မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က ငလျင်လှုပ်သွားပါတယ်။ လှုပ်သွားတဲ့အချိန်မှာ ကျမက ရေချိုးခန်းထဲရောက်နေတော့ သိပ်မသိလိုက်ပါဘူး။ သို့သော် သတင်းတွေထဲမှာ တော်တော်ပါလာတဲ့ အခါရွှေဘိုမြို့နယ်ဘက်မှာ အတော်အပျက်အဆီးများသွားတယ်လို့သိ၇ပါတယ်။
ကျမတို့ အင်မတန်မှ မြတ်နိုးတန်ဘိုးထားသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ရွှေဘိုမြို့ ကန့်ဘလူမြိုံ့နယ် ကျီကျင်းကျေးရွာအနီးမှာ သီတင်းသုံးနေတဲ့အတွက် ကျမလည်း ဆရာတော်ဘုရားကြီးနဲ့ တကွ ရွှေဘိုမြို့နယ်သူနယ်သားများ ငလျင်ဘေးဒဏ်ခံရသူများကို မေတ္တာပို့သလျက်ရှိပါတယ်ရှင်။
ကျမ လက်လုပ်တောင်ကျောင်းကို ဖုန်းဆက်ပေမဲ့ ဦးဇင်းနဲ့က ဖုန်းဆက်သွယ်လို့မရသေးတဲ့အပြင် ငလျင်လှုပ်တဲ့နေမှာ ကျမက အစည်းအဝေးခန်းထဲမှာ တနေကုန်နေလို့ အဲဒီနေ့ကလည်း ဆရာတော်ဘုရားကြီးရဲ့ကျောင်းနဲ့မဆက်သွယ်မိလိုက်ပါဘူး။
သဘာဝဘေးတွေဟာ ဆရာတော်ဘုရားကြီးဟောတဲ့ တရားထဲကအတိုင်း ကြမ်းသထက်ကြမ်းလာပါပြီ။ အစာကြမ်း မြေကြမ်း ရေကြမ်းတွေနဲ့ ကျမတို့တွေဟာ ဘယ်အချိန်ဘယ်အခါ ဘယ်လိုပုံစံနဲ့လာမယ်မှန်း မသိတဲ့ သဘာဝဘေးတွေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မိမိကိုယ်ကို ဘုရားဟောနဲ့အညီနေထိုင်ဘို့ အတတ်နိုင်ဆုံး ကြိုးစားဘို့လိုအပ်ပြီလို့ ဓမ္မမိတ်ဆွေများအား စကားလေးတော့ ပါးလိုက်ခြင်ပါတယ်ရှင်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဒါတွေကိုကြိုတင်သိမြင်လို့များ ရွှေဘိုကိုပြန်ကြွသွားတာလားလို့ ထင်မြင်စရာလည်း ကျမစိတ်ထဲမှာဖြစ်မိပါတယ်။
ဘာလို့ဆို ဆရာတော်ဘုရားကြီး မပဒါန်ဂူ(မိုးမိတ်)ကို ပြောင်းရွှေ့သွားတဲ့အချိန်ဟာ မဟာမြိုင်တောကြီးထဲမှာ အကျွတ်အလွတ်ပွဲကျင်းပခါနီးဖြစ်နေတဲ့အတွက် အချို့သော သံဃာတော်များဟာ ဆိုရင် အဲဒီကိုကြွသွားပါတယ်လို့ပြောတာတောင် မယုံဘူးဖြစ်နေတာပေါ့ရှင်။
အခုတော့ ရွှေဘိုမြို့နယ်ဟာလည်း ဆရာတော်ဘုရားကြီးမေတ္တာတရားကြောင့်သာ ဒီမျှလောက်နဲ့သာ ပြီးသွားတယ်လို့ဘဲယူဆရပါတယ်။
Tuesday, November 13, 2012
ငလျင်ဘေးဒဏ်ခံရသူများအတွက် မေတ္တာပို့ပေးကြပါဦး
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး