ဓမ္မသာလာ ဘလော့အား ဖတ်ရှုသူများအား ဘလော့တင်သူ ကျမမှလေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ ကျမသည် ၁၉ ရက် ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံတွင် လာရောက်ကျင်းပမည့် ဌာနတွင်းအစည်းအဝေးအတွက်ကြောင့် အလုပ်များနေပါသဖြင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ တရားများကိုယခုတပတ်တွင် တပုဒ်လောက် ထပ်တင်ဦးမည်ဟုစိတ်ကူးပါသော်လည်း မတင်ဖြစ်ခဲ့ပါ။
တရားများကို နာခြင်းတွင် လမ်းမဆုံးစေဘဲ ကျင့်တာကိုမှအားပေးသော ဆရာတော်ဘုရားကြီး၏ တိုက်တွန်းမှုကို ရိုသေသောအားဖြင့် မအားသည့်ကြားမှ တရားကိုတော့ တချိန်တော့ထိုင်ဖြစ်အောင် ထိုင်လိုက်ပါသည်။ တခါတရံတွင် ပတ်ပတ်လည်တွင် ရှိသော အသက်သာကြီးသော်လည်း တရားအားနည်းသော သူများရှိသည့် ပတ်ဝန်းကျင်တွေနေရသည့်အတွက်လည်း စိတ်ကိုကြံခိုင်အောင် လုပ်ရသည်မှာလည်း တရားထိုင်ထားမှာသာဖြစ်ပါလိမ့်မည်။
ယခုကာလတွင် ၀ဋ်ကျွေးထက် ခေတ်ကာလကဖြစ်လာသော အကျွေးများကပိုရင်ဆိုင်ရတာ များသည်ဟု ထင်ပါသည်။ ကျမကတော့ ၀ဋ်ကျွေးတွေ ခေတ်ကျွေးတွေများသည့် ကာလတွင် ဆရာတော် ဦးဇောတိက (မဟာမြိုင် ပျဉ်းမနား)တွင် သီတင်းသုံးခဲ့သော လွန်ခဲ့သောနှစ်(၂၀)ခန့်က တရားထိုင်ထားမိသည်မှာ မှန်သွားသည်။ နောက်မို့က ဆရာတော်ဘုရားကြီးပြောသလို ပူမယ်နော် ခံရဘို့သာပြင်ထား။ လုကြယက်ကြမယ်နော် နောင်ကို ဒီထက်ဆိုးမယ်။ ရာသီတွေက အပူဘက်ကိုများ အဟာရကမပြည့်တဲ့ အစာကြမ်းတွေစားရတော့ စိတ်ကြမ်းကုန်မယ်ဆိုတာကို ကျမခေါင်းတွင် သံမှိုစွဲသလိုစွဲထားပါသည်။
မတော်လောဘအတွက် နောင်သံသရာပါတာလုပ်မည့်အစား မဟုတ်တာတွေကို ပယ်ပယ်နယ်နယ်လုပ် တတ်သော အာဏာရှိသူလူစုတချို့၏ ဒဏ်ကလည်း ခံရပါလိမ့်မည်။ ခံဘို့သာပြင်ထားဟုတောင် ထပ်ဆင့် တွေးမိပါသည်။
ဆရာတော်ဘုရားကြီး၏ စာအုပ်(၃)အုပ်ထပ်ထွက်နေပါသည်။ ကျမလည်း ဆရာတော် ဦးခေမာမှာ မှော်ဘီ၊ ဗောဓိရိပ်ငြိမ်ကျောင်း တရားစခန်းတွင် ဆရာတော် ဦးဗောဓိ (အရှင်က္ကုန္ဒာစရိယ) ဦးစီးသောတရားစခန်းတွင် သွားရောက်ကူညီနေပါသဖြင့် ကျောင်းတွင်မရှိပါသောကြောင့် စာအုပ်(၃)အုပ်ထွက်ကြောင်းလည်း မသိခဲ့ရ။ ဒုတိယတော်ကူးဆရာတော်ဘုရားကြီး၏ နောက်လိုက်ဆရာတော် အရှင်က္ကုန္ဒကမှ ယနေ့ ကျမထံဖုန်းဆက် တော့မှသာ ကျမမှာသိရတော့သည်။ အလောင်းတော်ကသဖနှင့် မြတ်စွာဘုရားခြေရာတော်များအကြောင်းနှင့် တအုပ်မှာ အပ]္ပမာဒ ပမာဒ ဖြစ်ပြီး တအုပ်မှာ ဆရာတော်ကြီး ကိုယ်တိုင်ရေး ထေရုပ]္ပတိ ဖြစ်ကြောင်းသိရပါသည်။ စာအုပ်ခေါင်းစဉ်များ တိတိကျကျမသိရသေးပါ။ ကျမလည်း အလုပ်ရှတ်နေသဖြင့် ဘလော့မရေးသားနိုင်သည်ကို ခွင့်လွတ်ကြစေလိုပါသည်ရှင်။
Sunday, December 9, 2012
ဓမ္မသာလာမှ စာဖတ်သူများအား မေတ္တာ၇ပ်ခံအပ်ပါသည်
6:51 PM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး