မနက်ဖန်မဟာဗောဓိမြှို်င်ဆရာတော် ဘုရားကြီး သီတင်းသုံးသွားခဲ့သော ပျဉ်းမနား လက်လုပ်တောင်တွင် ကထိန်ရှိပါသည် ကျမသွားဖြစ်မသွားဖြစ်မသေချာပါ။ သွားခြင်ရခြင်းအကြောင်းမှာ ဗုဒေ]္ဓာရသ အရှင် က္ကုန္ဒာစရိယ (ဗောဓိရိပ်ငြိမ်ဆရာတော်-မှော်ဘီ) ကြွလာမည် ဟုသိရသဖြင့် ဆရာတော်နှင့် တွေ့ဆုံလိုပါသဖြင့် သွားလိုခြင်းဖြစ်ပါသည်။ ယခုတလော ကျမသည် အစည်းအဝေးများနှင့် ဆက်တိုက်ဖြစ်နေလေရာ လေအေးစက်အခန်းတွင် အချိန်ကြာကြာနေရသည့်အတွက် နဂိုက အအေးပတ်ခြင်ခြင်ဖြစ်သော အခံတွင် ၄င်းဒဏ်ကထပ်ဆင့်လေရာ နှာစေးခြင်း ချောင်းဆိုးခြင်းက မပြတ်တော့။ ဖျားလည်းဖျားသွားသေးသည်။
တခါတရံကချင်ပြည်နယ်သူလို့ဘယ်လိုပြောရမှန်းမသိအောင်ပင် အအေးဏ်မခံနိုင်တော့။ အညာသူလုံးလုံး ဖြစ်မှန်းမသိဖြစ်လာတော့သည်။
လက်လုပ်တောင် ဦးဇင်း ဦးခေမာထံဖုန်းဆက်ရာ ဖုန်းမကိုင် သဖြင့် ဆ၇ာတော် ကြွလာမလာသေချာမသိရသေး။ မနက်ဖန် ကြွလာသော် နေ့ခင်းလောက် ဖြစ်ဖြစ်သွားရမလားဟု စဉ်းစားနေမိသည်။ ဦးခေမာလည်း ကျောင်းတွင် ယောဂီဆောင်များဆောက်နေလေရာ အလွန်အလုပ်များလှပါသည်။
ဆရာတော်ဘုရားကြီး၏ တရားများနှင့် အကြားအမြင်လောက၏ အရှုတ်အထွေးများအကြောင်းများကို ဆက်လက်ရေးသားသွားပါမည်။ လောလောဆယ်တွင် ကျမ ဂျပန်မှလာရောက်ပြုလုပ်မည့် အစည်းအဝေးတခုအတွက် အလုပ်များရှုတ်နေသည့်အတွက် ဖြစ်ပါသည်ရှင်။
အားလုံးကျန်းမာချမ်းသာကြပါစေ။ သဘာဝဘေးအန္တရာယ်များမှလည်း ကင်းဝေးကျပါစေ။
စိတ်ဆင်းရဲခြင်းမှလည်းကင်းဝေးကျပါစေ။
မေတ္တာဖြင့်
Saturday, November 17, 2012
ပျဉ်းမနား လက်လုပ်တောင်တွင် ကထိန် မနက်ဖန်ကျင်းပမည်
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး