ်ညံ့ဖျင်းတယ်။ ဒို့အာရှက ရုပ်ညံ့ဖျင်းတယ် စိတ်ဓါတ်တိုးတက်တယ်။ နေရာတကာတိုင်း အတုမခိုးနဲ့။ ကျွန်သက်မရှည်ခြင်စမ်းနဲ့။ အတုခိုးသင့်တာ အတုခိုးခဲ့စမ်းပါ ကျွန်သက်မရှည်ချင်းစမ်းပါနဲ့။ သူများတိုးတက်တာသွား သရေယိုမဲ့အစား ကိုကိုယ်တိုင်တိုးတက်အောင်  ကြိုးစားစမ်းပါ။ အ၀င်နည်းပြီး အထွက်များရင် ဘယ်စုမိမလဲ။ အထွက်များပြီး အ၀င်နည်းအောင်လုပ်ရင် နင်တို့စုမိမှာဘဲ။.  ကိုယ့်တိုင်းပြည်မှာ ရမယ်ဆိုရင် လုပ်စမ်းပါ။ ကြိုးစားလိုက် ဒို့ကောမရနိုင်ဘူးလား။ ဒို့တိုင်းပြည်မှာ လည်းကြီးပွားတာတွေအများကြီးပါ။ အ၀င်များပြီးအထွက်များရင် ဘယ်လိုလုပ်ရနိုင်မလဲ။
ငွေကိုဘယ်လိုစုလဲ။မြင့်မြင့်ကြီးဘာလုပ်လဲပြောစမ်း။စာက (၄)ပုံဖဲ့တယ်။ တပုံက စားဘို့။ တပုံက သားသမီး မိတ်ဆွေသာရေး နာရေးအတွက်။ တပုံက အရေးပေါ်အတွက် ၊ တပုံက ပြန်စုရမယ်။ အရင်းထဲပြန်ထည့်ရတယ်။ ဒီနှစ်ဒေါ်လာတသောင်းဆို နောက်နှစ် ဒေါ်လာ တစ်သောင်းတစ်ထောင် အရင်းထဲပြန်ထည့်ရတယ်။ (၄)ပုံပုံ။ လှူဘို့တပြားမှ မပါဘူး။ အဲဒါဘုရားခိုင်းတာ။ (တပည့်တော်လှူခြင်လို့ပါ)။ နင်အဲဒါ လှူကျင့်ပါလို့လှူတာ။ နင်တကယ်သတိဥာဏ်နဲ့လှူတာဟုတ်ခြင်မှဟုတ်မှာ။ ဘုရားလက်ထက်က လှူပုံလှူနည်းလေး။ ၅ ယောက်ရှိတဲ့အိမ်ဆိုပါစို့။ မိဘနှစ်ပါး၊ လင်မယား ၂ ဦး၊ သားတစ်ဦးဆိုပါတော့။ သန်ကောင်စာရင်းကောက်ရင် ယေဘူယျ အိမ်တအိမ်မှာ(၅)ယောက်ဘဲရှိမယ်။ အိမ်ထောင်ဦးစီးဖြစ်သူက ငါ့အတွက် ထမင်းတလုပ်စာ လှူပေးစမ်းပါ။ အဲဒီအတိုင်းမှန်းပြီး အိမ်ရှင်မက ခွက်ထဲထဲ့ရတယ်။ ဘုရားအတွက် မှန်းပြီးလှူတယ်။ အိမ်ရှင်မကလည်း သူလည်းလှူမယ်ဆိုရင် တလုပ်စာလှူတယ်။ မိကြီးဘကြီးကဒို့အတွက်လှူပေးပါဆိုရင် သူစားနေကျအတိုင်း ထမင်းလုပ်ထည့်ပေးပါ လှူပေးတယ်။ သားကလည်းသူ့အတွက်လည်း လှူခြင်ပါတယ်ဆိုရင် သူစားနေကျထဲ့ပေးရတယ်။ ရှေးခေတ်က အိမ်ပေါ်တက် ဆွမ်းခံတဲ့အကျင့်မရှိဘူး။ အနုကြမ်းစီးရာရောက်တယ်။  တရက်ကနှစ်ရက်ကျတော့ အားနာတော့ ကန်တော့ဆွမ်းပါလို့ပြောလို့မကောင်းဘူး။ တရက်ကနှစ်ရက်ကျတော့ ဟင်းဆိုးဟင်းညံ့မလောင်းရဲဘူးဗျ။ သဒ္ဓါအနုကြမ်းစီးရာကျတယ်။  ဘုရားလက်ထက်က လမ်းဘဲသွားတယ်။ အိမ်တအိမ်ရှေ့မြင်သာအောင် ရပ်ပေးရတယ်။ မလောင်းမခြင်း ပေးမရပ်နေရဘူးတဲ့။ ကန်တော့ဆွမ်းပါလို့ပြောရင်လည်း စေတနာလှူလိုက်တာ သာဓုခေါ်တယ်။ ကန်တော့ဆွမ်းလူတိုင်းဆိုတာမှမဟုတ်ဖဲ။ တခြားဘာသာက ကန်တော့ဆွမ်းဆိုမလား။ မဆိုပါဘူးကွဲ့ ။ ကန်တော့ဆွမ်းကို စေတနာကိုသံဃာက အသိအမှတ်ပြုတယ် ဆွမ်းလိုခြင်တာမှမဟုတ်။
သံဃာက ကန်တော့ဆွမ်းကို သာဓုခေါ်တယ်။ သံဃာအပါး ၁၀၀ ကြွကြွ ဆွမ်း(၅)လုပ်စာဘဲလောင်းတာ။ အားနာလို့ပြေးခပ်လိုက်မယ်မထင်နဲ့။ ဒီလမ်းကို ၅ ပါးဝင်မှ မျှတတယ်ဆိုရင် ဒီလမ်းကို  ၅ ပါးဘဲဝင်ရတယ်။ အဲဒီခေတ်က သူစားယုံတပါးစာဘဲအလှူခံတယ်။ သူစားသလောက်ရရင် ပြန်လှည့်တာဘဲ။ ဆွမ်းစားရင်းနဲ့ ဆွမ်းတောင် မကျရဘူး။ သဒ`္ဓါကို ထိခိုက်လို့ ဆွမ်းနှမျောတာမဟုတ်ဖူး စေတနာ နှမျောတာ။ ဆွမ်းကျရင် သဒ®ဒိယအာပါတ်သင့်တယ် မလုပ်ရဘူး။
ဝါးချက်တုံးက  ဒို့က(၇)အိမ်ပြည့်တဲ့နေရာ။ (၇)အိမ်က တရွာလုံးသွားတာ။ သူတို့က၀င်မှန်းသိတော့ ရွာထိပ်က လာတယ်။  ဒို့ကရွာထိပ်ကနေ (၇)ဦးပြည့်တော့ လှည့်ပြန်တော့ မ၀င်တော့ဘူးပေါ့။ အဲဒီတော့ စောင့်နေတာ မလာရကောင်းလားဆိုပြီး နောက်မလောင်းတော့ဘူး။ ဒို့ခေတ်ကွဲ့။ ဒို့က (၇)ဦးပြည့်ရင်ပြန်တာကိုးကွ။ ဒို့ခေတ်နဲ့ဘုရားခေတ်က အဲဒီလောက်ကွာတယ်။ ဒို့ခေတ် ဒို့ခေတ်။
အခူလိုလှူလည်း စေတနာတခု အကျိုးပေးတခု။ ဆွမ်းလေးတလုပ်စာလည်း စေတနာတခု အကျိုးပေးတခု။ အခုလိုလှူတော့ ဒါလေးလှူခြင်တာ ဟိုဟာလေးလှူခြင်တာနဲ့ သောကမပါဘူးလား။ ဒီအထိပစ္စည်းသယ်လာရတဲ့အခါ ဒီမရောက်မခြင်းဟိုဟာက ပျက်ဆီးမှာစိုးရ ဒါပျက်ဆီးမှာပူရ။ ဘယ်ဟာက မြတ်သလဲ။ တစ်သိန်းကုန်လည်း တဘ၀ဘဲ။ ဆွမ်းတလုပ်လည်း တဘ၀ဘဲ။ ဒါဘုရားချီးကျူးတာ။  ဒီဆွမ်းတလုပ်မှာ လောဘလည်း မပါဘူး ပကာသနလည်းမပါဘူး။ ဒါကြောင့်ဘုရားချီးကျူးတာဟဲ့။ တနေ့ကို ဆွမ်းတလုပ်ဆိုတော့ ၅လုပ်ဆိုရင် ၅ပါး။ အလှူလည်း ဘယ်နေ့မှမကင်းဘူးနော်။ နေ့တိုင်း ဒါန စေတနာကပါပြီလေ။ အဲဒီအလှူက တနှစ်ချင်း ၃၆၅ ရက်နဲ့အထိစုတော့ တထိုင်ကျွေးတာထက် ပိုထိရောက်တယ်နော်။ တထိုင်ထဲလှူက လောဘလည်းပါမယ်။ တဏှာလည်းပါမယ်။ သောကလည်းပါမယ် ပကာသနာ့လည်းပါမယ်နော်။
တောနဲ့ပြောရင် နို့ဆီဗူး ၅ လုံးချက်ရပါတယ်။ အိမ်ရှင်မက မချက်ခင် ဆန်အိုးထဲကနေ တစ်လက်ခုတ် ပုန်းတပုံးနဲ့ စုရပါသတဲ့။ ကိုယ်စားမဲ့အထဲက လှူတာနော်။ တလက်ဖက်ဆိုတာ နို့ဆီဗူးဝက် ညနေတိုင်း ညနေတိုင်း ဆန်တစ်လက်ခုတ် နို့ဆီဗူးဝက် အလှူခံပုံးထဲထဲ့တယ်။ တနှစ်ပြည့်ရင် အိမ်သန့်ရှင်းရေး လုပ်ရတယ်။ သံဃာတော်တွေကြွလာရင် ကြွေးရအောင်။ အဖိုးကြီးအဖွားကြီးတွေကနင်တို့လောက်မဆော့ဘူးဟဲ့။ အနည်းဆုံး ၅ ပါးသီလတော့လုံတယ်။ အဖိုးကြီးအဖွားကြီးတွေဖိတ်ကြား သီလရှိတဲ့အဖိုးကြီး အဖွားကြီးတွေဖိတ်ကြား ။ စုထားတဲ့ဆန်ထဲက ဆွမ်းလုပ်ဖို့ ဆွမ်းဟင်းလုပ်ဖို့လုပ်ရတယ်။ အဲဒီတော့ သံဃာတပါးတတ်နိုင်တပါး အိမ်မှာ အန္တာရာယ်ကင်း ပင့်ပြီး ကျွေးတာ။ နင်တို့နေ့တိုင်းလှူနိုင်လို့လားဟယ်။ မနက်ကော ညနေကော အလှူလွတ်သလားဟယ်။ ဟိုဟာက နေ့တိုင်းလှူတာလေ။ နင်တို့နိုင်ငံတိုင်းပြည်မှာဆွမ်းခံတဲ့သူ ရှိခြင်မှ ၇ှိမှာ(မရှိပါဘူးဘုရား)။  တောင်ပုလု ဆရာတော်ကြီးရှိတုန်းက ကျောက်ဆင်တောရဆရာတော် အဲဒီမှာသီတင်းသုံးဘို့ပါသွားတာတဲ့။ တိုက်ခန်းရှေ့သွားရပ်ရင် သူတောင်းစား ထွက်နဲ့အော်လွတ်တာတဲ့နော်။ ဘုရားကို အာရုံပြုကွယ်။ ၅လုပ်ဆို ၅လုပ်ပေါ့။ ဘုရားကိုလှူတော့ သံဃာလည်းပါပြီးသားပေါ့။
နင်လည်းနင်စားတာသိတာဘဲ။ ဦးခိုင်လင်းကော ခေါင်းကြီးကော ဘယ်လောက်စားတာသိတာဘဲ။ နင်တို့ အဲဒီလိုလှူပြီး စုစမ်းဟယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts