မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ (၃-၃-၂၀၁၁) နေ့တွင် ရှမ်းသာဝကများကို ဟောကြားတော်မူသောတရားတော်မှ ကောက်နှုတ်ချက်
|
လားဟူလီရှော ဝေနေယျများ ဆွမ်းလောင်းလှူရန်စောင့်ဆိုင်းနေကြစဉ် |
လူဦးရေက တိုးတိုးလာတယ်။မြေကမတိုးဘူး လူသာတိုးတာ်။ တယောက်စာကို ၁၀ ရောက်ခွဲစားနေရတယ် အဲဒီတော့ဈေးနှုန်းကြီးလာတယ်။ အလုအယက်များလာမယ်။ စိတ်ဆိုးစိတ်မိုက်များလာမယ်။ မြေပေါ်ကထွက် တဲ့သယံဇာတကလည်းမတိုးဘုး။ ဗုဒ`္ဓဘာသာက ခပ်အေးအေး ရှိတာနဲ့တင်းတိမ်ကြတယ်။ နောင်ကို လူဦးရေတိုးသလောက် စိတ်တွေပူလာမယ်။ အပြောပူ အလုပ်ပူတွေလုပ်တော့ ကံတွေပူလာမယ်နော်။ ဥတုမကောင်းတော့ဘူးနော်။ ဥတုမကောင်းတော့ ဥတုကိုမှီတဲ့ အစာတွေကကောင်းပါဦးမလား။
ဥတုမရ အဟာရမကောင်း မပူလွန်တော့ အစာတွေထဲ အဆီကမရတော့ဘူး ။ စားစရာမရှိတော့ ဒါချည်းစားရမှာ။ အဲဒီအခါ စိတ်တွေက ကြမ်းလာမယ်။ ကံကြမ်းတွေဖြစ်တော့မှာ။ ကံကြမ်းဖြစ်လာရင် ဥတုက ဒီထက် ဒီပူလာတော့မယ်။ ဆောင်းပါးထဲမှာ ဒို့ဘက်မှာသာသစ်ပင်တွေရှိတာ ဟိုဘက်မှာက သစ်ပင် မရှိတော့ဘူး ကတုံးဖြစ်နေပြီတဲ့။ တောင်ထိပ်အထိ ကတရာလမ်းတွေရှိတယ်တဲ့။ ရှမ်းနယ်ခြားမှာရှိတဲ့သူက စာရေးတာလေ။ အဲဒါသစ်ပင်ကအစလာခိုးတာတဲ့။ သစ်ပင်ခိုးတာစောင့်နေရတာတဲ့။
စိတ်ကြမ်းကြောင့် ကံကြမ်း ကံကြမ်းကြောင့် ဥတုတွေက ကြမ်းတော့ အစာကြမ်းတော့ စိတ်တွေကြမ်းတော့မှာ နော်။ ဒီအတိုင်း ဒို့စိတ်ကိုပစ်ထားရင် အရိုင်းကြားညှပ်ပါတော့မယ်။ ဒါကြောင့်စိတ်ကို ယဉ်အောင်ပြင်ဘို့ လိုတယ်နော်။ ၀ိပသနာက နုတယ်နော်။ ဒို့တုံးက ပုတီးနဲ့စတာနော်။ ဒို့က အရင်ဘ၀က ဒီထက်ကြမ်းတယ်။ဒို့က (၂)ဘ၀သိတယ်။ ရဟန်းတ၀ါအရမှာ သေခဲ့တာနော်။ ဒို့က အရင်ဘ၀ကနာမည် ဥာဏ်ကျော် အခုဘ၀ မောင်ငြိမ်း။ အရင်ဘ၀ကလည်း မောင်နှမ ၅ယောက်မှာ အငယ်ဆုံး အခုဘ၀မှာလည်း ၅ယောက်မှာ အငယ်ဆုံး။ ဒို့ကအကိုအလတ်ကို အတော်ချစ်ခင်တာ ဒါကြောင့် သူ့ကို ဒီဘ၀ အဖေပြန်ခေါ်ရတာ။ သိတတ်ကထဲက ဒီဘ၀ကအမေကို အမေလေးခေါ်တာ။ အရင်ဘ၀ကအမေကို အမေကြီးခေါ်တာ။ ဒို့အမေက ဒို့ကိုချစ်လိုက်တာတုန်လို့။ ဒို့ကလည်း ဒီလောက်အဖြစ်သည်းရမလားဆို မုန်းတာ။ ဒို့ကဘ၀တွေကျင်လည်လာတာပါ။ မသိလို့သာပါဗျာ။ အရင်ဘ၀က အမေက ဆံပင်ကို အုန်းဆီဆွတ်ပြီး ထုံးမပေးလို့တဲ့ ဆံပင်ကို ခါးဘန်းပေါ်တင်ပြီး ဒါးနဲ့ခုတ်တာတဲ့။ ၁၂ သားအထိ ယောင်ပေစူးနဲ့။ ဘယ်လောက်ထန်သတုံး။ အရင်ဘ၀တွေ့သူတွေနဲ့ အခုဘ၀တွေ့သူတွေမတူတော့ဘူး။ အခုအသက်က(၇၀)ကိုး။ လမ်းတွေ့တဲ့ ပုဂ္ဂိုလ်တွေလည်းမတူတော့ဘူး။ ဆုတ်ခေတ် ဆုတ်ခေတ် ကြမ်းလာတာနော်။
အသံလွင့်တာက ကမ္ဘာကြီး ဘယ်လောက်စောင်းမှာ ဘယ်လောက်စောင်းရင် အပူချိန် ဘယ်လောက်တက်မယ်လို့ပြောတာ။ ဂိတ်ဆုံးစောင်းတဲ့အခါ ကျရင် ဒို့သက်တမ်းက(၃၀)ဘဲရှိတော့မှာ။ ခပ်အေးအေးမနေနဲ့နော်။ ဒီတဘ၀ထက်မဆင်းစေနဲ့နော်။ ထပ်တွေကမှာသက်တမ်းတိုတွေလေ။ သူ့ငါလု ငါ့သူလုဖြစ်တော့မှာနော်။ ဘာသာရေးလည်း တတ်နိုင်မှာမဟုတ်တော့ဘူးနော်။ ဗုဒ`္ဓာဘာသာက စစ်လွန်းလို့ ဒီလောက်ခံနိုင်တာနော်။ ဒီကလွတ်ဖို့လိုအပ်တယ်။ ဒီဘ၀လေးနဲ့ တော်ပလား။ ရှေ့ဆက်သွား၇ဦးမှာ ကျင့်ကျစမ်းပါ။ စိတ်မြင့်ရင် ဘ၀မြင့်တာဘဲ။ ရှေးခေတ်က စာပေရေးသားတဲ့ဆရာတော်တွေက ရုက္ခဆိုး ဆုတောင်းတာများတယ်။ ဒို့ဆရာဆို ပုတီးနဲ့ ပြီးသွားတာ။ စတုမဟာရာဇ်သက်တမ်းနဲ့နေရတာကိုး။ ရှေးခေတ်က လူတွေသေရင် ရုက္ခစိုးဖြစ်တာများတယ်။ သီလစင်ကြယ်တာကိုး။ အရင်က ၀ိပသနာမရှိဘူးလေ။ လယ်တီခေတ်ရောက်မှ နည်းနည်းစလာတာ ဝေဘူတို့မဟာစည်တို့ကြမှ ၀ိပသနာကမ္ဘာအထိသိလာတာ။
ဝါဆိုတဲ့အခါကျရင် ဒို့ရွာထဲကရွာသားတွေတစ်ရွာလုံးဝါဆိုတာဗျ။ ၀ါထွက်မှထွက်တာဗျ။ ဘုန်းကြီးတွေ ရုက္ခစိုးဖြစ်တာမပြောနဲ့။ခေတ်အဖိုးတွေဘယ်လိုလဲ။ ရှေးလူနဲ့ ခုခေတ်မတူဘူးဗျ။ ဒို့ကလွန်ဖို့လိုအပ်တယ်။ ကြိုးစားပါ။ သူများတွေမတရားသဖြင့်ကြီးပွားရင် ကိုယ်ကတရားသဖြင့်ကြီးပွားအောင်လုပ်နော်။ စုထားတဲ့ ကုသိုလ်တွေအများကြီးရှိခဲ့မှာပါ။
အတွေးကြောင့်ဒို့ပူတာ။ မတွေးဖြစ်အောင်ကျင့်ရမယ်။ ဖြစ်နေတဲ့ဒုက္ခ တကျပ်မှာ တွေးလို့ဖြစ်တာ သုံးမတ်လောက်ရှိတယ်။ ပက်ပင်းကြုံတဲ့ ဒုက္ခက ဒီလောက်မနာဘူး။ အတွေးကဆွလို့ဖြစ်တဲ့ဒုက္ခက ပိုဆိုးနေတာနော်။
တနေ့ကို မနက်တကြိမ် မနက်(၄)နာရီလောက် ဒီနေ့အတွက် အပူထုပ်ကိုခေါင်းပေါ်မရွက်ခင်နဲ့ ညအပ်ရာဝင်ခါနီး အပူထုပ်တွေခေါင်းပေါ်ကချချိန်တွေမှာ တနေ့(၂)နာရီလောက်လုပ်ပါ။ ဒို့ကစိတ်ကြမ်းတော့ ပုတီးကလာတယ်။ လက်ကခပ်ကြမ်းကြမ်း ပုတီးကကြမ်းကြမ်းနဲ့ ကိုင်ရတာ။ တလုံးထိ တလုံးသိကိုင်တာဘဲ။ နှခေါင်းက နုတယ်လေ။ တော်တော်တန်တန်သိဘို့မလွယ်ဘူး။ ဘာရဘို့ ညာရဘို့ မစဉ်းစားနဲ့။ လောဘမကြီးနဲ့ ပုတီးလောဘကြီးရင် သောကကြီးတယ်။ (၉)ပတ် ဒို့က (၂၇)ပတ်ထက်မပိုဘူး။ ဒို့တုံးက အရဟံဆိုတာ။ အသံမထွက်ဖူး။ မနှေးမမြန်။ နှေးလွန်းရင် စိတ်ထွက်တယ်။ တစ်လုံးထိ တစ်လုံးသိအောင်ကြိုးစား။ လုပ်ကြည့် မရဘူး။ ၃-၄ လုံးဆိုထွက်သွားတာဘဲ။ သတိနဲ့ကြပ်ကြပ်လေ ထွက်တာဘဲ။ စိတ်ရှည် သီးခံရမယ်။ အဲဒီမှာ စိတ်မြန်ကြောင်းပိုသိတယ်။ ထွက်ရမလားလုပ် မထွက်အောင်ကြိုးစားမယ်ကွဲ့ဆို ပိုထွက်တယ်။ ဒီကနေ (၁၀)လုံး (၂၀)လုံးလောက်မှထွက်တော့တယ်။ အဲဒီတော့မှ အတွေးနဲဖြစ်အောင် လုပ်ရတာ။
အဓိဌာန်နဲ့လုပ်ရတယ်။ အရေးမကြုံ သေရေးရှင်ရေးကြုံတတ်တယ်နော်။ ထင်းခွေမကြုံရေခပ်ကြုံရတတ်တယ်။ အဓိဌာန်နဲ့လုပ်တော့ သူတို့ဆီစာရင်းတင်ထားတယ်။ ဒီဘုရားမှာ အဓိဌာန်တင်ခဲ့ရင် ဒီဘုရားမှာ။ စိတ်ထဲကနေ လှမ်းအာရုံပြုရတယ်။ သစ္စာဆိုလို့ရတယ်နော်။ ကြိမ်စာတိုက်တာမဟုတ်ဖူးနော်။ သူတို့သိတယ် သူတို့တာဝန်နော်။ အဲဒီအထဲမှာ သနားသူတစ်ယောက်ကပေါ်လာတတ်တယ်။ အဓိဌာန်နဲ့လုပ်ကြည့်ပါ အဲဒါ ခရီးသွားဟန်လွဲပေါ်လာတာကိုပြောတာ။ ရှေ့ပေါ်လာမဲ့ဟာက ဒီထက်ပူကြမ်းမှာနော် ဒီတော့ မီးခံဘို့ မီးခံပစ္စည်းလိုတယ်နော်။ ဒို့ကပုတီးနဲ့ ၁၀၈ လုံးကို စိတ်မထွက်ဘူးဆိုရင် အတော်ကိုဟန်ကြတာ။ နေ့ခင်းက ကသိကအောင်ဖြစ်ခဲ့ရင် ညကို (၁၀၈ လုံး တစ်လုံးသိ တလုံးထိဆိုရင်) မရဘူး။ သွားရမှာ အပူကြားသွားရမှမို့ ရှမ်းတွေဆိုတော့ ရှမ်းခမောက်ဆောင်းခိုင်းတာ။ ပုတီး ၉ ပတ်ကို မနှေးမမြန် ၄၅ မိနစ်လောက်ကြာတယ်။ အတွေးမပါရင် သီလစင်ကြယ်တာဘဲ။ စာလို ၀ိသုဒ`္ဓိသီလခေါ်တယ်။ ဥပုဒ်ယူထားလို့ သတ်ခြင်စရာမြင်ရက် မသတ်ရတာ လိုခြင်တာရှိရက်နဲ့ သီလယူထားလို့ တားမြစ်ထားလို့အောင့်ထားရတာ ၀ါရိတ သီလခေါ်တယ်။ ကြက်ယက်သလိုယက်ပြီးအစာရှာစားရတော့ ဥာဏ်နီဥာဏ်နက်တွေထုတ်သုံးလိုသုံး။ သီလစင်ကြယ်ရင် မိုးကုတ် မဟာစည် ဝေဘူတို့ကြည့် သူ့အလုပ်သူလုပ်တာ ဘုန်းကံတွေပွင့်လာတာမဟုတ်လား။ ဘုန်းကြီး မို့လို့မပြောပါနဲ့။ လူလည်း လူနဲ့တန်တာရှိတယ်နော်။
ဘာသာရှိရှိ မရှိရှိ လူဖြစ်လာရင် ပေးတာကမ်းတာရှိတာချည်းဘဲ။ ရွှေလေးတစ်အောင်စလောက်ဟာ အပေါ်က အမှိုက်ပုံကြီးက ဖုံးထားတာ။ ဒို့က လောဘဒေါသ မောဟနဲ့ဖုံးထားတာလေ။ မိုးကုတ်တို့ မဟာစည်တို့ ဝေဘူတို့က ဈာန်နဲ့သွားတာလေ။ အမှိုက်ပုံကို ရှို့ပစ်တာတ်မဟုတ်လား။ သမထကြတော့ အာရုံတခုတည်းတည်တဲ့ ဈာန်။ ၀ိပသာနာက ဖြစ်ပျက်မြင်တဲ့ဈာန်။ဝင်တယ်ထွက်တယ်ဆိုတာ ၀င်တချက်မှတ် ထွက်တချက်မှတ်တာ ဈာန်ဗျ။ ဈာန်ဆိုတာ မြန်မာလို မီးရှို့ပစ်တာ။ မှတ်တယ်ဆိုတာ ရှို့ပစ်တာလေ။ အဟောင်းတွေကိုကော မရှိဘူးလား။ မဟာစည် ဝေဘူတို့က ရှို့ပစ်တော့ ပေါ်တာပေါ့။ တရက်ကို ညတစ်နာရီ မနက်တစ်နာရီလုပ်။ နေ့သားအလိုက်လုပ်။ နေ့တိုင်းမလုပ်ရဘူး နေ့တိုင်းတော့ပျင်းသွားတတ်တယ်။ အထစ်နဲ့လုပ်ရတယ်။ တဆက်တည်းလုပ်ရင် ပျင်းသွားတတ်တယ်။ ရှေ့သွားဘို့ အပူခံ ဒဏ်ခံဘို့ရယ် သွားရင်းစာဘို့ ရိက္ခာထုပ်ကို လုပ်ရမယ်။ သီလမစင်ကြယ်လို့အဲဒါမပေါ်တာ။ အတွေးလုံအောင်လုပ်ခိုင်းတာ ငါဘာလုပ်လို့ ဘာရမယ်ချည်းမမျှော်နဲ့။ သမထဆိုတာ ကိလေသာငြိမ်းတာကို ပြောတာ။ မီးလောင်ဦးမှာနော်။ မီးအမျိုးမျိုးနဲ့လောင်ဦးမှာနော်။ လောကဓံအမျိုးမျိုးနဲ့ တကြိမ်မဟုတ်တကြိမ် တကွေ့မဟုတ်တကွေ့တွေ့မှနော်။ လောကဓံနဲ့ကြုံတော့ ထွန့်ထွန့်လူးပြီး အိမ်မြောင်မီးပြတ်ဖြစ်သွားမယ်။ လုပ်ထားတော့ ဘယ်လိုအပူလာလာ ဒဏ်ခံနိုင်တယ်နော်။
တောမှာ နွားမကြီးနွားငယ်လေးပျောက်တော့ နွားမှကြီးက ၀မ်းဘဲ ၀မ်းဘဲအော်ပြီးရှာသတဲ့ တနာရီလည်းကြာ ရောတိတ်သွားသတဲ့။ ကဲ နွားမကြီးလိုနေနိုင်ပါ့မလား။ ဘုရားလက်ထက်တုန်းက တောထွက်ရဟန်း(၅)ပါး သူတို့ကိုတော်တော်ပြုစုပြီး ဆွမ်းလောင်းတဲ့ ဒကာမကြီးရှိတယ်။ သူတို့ကအတော်အားကိုးဆိုဘဲ။ တနေ့တော့ အဲဒီဒကာမကြီး သေတော့ ရဟန်း(၅)ပါး ခေါင်းခြင်းဆိုင်ပြီးငိုကြသတဲ့။ အဲဒီတော့ ဘုရားကဥပမာပေးတယ် နို့မကွာသေးတဲ့နွားငယ်လေးတွေ နွားမကြီးပျောက်လို့ ၀မ်းဘဲ ၀မ်းဘဲ အော်သလိုဘဲတဲ့။
လောကဓံဆိုတာ လောကဓမ္မတာ ဆိုးရင်ဆိုး ကောင်းရင်ကောင်း။ ဆိုးမှလောကဓံမဟုတ်ဖူး။ သူတော်ကောင်းတွေက ကြိုက်စွန်း မုန်းစွန်းမလိုက် အလယ်ကြားရောက်အောင်စိတ်ကိုထားတာလေ။ ကြိုက်လှချည့်ပယ်ထားတော့ မုန်းလှချည့်ကြတော့လည်း မရှိတော့ဘူး။ ကြိုက်လှချည့်နဲ့တွေ့ရင် မုန်းလာချည့်ကလာမယ် မကြာမှီမျှော်ပါ။
ဒို့ရှမ်းတွေပြောရတာက ဒို့ရှမ်းတွေရှေ့ကို အဆိုးတွေ ကြုံဦးမှာနော်။ ဒါကြောင့်အေးအေးမနေနဲ့ပေါ့။ မြင်တဲ့နေရာက မမြင်တဲ့နေရာက လောကနဲ့ သာသနာအတွက် မြင်အပ်တဲ့နေရာ မမြင်အပ်တဲ့နေရာက တချို့က သီးခံအလုပ်လုပ်တယ် တချို့က သီးမခံဘဲအလုပ်လုပ်တယ်။ အဲဒါကိုလက်မခံဘဲနေမှာလား။ လက်ခံနိုင်အောင် ကိုယ်ကလုပ်ရမယ်။သူတော်ကောင်းအစားစားက ကိုယ့်ပ၇ိသတ်အတွက် လုပ်နေတယ်။ ကိုယ်ကမေ့မေ့ကြီးနေပြီးလုပ်နေရင် ဟိုက ဘယ်လောက်ပို့နေနေ မရောက်ဖူးဗျနော်။ ဒို့ကဒါလေးပြောခြင်တာဗျ
=====================================================
ရှမ်းသာဝကများကို လှူတတ်စေရန် လမ်းညွှန်မှုပြုသော ဆရာတော်ကြီး၏ သြ၀ါဒ
ပုဂ္ဂိုလ်ကိုခင်တော့် ဘာရမှာလဲ။ ဘာမှမရဘူး။ သံဃာဂုဏ်ကိုအာရုံပြုရမှာနော်။အကျင့်ဂုဏ်ကို အာရုံပြု အကျင့်ဂုဏ်ကို သံဃာလို့ပောာတာ။ အဲဒါဆို ဘုရားနဲ့အတူတူဘဲ ဘုရားကျင့်သလိုကျင့် ဘုရားသိသလို သိနေတာ ဥာဏ်တွေပေါင်းစုထားတာ သံဃာလို့ပြောတာ။
ဆွမ်းတစ်ပုဂံနဲ့ရှိရှိသမျှသံဃာအကုန်ပါတာဘဲနော်။ စွဲအားကြီးလို့ လိုခြင်သလောက်မရတာ။ သံဃာကိုမြင်ဘူးရဲ့လား။ အကျင့်ဂုဏ်မြင်ဘူးလို့လား။ အကျင့်ဂုဏ်အာရုံပြုလှူနော်။
ကျေးဇူးတင်လွှာ။
မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးအတွင်းတွင် သီတင်းသုံးစဉ် တရားဟောပြောစဉ်ကာလမှ ဟောကြားသော တရားများကို အခက်အခဲအမျိုးမျိုးကြားမှ သွားရောက်မှတ်တမ်းတင်ရိုက်ကူးပေးထားသဖြင့် ယခုကဲ့သို့ ကြားနာရ တင်ပြနိုင်ခြင်းဖြစ်ပါသည်။ မှတ်တမ်းတင်ရိုက်ကူးထားသော အောင်နီဦး (ဗွီဒီယို) ဦးသန်းရှိန်+ဒေါ်ခင်မာနှင်းမိသားစုနှင့် ရွှေဘို မုံရွာ ဇီးကုန်း နတ်တလူ ရန်ကုန်မှ သံဟိတာအဖွဲ့များအား ကျေးဇူးအထူးတင်ရှိပါကြောင်း။ စာစုများသည် ဆရာတော်ကြီး၏ တရားခွေများမှ ကောက်နှုတ်ထားခြင်းဖြစ်ပြီး ကြားနာခွင့်မရရှိကုန်သော ဝေနေယျများအား မိမိကိုယ်နှင့် ထပ်တူနှိုင်းချင့် ကိုယ်ချင်းစာနာစိတ်ဖြင့် ဘလော့တွင် တင်ခြင်းဖြစ်ပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး