Friday, June 15, 2012

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အတားငါးပါးတရားတော်


မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အတားငါးပါးတရားတော်မှ ကောက်နှုတ်ချက်
၁၃၇၂ ကဆုန်လဆန်း()ရက်နေ့တွင် တပည့်ဒကာ ဒကာမအား ရိပ်သာတွင် တရားထိုင်ခြင်းနဲ့ပတ်သက်ပြီး မဟာဗောဓိမြိင်ဆရာတော်ကြီး၏ သြ၀ါဒပေးသည့် အတားငါးပါးတရားမှ ကောက်နှုတ်ချက်များဖြစ်ပါသည်။
လိုခြင်တာတရားဘဲ။ သီလဦးစားပေးရမဲ့ခေတ်မဟုတ်ဖူး။ အပြန်လမ်းကောင်းအောင်လုပ်ကြစို့ အပြန်လမ်းကောင်းအောင်လုပ်နိုင်ပါ့မလား။ အပြန်လမ်းကောင်းဘို့လိုသေးတယ်ဗျ။ အလာကတော့
ကြက်ကန်းဆန်အိုးတိုးထင်တယ်။
တရားကို ရှာနေရင် ဘယ်တော့မှ မရဘူး။ အမှတ်ခိုင်းတာ အရှာခိုင်းတာမဟုတ်ဖူး။ ဘာလို့မှတ်ရတာတုံး မေးရင် မတွေးဖြစ်အောင်မှတ်ရတာ။ မတွေးဖြစ်ရင် ဖောင်းတာ ပိန်တာက သူ့အလိုလိုပေါ်လာတာ။ ဘာတရားမှ မရှာနဲ့ မတွေးဖြစ်လို့ရှိရင် မှတ်နေတဲ့အောက်က ရှု့ကွက်က သူ့အလိုလိုပေါ်တာ။ ဘာမှမတွေးလေ ပိုထင်ရှားလေနော်။ ဖောင်းတယ်ပိန်တယ် မှတ်မှတ် ဘာနည်းနဲ့မှတ်မှတ်။ သူက ပင်တိုင် အဲဒီမှာ ခန္တာက နာကြင်မယ်ဆိုရင် စိတ်က နာတဲ့ဘက်ရောက်နေရင် အဲဒီအခါနာတာကို မှတ် ဖောင်းပိန်ကိုလွတ်လိုက်။ နာတာဘဲသိမှာပေါ့ အဲဒီလိုမမှတ် ရင် ငါ့ခြေထောက်ကဘယ်လို ငါနာတာက ဘယ်လိုဖြစ်တယ်နဲ့။အဲဒါဆို့ အတွေးကပါလာရော။ နာတာမှတ်တော့ အတွေးမပါတော့ဘူး။
တွေးတာကလည်းတွေးမှာ ကိုယ့်ဘက်က မှတ်စရာရှိတာသာမှတ်။ အဖွားဘက်က မှတ်သာမှတ် ဒီဘက်အားကောင်းရင် တဖက်ကနောက်ဆုတ် သွားတာဘဲ။ တရားကို ရှုတဲ့အခါ မှားတယ် မမှားဘူးဆိုတာ ကိုယ့်အလုပ်မဟုတ်ဖူး။ ရုပ်နာမ်နှစ်ပါးကို ဆရာကိုအပ်ရတာ။ အဖွားက ရုပ်သာအပ်တာ နာမ်မှ မအပ်ဖဲကိုး။ ဒီတော့ ငါလုပ်ခြင်တာလုပ်နေတာပေါ့။ ဆရာက မညှာမတာ ဆုံးမလိမ့်မယ်။ဆုံးမပိုင်ခွင့်ရှိတယ်။ အဖွားစိတ်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို့။ မဟာစည်က အဆစ်ထည့်လိုက်သေးတယ် ဆီသယ်မလက်သုတ်ဖတ်ကဲ့သို့ ထားရမယ်တဲ့။ လက်သုတ်ဖတ်က နွမ်းကြေနေတာ ထောင်ထောင်ထောင်ထောင်ရှိသလား။ မရှိဘူး။ကိုယ်ကတင်ပြ သူကတည့်ပေးလိမ့်မယ်။ ဆရာကို ကိုယ်ဖြစ်တာကို မချွင်းမချန်တင်ပြရတယ်။ အထင်ကြီးအောင်လည်း ပိုမလျောက်နဲ့။ ဆုမှာစိုးလို့ဆိုပြီးလည်း လိုလည်းမလျောက်နဲ့။ အရှိအရှိအတိုင်း ဆရာကို လျောက်ရမယ်။
ဒို့တုံးကဖြစ်တာလေ။ ပြမဲ့သူမရှိပါဘူးဗျာ ဆရာလည်း မလျောက်ခဲ့ပါဘူး။ဖောင်းတာပိန်တာက မှတ်မရ မှတ်မရရင် အသက်ရှူကြပ်လာတယ်(ရေနံဆီဗုံဘိုင် လျှာမလိုက်သလိုဘဲ) အဲဒီအခါဘ၀င်လေက ဆောင့်တိုးတော့တယ်။ လက်ဝဲရင်အုပ်မှာ တံစူးနဲ့ထိုးသလို ကန့်လန့်ချည်းထိုးတာ။ ဖောင်းတာအထက်ထိ မတက်တော့ဘူး။ ဘ၀င်မြင့်တယ်ဆိုတာ အဲဒါကိုပြောတာအဖွားရ။ စိတ်အထိုင်မကျရင် ကန့်လန့်ကြီးထိုးတာ။ ပေရှုရတယ် ဘယ်လိုမမှတ်မရတော့ဘူး။ ဒို့တော့ အောင့်တာကော ကြပ်တာရော။ဒို့ခံခဲ့ရတာပြောတာ။
ရိပ်သာကို သွားကတည်းက လိုခြင်လို့ယူမယ်ဆိုပြီး သွားရင်ခံရမယ်။ ကြည့်မယ်ဆိုပြီးသွားရင် မဖြစ်ဘူး။ ရှုကွက်က ဇတ်ရုံနဲ့တူတယ်။ တရားမှတ်တာ ဇတ်ကြည့်သလို စောင့်ကြည့် ရတာ။ ယူမယ်လို့သွားရင် ခံရတယ်။ ခန္တာက ပြတာကြည့်နေ။ အောင့်တာသိနေရင် အောင့်တယ်မှတ်မှတ် တင်းတယ်မှတ်မှတ် ကြိုက်သလိုမှတ်။ လိုခြင်တာက အတွေးမ၀င်နိုင် အောင်မှတ်ခိုင်းတာ။ နင်ဖြစ်ခြင်သလိုဖြစ်ဆိုပြီး လွတ်လိုက်ပြီး သိယုံသိလိုက်ယုံဘဲ၊။
ဖောင်းတယ် ပိန်တယ်ဆိုတာ ရှုမှတ်သတိ ကိုယ့်အိမ်ကနေပစ္စည်းတွေကိုယ်ကြည့်နေသလို။ အောင့်မေ့သတိဆိုတာ အခုနေရာကနေ ကိုယ့်အိမ်ကို လှမ်းသတိရတာ။ ရှုမှတ်သတိက ဖောင်းတယ် ပိန်တယ် (သို့မဟုတ်)၀င်တယ် ထွက်တယ်မှတ်တာ။ ဖောင်းပိန်နေရာ သတိလေးသာကပ်ထား အောင့်မေ့သတိက ပရမတ်ပေါ်အောင်ဖော်ထုတ်တာ။ တရားရအောင် အောင့်မေ့သတိကတာဝန်ယူတာ။ ဖောင်းတာ ပိန်တာရှိရှိ မရှိရှိ သတိလေးနဲ့သာထားပြီးကြည့်။ စာအရဆိုရင် ၀ိတက် ၀ိစာရ ခေါ်တာ။ စိတ်အေးလက်အေးလေးနဲ့ အဲဒီနေရာလေးကို ကြည့်လိုက်တယ်။ သိယုံလေးသိအောင်နေလိုက်တာ။ အဲဒီလိုကြည့်နေရင်းနဲ့ အောက်က လှုပ်လှုပ်လေးဗျ။  ဖောင်းရင် ဖောင်းတယ်လို့မှတ်လိုက် အဖွားဝင်မရှုတ်နဲ့။  စာလို စိတ်ဓါတ်တက်ကြွလို့ ဖြစ်တဲ့ရောဂါ တင်းလာကြပ်လာတယ်။ နင်ဖြစ်ခြင်သလိုဖြစ်လို့ လုပ်လိုက်ပြီး နေတာ အဲဒါ ဥပက္ခာ ပွားလိုက်တာ။
အဲဒါစိတ်ဓါတ်တက်ကြွလိုဖြစ်တာ။ နင်ဖြစ်သလိုဖြစ်လို့ လွတ်လိုက်ရတော့မှ အေးသွားတာ။ ဗောစ္ဇျင်()ပါးမှာ သတိနှုတ်လိုက်တော့ အပေါ်က ()ပါးက တက်ကြွတဲ့သမားတွေအတွက်လုပ်ရတာ။ ဥပက္ခာရယ် သမာဓိရယ် ပဿတိရယ်က အဖွားလိုတက်ကြွတဲ့သူတွေပြင်ပေးတာ။ နင်ဖြစ်ခြင်သလိုဖြစ်ဆိုတာ ဥပက္ခာပွားခိုင်းတာ။ ဒီလိုတက်ကြွပါ။ ပဿတိ ရှုကွက်ထဲ သတိလေးနဲ့ အနားယူလိုက်တာ ပသတိဖြစ်တယ်ပေါ့ ဗိုလ်က ဥပက္ခာရယ် လှုပ်လှုပ်လေးကို ဓမ္မ၀ိစာရခေါ်တာ။ ပျင်းလို့လျော့ကျတဲ့စိတ်ကတော့ အောက်သုံးပါးပေါ့ ၀ိရိယ ပီတိ ဓမ္မ၀ိ ဟုသုံးတယ်။ လှုပ်တုတ် လှုပ်တုတ်လေးကို ဓမ္မ၀ိရိယခေါ်တာ စိတ်ကိုအားပေးရမယ်။ ရန်လုပ်ပြီး မခိုင်းရဘူး။ အဲဒါက ပျင်းတဲ့သူကုဘို့။ စိတ်အေးလာရင် ဖောင်းတာလေးက လှုပ်လာပေါ့ နင့်ဟာနင် လှုပ်ခြင်လှုပ် မလှုပ်ခြင်နေလို့ စိတ်အနားကိုယူလိုက်တာ အဲဒါက သူ့ဟာသူအလိုက်သင့်လေးဖြစ်လာတော့မှ ဖောင်း ဖောင်းတယ်မှတ် ပိန်ပိန်တယ်မှတ်ပေါ့အဖွား။ ဖောင်းတာ ပိန်တာ ပြန်မှတ်ပေါ့ဘုရား။
တရားက ရှာလေ မရလေနော်။ ထမင်းစားခိုင်းတာမဟုတ်ဖူး။ ထမင်းစာတာက လုပ်ယူရတာ။ ဒါက ကြည့်တာ ပွဲကြည့်တာ။ အိမ်ကတည်းက လေ့ကျင့်သွား။ ၀တ် တစ်ခုအဖြစ်ထားလုပ်။ ညဘယ်အချိန်ဆို ဘယ်အချိန် ဘယ်နှစ်နာရီ ဘယ်နှစ်ရက် လုပ်။ အဲဒါကို အဓိဌာန်လို့ခေါ်တယ်။ ငရုတ်သီးစား ဘာတွေ့လဲ စပ်တာတွေ့မှာပေါ့ ဘယ်လိုစပ်သလဲ။ မပြောနိုင်ဘူး။ အဆုံးအထိလိုက်လေ အဲဒါတရားဘဲ။ မရှာနဲ့ မှတ်တာမှာ စိတ်ဝင်စားရင် မတွေးတော့ဘူး။ (အိမ်တွင်းရေးအဆင်မပြေရင် အပြင်လျောက်လည်တာမဟုတ်လား။ အိမ်တွင်းရေး အဆင်ပြေရင် အပြင်လျောက်ထွက်လည်လို့လား)
ဖောင်းအေး ပိန်နွေးလေးတွေ့လာလိမ့်မယ်။ ထန်းလျက်နဲ့ကြံသကာလိုဘဲ ချိုတာခြင်းတူပေမဲ့ အရသာခြင်းမတူဘူး။ ချိုပုံချိုနည်းသိအောင် လုပ်ရမယ်လေ။ မရှာမှ၊ မတွေးဖြစ်မှ သွေးအေးမှ၊ ပေါ်မှာ မှန်ကြည့်တော့ အရိပ်ဖြတ်သွားတာ ပေါ်သလိုဘဲ။ ဆရာကြောက်လို့လုပ်ခဲ့ရတာ။ ဒို့စေတနာ တမတ်သားထက်မပိုဘူး။ အဲဒါက ဖြစ်ပျက် မြင်တာ။မှတ်ပါများလာတော့ ဖောင်းအေးလေးကလည်း လှုပ်လှုပ၊် နွေးလည်းလှုပ်လှုပ် တချိုယောဂီများက ရိပ်ရိပ် ရိပ်ရိပ်လို့ လျောက်တတ်တယ်။ အဲဒါသူမမြင်ဘူးတာ တွေ့သွားတော့သူက စိတ်ဝင်စားလာပြီ။ ရှုကွက်နဲ့မှတ်စိတ်တည့်ဘို့၊ မှန်နဲ့မျက်ခွက်တည့်ရင် အရိပ်ပေါ်သလို မှန်ကြည်ကြည်သလောက်အရိပ်ပေါ်တယ် မဟုတ်လား။
ငါဝင်ရှုတ်ရင်အလုပ်များမယ်။ နောက်တခါဒီလိုပေါ်အောင်လုပ်မယ်လို့ လုပ်ရင် သွားပြီသာမှတ်။ တရားသမားမှာ အတား()မျိုးနဲ့တွေ့မှာ။ ထုတ်စည်းတိုးဘူးလား။ စည်း()ချက် ()ယောက်စီလေ။ ထုတ်ဆိုတာ ခေါင်မိုးက ထုတ်လေ။ ဒီထုတ်ပေါ်ကနေ စည်းတားတာ။ အဲဒီအတိုင်း မြေကြီးပေါ်မှာ စည်းချတာလေ။
အဖွားရောဂါ ဒို့ရောဂါက
()လိုခြင်စိတ်ကြီးနဲ့လုပ်တာ နံပါတ်()အတား
() မခံခြင်စိတ်နဲ့လုပ်တာက အတား
() တရက်ထက်တရက် လိုခြင်သလို ဖြစ်မလာတော့ စိတ်ဓါတ်ကျလာပြီ စိတ်တွေပြန့်လွင့်ကုန်ပြီ ထိနမိတ္တ ၀င်လာပြီ စိတ်ဓါတ်ကျလာပြီ
() ဒီလောက်ကြီး ပင်ပင်ပန်းပန်းလုပ်ထားတဲ့အထဲ စိတ်ဓါတ်က ကျလာပြီ။ အဲဒါ ဥဒ္ဓစ္စခေါ်တာနော်
ငါငယ်ငယ်ကသာ လုပ်ခဲ့ရင် ကိုယ့်ထက်ငယ်တဲ့သူတွေက တက်သွားရင် တောက်ခေါက်သေးတာ။ ဒို့တုံးက (၁၈)နှစ်သမီးလေးက တရားရတာ။ ဒို့က အဲဒီတုံးက (၃၈) သူတို့လေးတွေနဲ့သွားကြည့်ပြီး ငါငယ်ငယ်တုံးက လုပ်ခဲ့ရင် ဆိုတာ အဲဒါလည်းအတားဘဲ။ အိမ်ထောင်သည်နဲ့ လူလွတ်နဲ့ကလည်းမတူဘူးလေ။
() ဒီအတိုင်းဆက်အားထုတ်ရကောင်းမလား ပြန်ရကောင်းမလား အဲဒါအတား
သူဖြစ်ခြင်ရာဖြစ် ဆရာခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင် အဲဒီအတားမဖြစ်ဖူး။ စစ်တပ်နဲ့နှိုင်းမယ်ဆိုရင်
တိုက်ပွဲအောင်ခြင်း မအောင်မြင်ခြင်းသည် တပ်သားအလုပ်မဟုတ် တပ်မှူးအမိန့်လိုက်နာခြင်း မလိုက်နာခြင်းသာ တပ်သားအလုပ်။ တိုက်ပွဲရှုံး၇င် တပ်မှူးက ထုချေတင်ရမှာ တပ်သားကမဟုတ်ဖူး။
ဒါကြောင့်သူ့မှာသာတာဝန်ရှိတယ်။ ကိုယ်က သူခိုင်းတာလုပ်ယုံဘဲ။ တခါတခါ အဲဒါကို သောဝစသနဂုဏ်လို့ခေါ်တယ်။ ဆရာ့စကားမြေ၀ယ်မကျ နားထောင်တာလေ။ သူခိုင်းတဲ့အတိုင်းလုပ် ဆရာ့တာဝန်။ ဆရာပြောတဲ့အတိုင်းလုပ်။
ဆရာက ဘယ်လိုလုပ်ဘယ်လိုလုပ်လို့ပြောလိမ့်မယ်။ အဲဒီအတိုင်းလုပ်ဖို့က အရေးအကြီးဆုံးဟောပြောမှုနဲ့ ပြသမှုမှာ ပြသမှုကအရေးအကြီးဆုံး။ ဆရာကလမ်းညွှန်တဲ့ တိုက်ကွက်ကိုပြောင်းရမယ်။ သူလက်ညှိုးထိုးတဲ့ အတိုင်းမဟုတ်တောင် အဲဒီအနီးတ၀ှက်ကိုရအောင်လုပ်ရမယ်။ ပြင်ပေးတာကို ပြသမှုပြောတာဘဲ။ အတွေးနည်းရင် သလောက် လှုပ်လှုပ်တွေမက မြင်လာတာ။
 ဖောင်းတာပိန်တာနဲ့ ၀င်လေထွက်လေက သိပ်တော့မကွာဘူး ဗမာကြက်သွန်လှီးနဲ့ကုလားမ ကြက်သွန်လှီးနဲ့ ကွာတာဘဲရှိတာ။ လေနမိတ်ကို ဖြစ်ခြင်တာဖြစ် ကိုယ့်ရှုကွက်မလွတ်နဲ့။ ငါလိုခြင်တာပေါ်ပြီလို့ ၀မ်းသာစိတ် ပေါ်ရင် အဲဒါပျောက်မယ်။ နာရီချိန်သီးလို ဖြစ်ဖြစ် အထက်တက်အောက်ဆင်းဖြစ်နေရင် အဲဒါစိတ်ကစားတာ ပြတာ။ စိတ်ကအာရုံနောက်ပါရင် ရှည်မယ်။ သူ့ဟာသူဘယ်ဆန်ဆန် စုန်စုန် ဘယ်ဒေါင့်ကထွက်ထွက် ကိုယ်ကစောင့် ကြည့်။ ငါဝင်မရှုတ်လေနဲ့။ မလိုခြင်မှရတာ။ ထုတ်စည်းနဲ့ ဥပမာပေးထားပြီ။ အတား။
မှတ်လို့သိတဲ့ဥာဏ် မှတ်ဥာဏ၊် စိတ်တည်လို့ သိတဲ့ဥာဏ်က သမာဓိဥာဏ် အာရုံမှန်လို့  သိတဲ့ဥာဏ်က အာရုံမှန်ဥာဏ် သမာဓိဥာဏ်က ရှေ့ကတက်မှ ပညာဥာဏ်ကနောက်ကလိုက်တာ။သမာဓိကရှေ့ကသွားမှ ပညာကနောက်ကလိုက်တာ။ ပညာဥာဏ်က မမှီရင် သမာဓိက ထူထောင်နေရတာ။ အဲ ပညာဥာဏ်က နောက်ကနယ်သိမ်းတော့တာ။ ပွဲကြည့်သမား ဗျောခေါက်မှထခဲ့။ ခလေးပွဲကြည့်မကြည့်နဲ့။ လူကြီးလိုပွဲကြည့်။လူကြီးပွဲကြည့်က ဇတ်ကောင်ကြည့်ပြီး ဇတ်လမ်းကို သိတာ။ ခလေးက ဒါမင်းသား ဒါမင်းသမီးသိတာပေါ့။ လူကြီးကြတော့ သညာနောက်မှာ ပညာပါတယ် အတွေ့အကြုံအရ။ မွေးတည်းက ခန္တာထဲပြနေတဲ့ ဇတ်ရုပ်တွေ။ အဲဒါ အဖွားက ဇတ်လမ်းမသိတာ။ ဇတ်လမ်းသိအောင် ခိုင်းတာဗျား။
သာဓု- သာဓု-သာဓု
မိမိကိုယ်တိုင်လည်း အတား(၅)ပါးမှ လွတ်ကင်းပြီး သာသနာတွင်းတွင် ဘာသာတရားအားအလေးအမြတ်ပြုကြ သူအပေါင်းလည်း အတား(၅)ပါးမှကင်းဝေးကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts