Sunday, January 6, 2013

ဝေဘူဆရာတော်ကြီးက (ရဟန္တာဆိုတာ ကိုရင်လေးတွေက ဖြစ်လာတာဗျ)






အနာဂတ်သာသနာ အလောင်းအလျာလေးများ (ညောင်ဦး)

ဒီပုံလေးတွေဟာ ကျမညောင်ဦးကို ခရစ်စမတ်ရုံးပိတ်ရက်မှာ သွားရောက်ပြီး ဘလော့လေးတခုလုပ်ပေးခဲ့တဲ့ ဂူကျောင်းလို့ခေါ်တဲ့ ရွှေဂူ ပရဟိတ မိဘမဲ့ (တခြမ်းကော၊ နှစ်ခြမ်းမဲ့တာရော) ဘုန်းတော်ကြီးသင်အခမဲ့ ပညာရေးကျောင်း (မူလတန်း)မှ ပုံများဖြစ်ပါတယ်။ ကျမက ဒီကိုရင်လေးတွေကို တန်ဘိုးထားပါတယ်။ အနာဂတ်သာသနာမှာ အားကိုးအားထားပြုရမဲ့ ဆရာတော်ကြီးတွေ၊ တိပိဋကတ်ဆရာတော်ကြီးတွေ၊ သာသနာတော်မှာ သိက္ခာသုံးရပ်ကိုသယ်ဆောင်လာတဲ့ ဆရာတော်ကြီးတွေ ဒီအထဲကနေ မပေါ်ထွက်လာဘူးလို့မပြောနိုင်ပါဘူး။
ဗမာကိုရင်လေးတွေကနည်းပြီး ကယား ကရင်နဲ့ ပဒေါင်လူမျိုးတွေသာများပါတယ်။ ကျမဧပြီလမှာ ချမ်းမြေ့ရိပ်သာ(ပြင်ဦးလွင်)ကအပြန် စာခဏ၀င်သင်တော့ ဗြောင်းဆန်အောင်ဆော့သလို စကားမပေါက်တဲ့ ကိုရင်လေးတွေဟာ အခုဆို စည်းကမ်းသေ၀ပ်ပြီး တော်တော်ကို တိုးတက်လာတာကို တွေ့ရပါတယ်။ ဗမာစကားလည်း အများကြီးပြောတတ်လာပါတယ်။
ကျမကတော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောခဲ့မိန့်ခဲ့သလို ထီလက်မှတ်အသစ်လေးတွေ ကိုင်ထားတဲ့ ကိုရင်လေးတွေကို တန်ဘိုးထားပါတယ်။ ထီလက်မှတ်သစ်ဆိုတာ ထီမဖွင့်မချင်းမသိနိုင်ဘူး။ ဒီအထဲက သိန်းအများကြီးပေါက်တဲ့သူလည်းပါနိုင်ပါတယ်တဲ့ရှင်။
ဝေဘူဆရာတော်ဘုရားကြီးကတော့ ရဟန္တာဆိုတာ ကိုရင်လေးတွေကဖြစ်လာတာဗျ။ ကိုရင်လေးတွေကို မလေးမစားမလုပ်နဲ့လို့ မိန့်ခဲ့ဘူးပါတယ်။ စိတ်ဝင်စားစရာ ကိုရင်လေးတွေအကြောင်းကို
www.gukyaung.blogspot.com မှာဖတ်ကြည့်ကြပါလို့ရှင်။
အနာဂတ်သာသနာအလောင်းအလျာလေးတွေကို သူတို့တွေအတွက် ဒကာ ဒကာမအဖြစ်နဲ့လည်း ချီးမြှောက်အားပေးကြပါဦးလို့။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts