|
တရားစစ်ရာ ကျောင်းရှေ့တွင် တန်းစီနေသော ယောဂီများ |
|
ဓမ္မရုံပေါ်မှနေ၍ ဆွမ်းစားကြွမည့် ယောဂီများ ညီညီညာညာတန်းစီနေပုံ မြင်ကွင်း |
|
ဆွမ်းဘုန်းပေးနေတဲ့ ယောဂီများကို စောင့်ကြပ်နေတဲ့ ဒေါက်တာနေမိန္ဒ |
|
ဆွမ်းဘုန်းပေး ပြီး ပြန်ကြွသွားသည့် ရဟန်းယောဂီများ |
|
စင်္ကြန်လျောက်နေကြသော ယောဂီများ။ စကားပြောခြင်းကို ကြပ်တည်းစွာတားမြစ်ထားလို့ ယောဂီ(၇၀၀)ကျော်ပေမဲ့ စကားပြောသံကို မကြားရသလောက်ပါဘဲ။ ဓမ္မာရုံရှေ့မျက်နှာစာဖြစ်ပါတယ်။ ဒီဓမ္မရုံကို မူဆလင်ဘာသာကနေ ဗုဒ္ဓဘာသာ ကူးပြောင်းလာတဲ့ သူက တစ်ဦးတည်း လှူထားတယ်လို့ ဆရာတော် ဦးဝိသုဒ္ဓစာရထံမှ သိရပါတယ်။ |
ချမ်းမြေ့ရိပ်သာ ပြင်ဦးလွင် အနီးစခမ်းသည် ရန်ကုန်မှ ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနက ဘိဝံသ တည်ထောင်ထားသော ရိပ်သာဖြစ်ပါသည်။ ရာသီဥတုအေးမြခြင်းကြောင့် နွေရာသီတွင် ယောဂီများ ရာသီဥတုဒဏ်ကို မခံစားရဘဲ သက်တောင့်သက်သာ တရားထိုင်နိုင်သောရိပ်သာဖြစ်ပါသည်။ ဆေးများကို လည်း လိုလေသေးမရှိ ဆွမ်းလိုလေးသေးမရှိ ရေလိုလေးသေးမရှိပါ။ အေးမြသောရာသီတွင် ယောဂီများ ချမ်းသာစွာရေချိုးနိုင်ရန် ရိပ်သာများတွင် ရေပူစက်များကိုလည်းတပ်ဆင်ထားပါသည်။ နှစ်ထပ်ရေကန်များကိုလည်း ထပ်မံတည်ဆောက်ထားခြင်းကြောင့် ရေပြတ်သည်ဟုလည်း မရှိပါ။ ယောဂီ(၇၀၀)ကျော်အား စိတ်အေးချမ်းသာစွာ တရားရှုမှတ်နိုင်ရန် စီစဉ်ထားသည်မှာ ဒေါင့်စေ့လှပါ သည်။ တရက်လျင် ရိပ်သာစရိတ် ၃၀၀ိ/- သာကောက်ခံပါသည်။ ကျန်သည်အလှူအတန်းများမှာ မိမိတို့ သဘောကျ လှူလိုလှူ ။ ရုံးခန်းသီးသန့်ထားရှိပြီး ကိစ္စအ၀၀တို့သည် ရုံးခန်းနှင့်သာ ဆက်သွယ်လုပ်ဆောင်နိုင်ရန် စီစဉ်ထားရှိပါသည်။
စခန်းဝင်လျင်ပင် တရားထိုင်ခြင်ထောင်နှင့် တရားထိုင်ရေမြှုပ်ကို ထုတ်ပေးလိုက်ပါသည်။ ချမ်းမြေ့စွာတရားထိုင်နိုင်ရန် ချမ်းမြေ့အောင် စီစဉ်ထားပေးသော ဆရာတော် ဦးပညာနန္ဒ၊ ဦးဝိသုဒ္ဓစာရနှင့် ဦးဇင်းများအားလုံးအား ရိုသေစွာကန်တော့လိုက်ပါသည်။ ရေစက်ကို ရေမပြတ်ရအောင်အစစ သတိနှင့် ရေတင် ရေချပေးသော ဦးဇင်းအား လည်းကောင်း ရိုသေစွာကန်တော့ပါ၏ဘုရား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး