အင်တာနက်ဆက်သွယ်မှုများ ခုတလောတွင် အလွန်နှေးနေသည်ဟု သတင်းစုံဖော်ပြထားကြသည်ဟု ကျမရုံးမှ ခလေးများက ပြောပါသည်။ မြေအောက် ကေဘယ်များ ထိခိုက်မှုကြောင့်ဟုသိရပါသည်။ သို့အတွက်ကြောင့် အင်တာနက်သုံးသူများသည် အတော်စိတ်ညစ်နေရပြီးလျင် အခက်အခဲများစွာ ဖြစ်နေကြပြီး နိုင်ငံတကာဆက်သွယ်မှုများတွင်လည်း အခက်အခဲအတော်ဖြစ်နေကြသည်ဟုသိရပါသည်။
ဗောဓိရိပ်ငြိမ်ဆရာတော်၏ ဓမ္မကဗျာများ တပုဒ်ပြီးလျင် တပုဒ်တင်မည်ဟု အားခဲထားသော်လည်း ပထမ တပုဒ်ဖြစ်သော လှေငယ်ရှင်နှင့် ပင်လယ်ပြင်နှင့် ကဗျာတပုဒ်တင်ပြီးကတည်းက မည်သည့်နည်းနှင့် လုပ်၍ မှ မရနိုင်တော့လိုက်အောင် အင်တာနက်တွင် upload တင်သည့်အခက်အခဲဖြစ်လာပါသည်။
သို့ကြောင့် အင်တာနက်ကောင်းသည်နှင့် တင်ပေးလိုက်ပါမည် ထိုအခါမှ အားရပါးရ ဖတ်ရှုကြစေလိုပါသည်။ အကယ်လို့ iPstar အင်တာနက်ဆက်သွယ်မှုများကောင်းပါက ၄င်းကိုအသုံးပြုပြီးတင်ပေးလိုက်ပါမည်ရှင်။
ယနေ့ကတော့ ကျမတို့ လက်လုပ်တောင် တောင်ပိုင်ကြီးမှ ၀င်ပြီး ၄င်း၏ဘ၀တခုမှ ညီအမတော်သူ ဒေါ်နီရဲ့ ပရောဂထုတ်ပေးမှု အပင်းသွင်းတာထုတ်ပေးမှုတို့ ယခုခေတ်မှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်ကို တကယ်မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပါတယ်။ လူများလွန်းတော့ ကိုယ်ကနောက်ဆုံးကမို့ သူနဲ့လည်း မစစ်ဆေးလိုက်ရပါဘူး။ မနက် ၂ နာရီတည်းကတို့ ညအိပ်စောင့်တာ တဲ့ လူနာတွေရှိတဲ့အတွက်ကြောင့် သူကိုတိုးဘို့မလွယ်ပါဘူး။
ဒါပေမဲ့ စပ်တော့စုလိုက်ရပါသေးတယ်။ ဖုန်းကလည်း ဘက်ထရီကျနေတော့ ပုံတွေလည်း တပုံတည်းဘဲ ရိုက်ခဲ့ရပါတယ်။ နောက်တော့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ တင်ပေးလိုက်ပါမယ်ရှင်။
Sunday, July 28, 2013
အင်တာနက်ဆက်သွယ်မှုအခက်အခဲနှင့် တင်ရန်ရှိသော ဓမ္မကဗျာများ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး