Tuesday, October 16, 2012

သဒ]္ဓါကောင်းသလောက် ပညာစောင်းထက်ပါစေ(နိဂုံး)


လောဘတဖက် သောကတဖက်ဖိနပ်စီးလာမှာလား၊ သတိတဖက် အသိတဖက်  ၀ိဇ္ဇာဖိနပ်စီးလာမှာလား
လောဘကြောင့်သောကဖြစ်တာ။ သောကဘယ်သူမှမလိုခြင်ဘူး။ လောဘနဲ့သောက ဖိနပ်တရံ။ လောဘကြီးသမျှ သောကကြီးမှာဘဲ။ တဖက်တည်းစီးလို့မရဘူး။ မိုးကုတ်က ဒို့ဆီလာတာ ဘယ်ဖိနပ်စီးလာတုံး။ (သောကဖိနပ်စီးလာတာပါဘုရား) လောဘ တဖက် သောကတဖက်နဲ့လာတာ။ ဘုန်းကြီးဖူးခြင်တဲ့လောဘမပါဘူးလား။ သတိတဖက် အသိတဖက် ၀ိဇ္ဇာဖိနပ်စီးခဲ့တာမဟုတ်ဖူး။ တစ်ဘ၀အဲဒါနဲ့စတာဘဲ။ အိပ်ရာကနိုးတာနဲ့ လိုခြင်စိတ်နဲ့လုပ်တာ။ လိုခြင်စိတ်မရှိတဲ့အချိန် ငေးတိငေးငိုင် မောဟနဲ့။ ဒေါသကလည်း မခံခြင်တာနဲ့လာတာ။ မခံခြင်စိတ်ဖြစ်လာရင် သူပြောခြင် ပြောခြင်ရာပြောသူလုပ်ခြင်တာလုပ်ပြီးရင်ဒေါသကပျောက်သွားတာ။နေ့တ၀က်မှာလည်းမောဟ။ တညလုံးလည်း မောဟ။ စာက တိရစ္ဆာန်ဘ၀ (၁၀၀) မှလူတစ်ဘ၀လေးရတာနော် ။ နေ့တ၀က်မှာလည်း မောဟ။ ဒါကြက် ဒါဝက် ဒါသား ဒါသမီး ဒါမောဟဟဲ့။ ကုသိုလ်လုပ်တဲ့အချိန်ကို တသက်လုံး တွက်ကြည့်၊ ကုသိုလ်ကြားထဲ ညာဉ်ကဒုက္ခပေးတာမနည်းဘူး။ ကုသိုလ်ကြားထဲ အကုသိုလ် ၀င်နောက်တာမနည်းဘူး။အလှူလုပ်တော့ကော လောဘစိတ်က ၀င်နောက်တာ မဟုတ်လား။  အလှူလုပ်ရင် အကုသိုလ်ဖြစ်တာမနည်းဘူးနော်။ ကုသိုလ်စစ်စစ်ဖြစ်ခဲ့ဘူးသလား။ လောဘ သောကနဲ့တွဲလုပ်ရတာ။ ညာဉ်နဲ့ဘဲ တွဲလုပ်ရတာ။ ဒါကြောင့်လူဖြစ်ဘို့ ခက်ခဲတာ။ တိရစ္ဆာန် ၁၀၀ မှလူတစ်ဘ၀နော် ။ ခက်ခက်ခဲခဲ ရထားတာနော်။ လွယ်လွယ်ရထားတဲ့လူမဟုတ်ဖူး။ ပြုလုပ်တာကံပေါ့။
သေခါနီးခုလို ဘုန်းကြီးခေါင်းရင်းကြီးက ပြောတာကိုလာမြင်ရင် ကာမနိမိတ်။ အဲဒါဘုန်းကြီးကိုလာမြင်ရင် ကမ္မနိမိတ်နော်။ ဘေးကနေပြောဦးမှာ မဟာမြှိုင်မှာ ကိုယ်တော်ကြီးဆီ လှူခဲ့တဲ့မဟုတ်လား။ အာရုံပြု အာရုံပြု ပြောဦးမှာ။ ဒို့ကလည်း သေခါနီးဆိုတာ ဖောင်ဖျက်တဲ့အချိန်ဘဲလေ။ သစ်ကိုင်းတွေ့သစ်ကိုင်း။ ငှက်ပျောတုံးတွေ ငှက်ပြောတုံးတွေ့တာဆွဲရမှာဘဲ။ သေမှာကြောက်နေတာကိုး။ ရှိတာစွဲမှာဘဲ။ ဒီလာစွဲရင် ဒီလာဖြစ်မှာနော်။ လူမဖြစ်နိုင်ဘူး။ စွဲရဘ၀လေ။ ဘုန်းကြီးစွဲ ဘုန်းကြီးနား ပြိတ္တာပေါ့။ ပစ္စည်းနားစွဲ ပစ္စည်း။
ဒီလာ ပြိတ္တာဖြစ်မှာနော်။ ကုသိုလ်ပြုတာတောင် ကမ္မနမိတ်စွဲတော့ ပြိတ္တာဖြစ်မှာနော်။ လူဖြစ်ဖို့ အတော် ခဲယဉ်းတာနော်။ ထီပေါက်တာကမှ ဥာဏ်ပါရင်ရသေးတယ်။ ဘယ်အပတ်က ဘယ်ဂဏန်းမြူးတယ်။ ဒီအပတ်တွေဆိုရင် (လုပ်သေးသလား) သူကမှတ်ဥာဏ်ပါရင်ရသေးတယ်။ လူဖြစ်ဖို့ ဥာဏ်မကူလို့မရဘူးနော်။ မြင်နိုင်မှနော်။ မြင်နိုင်မှ။ လူ့တန်ဘိုးတော်တော်ကြီးတာ။ ဆရာသမားတွေဆိုပြောတတ်ပါတယ်။ ဘုရားတည်သလို  ညမ်းမပါလို့ မဖြစ်ဖူးနော်။ ဘုရားမြင့်သလို ညမ်းကတက်ရမှာနော်။ ဘုရားပြီးရင် ဖျက်ရမှာနော်။ ညမ်းကြီးနဲ့ကြည့်လို့မှ မကောင်းဘဲနဲ့။ အလှူရှင်ပြီးရင် အလှူခံပုဂိုလ်၊ အလှူခံပုဂိုလ်မရှိရင်လည်းမလှူနိုင်ဘူးနော်။ နိုင်ငံခြားမှာသွားနေတဲ့လူတွေ အတော်ခံစားရပါတယ်။ အလှူခံပုဂိုလ်လည်းရှိဦးမှ ညမ်းတွေလေ။ အလှူခံပုဂိုလ်နဲ့အလှူကြားမှာ သက်သေခံပစ္စည်းကလည်း ပါဦးမှာလေ။ သူတို့ (၃)ဦးရဲ့ကြားမှာ စေတနာကအဓိကလေ။ ရေစက်ချမဲ့ဆရာတော်များ ပြောလေ့ပြောထရှိပါတယ်။ အလှူခံပုဂိုလ်လည်းမမြဲ၊ လှူသောသူလည်းမမြဲ၊ အလှူဝတ္တုလည်းမမြဲလို့ ပြောပြောနေတာ။ စွဲကျန်နေမှာစိုးလို့။ သေခါနီး ကမ္မနိမိတ်ပေါ်နေတယ်ဆိုပါတော့ လှူနေတဲ့ပုံကြီး အဲဒါကို အပျက်မြင်အောင်ဖျက်ပစ်ရမှာနော်။   အဲဒါကို ဖျက်နိုင်မှနော်။ ရေစက်ချတဲ့အခါ   ညမ်းဖျက်ခိုင်းနေတာ။ အလှူခံပုဂ္ဂိုလ် အပျက်မြင်အောင်ဖျက်ရမှာ။  လူဘ၀ လူ့တံခါးပေါက်လွယ်သလားဟဲ့။ လူ့ဘ၀ကို ချိုးချိုးချောင်ချောင်နဲ့ရထားတာ။ ရတုံးယူထားလိုက်။
ပါရမီ- ဗမာလို စိတ်ကိုအဆင့်မြင့်တာ။ စိတ်ကိုအဆင့်မြင့်ခြင်ရင် ဥာဏ်ပါရမှာ။  စိတ်မြင့်ရင်ဘ၀မြင့်မှာ။ စိတ်မမြင့်ရင် ဘ၀မမြင့်ဘူး။ ဒါနနဲ့စိတ်အဆင့်မြင့်ခြင်ရင် ဥာဏ်ပါမှလေ။  ဒါနနဲ့ပါရမီ သီလနဲ့ပါရမီ ဥာဏ်ပါရမှာ။ ညမ်းဖျက်တဲ့နည်းနဲ့ ဖြစ်ပျက်ကိုရှုရမယ်။ စိတ်က အလှူခံပုဂိုံလ်ဆီစိတ်မရောက်စေနဲ့။ ဘာမှမတတ်နိုင်ရင် သတိထားလိုက်။ မတွေးဖြစ်ရင် အလှူခံဆီလည်း စိတ်မရောက်ဖူး။ အလှူပစ္စည်းဆီလည်း စိတ်မရောက်ဖူး။ စိတ်ကဟိုရောက်ဒီရောက်မရောက်ဖူး။ တရားအားမထုတ်ဖူးလျင်တောင်   သတိကိုထား။ အမှတ်ကိုနာနာယူထား။ အဲဒါ ညမ်းဖျက်တာခေါ်တယ်။အဲဒါ ဒါနကနေ ပါရမီတက်တာခေါ်တယ်။ ဒါနကနေ စိတ်ကို အဆင့်မြင့်အောင်လုပ်တာကွဲ့။ စိတ်ကိုအဆင့်မြင့်အောင်လုပ်ရမယ် ဒို့ အဲဒီလိုလုပ်ရမယ်။  မော်စီတုံးဝါဒပြောပြီးပြီ။ ကျင့်ယူပါ။ချက်ခြင်းတော့မရနိုင်ဘူး။ တန်ဘိုးကြီးရင် ပိုခက်ခဲတယ်။ တန်ဘိုးကြီးရင် အရင်းအနှီးများများပေးရတယ်။ ကျောက်တော့ကျောက်ဖဲ။ မိုးကုတ်ကျောက်က ဘာလို့တန်ဘိုးကြီးတုံး။ မိုးကုတ်ကျောက်နဲ့ဒီကကျောက်နဲ့ယှဉ်ရင် မိုးကုတ်ကျောက်က တန်ဘိုးကြီးတာမဟုတ်လား။ ပြိုင်ရောင်းရင် ဘယ်ကဈေးပိုရလဲ။ မိုးကုတ်ကျောက်က ခက်ခဲလို့တန်ဘိုးပိုရမယ်လေ။ တခြားတော့ မလိုခြင်ဘူး အပါယ်ကလွတ်ဖို့အရေးကြီးတယ်။
မဟုတ်တာပြောလိုက်ဦးမယ်။ ဘိုးတော်အောင်မင်းခေါင်ကြီးပြောတဲ့စကားဘဲ အထက်ဟာနေပါဦး အောက်ဟာ လုံအောင်ဖုံးတဲ့။  နိဗ္ဗာန်တို့ဘာတို့ထားလိုက်ဦး အောက်ပြည်မပြန်ရေးလုပ်လိုက်ဦးလို့ပြောတာ။ အောက်ပြည်မပြန်ရေးလုပ်ပေးစမ်းပါ။ မုန်းစိတ်ကြီးနဲ့လုပ်ရင် ကြိုက်တာလည်းတွေးရင် ရောက်ခြင်လား။ဖာသိဖာသာစိတ်ကြီးနဲ့လုပ်ရင် ကြိုက်တာကော တွေးဖြစ်မှ။ မုန်းတာကော တွေးမှထင်တယ်။ မတွေးဖြစ်အောင်ခိုင်းတာ။ လုပ်ခြင်တာလုပ် အတွေးမပါအောင် -အဲဒါအောက်ဖုံးတာ။ အောက်ပြည်မသွားရင် ဒို့ပြုတဲ့ဒါနက လူနဲ့နတ်တော့သေချာတယ်။ အရေးကြီးတာအောက်ပြည်မရောက်ဖူးအရေးကြီးဆုံး။ ဘုရားတရားမှာ အောင့်တာမရှိဘူး။ ချုတ်ရမှာမရှိဘူး။ တရာလည်းမရှားနဲ့သတိကဖော်ထုတ်ပေးမှာ။  ဒို့ကြောက်တဲ့ ကိလေသာကိုလည်း သတိက ဖယ်ထုတ်ပေးမှာ။  ဒို့မနိုင်တဲ့စိတ်ကိုလည်း သတိကဘဲလုပ်ပေးမှာ။ လူကလူလာဖြစ်ရင် ဒီထက်ဒီအလုပ်လုပ်နိုင်တယ်။ ဒို့ရှာစရာမလိုဘူးသတိကဘဲ ဘုရား-တရားတောင်မှ လိုခြင်တဲ့တရားလည်း သတိက ဖော်ထုတ်ပေးမှ ကိုယ့်စိတ်ကိုအစိုးမရဘူးနော်။  စိတ်ခိုင်းတာ ဒို့ကလုပ်နေရတာ။ လူကလူလာဖြစ်ရင်  ဒို့စာထဲပြောတတ်ပါတယ်။ ဘ၀မခြား ။ သောတပန်ပုဂိုလ် ဘ၀မခြား။ (၇)ဘ၀ဘဲကိုး။ သူက လူကနတ် နတ်ကလူကိုး။ လူကနတ်ဖြစ်သွားရင် အပါယ်မသွားနိုင်တော့ဘူး။  ပါရမီ ဒီထက်ဒီမြင့်ရမှာ။ မိုးကုတ်တွေများများမေးရမှာ အပါယ်ဘုံကြောက် မကြောက်ဟေ။(ကြောက်ပါတယ်)။ နင်တို့ရောက်ဖူးလို့လားဟယ်။ ဗဟုသုတအဖြစ်လေ ငရဲကဘယ်လိုဘာညာနဲ့ပြန်ပြောလို့ရအောင်လေ။ ငရဲမရောက်ခြင်ဘူးလား။ လူ့ပြည်နောက်တခါ လာဖြစ်တယ်ဆိုလူ့ပြည်ပြန်လာခြင်သေးသလား။ လူ့ပြည်လဲ နောက်တခါလာ ဒီထက်ဆိုးမှာ ။ အခုဆိုးတာထက်ဆိုးမှာ။ ဒို့က ဒီထက်ဒီအဆင့်မြင့်ရမယ်။နတ်တောင် သုတိတာဘုံဘဲ ဆုတောင်းတာ။ တာဝတိံသာတို့က တိုက်ကြခိုက်ကြတုံး။ သုတိသာက ဘာသာရေးသမားတွေနေတဲ့ဘုံဆိုတော့ အေးသပေါ့ ။ လူ့ပြည်နောက်တခါလာလို့ ဒီထက်ဆိုးတာနဲ့တွေ့မှာ။ အဲဒီလောက်ရောက်မှအေးမှာ။ သဒ`္ဓါနဲ့ပညာတွဲပြီး လုပ်ခြင်ရာလုပ်ပါမှတ် မှတ်။စိတ်ကလုပ်တိုင်း ကိုယ်ကလုပ်တိုင်း နှုတ်က လှုပ်တိုင်း အမှတ်ပါပစေ။ ကျင့်ယူရမှာနော်။ လွယ်တော့မလွယ်ဘူးနော်။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ကျင့်ယူမှ စွဲတာ။ ဆိုးတာလည်း ကျင့်ယူမှစွဲတာ။ ကောင်းတာလည်းကျင့်ယူမှ။ ဒို့အောက်မရောက်ခြင်ရင်ပြောတာ။ မိုးကုတ်တွေ အောက်မရောက်ခြင်ရင်ပြောတာ။
ဒါကြီးတွေ ဘာတုံး နွားမကြီးတွေ လားမကြီးတွေဖြစ်ခြင်လား။ ဒို့စာထဲဖတ်ဖူးတာ မီးလေးတွေရဲရဲလေးတွေ ဘာပါလိမ့်မှတ်တာ။  လားတွေနောက်က မီးဖိုလေးတွေနဲ့ နောက်ကမီးလှုံတာတဲ့။ ရှေ့ကလားကမီးမလုံရဘူးတဲ့ ခွတ်ခွတ်နဲ့သွားနေရတာ။ သေခါနီး ကမ္မနိမိတ်ပေါ်တဲ့အချိန် ဖြတ်ချရမယ်။ အလှူမတတ်ရင် ဘုရားဒကာ ဘုရားပြန်စောင့်ရမယ်။ အလှူမတတ်ရင် ကျောင်းဒကာ ကျောင်းပြန်စောင့်ရမယ်။ သေခါနီး သူ့ဆီလာပေါ်တာ ကမ္မနိမိတ်။ သူ့ကိုဖျက်နိုင်မှ။ ဖျက်ပြီးသွားနိုင်ပါ့မလား။ မိုးကုတ်တွေ ဖျက်မှာလား ဖက်မှာလား။

(သီလခံယူခြင်း)-----------
(၁)ဒါနပြုတိုင်း သီလယူရတယ်။ ထုံးစံမို့မလုပ်နဲ့။ ဒို့တွေမှာ စိတ်နဲ့နှုတ်နဲ့ကိုယ်နဲ့ ဒီသိက္ခာပုဒ်တွေကို တခုခုလုပ်ထားရင် တန်းလန်းချည်းနဲ့လှူခဲ့ရင် ဒီကုသိုလ်မှာ ဒီအပစ်တွေ ဒီမှာပါမှာစိုးလို့ အကျိုးပေးမစင်ကြယ်မှာ စိုးလို့၊ နောက်ကကိုယ်ကျူးလွန်ထားတာတွေ ဒီမှာ ဖြတ်ထားခဲ့တာ။ (၂) ဒါနနဲ့သီလက ဖိနပ်တရံ၊ ဒါနပြုရင် သီလဆောက်တည်ရတယ်။  ဒါနက ဘောဂကိုတာဝန်ယူပြီး သီလက ဘ၀ကိုတာဝန်ယူတယ်။ လူ့ဘ၀၊ နတ်ဘ၀ကို သီလက တာဝန်ယူရမှာ ဒါနက လူ့ဘ၀နတ်ဘသရောက်တဲ့အခါ စားရသောက်ရဘို့ သူကတာဝန်ယူရတယ်။ နတ်ဖြစ်တိုင်း သူဌေးချည်းမထင်နဲ့။ နတ်ပြည်မှာ မြင်းမရှိဘူး၊ ငှက်ပျောပင်မရှိဘူး။ မိုးကုတ်တွေကြားဖူးလား ဧတ၀ံဆင်တို့၊   တို့ ။ သကြားမင်းကြီးထွက်တော့မယ်ဆိုရင် သူလိုကိုယ်လို နတ်က ဧလ၀ံဆင်ကြီးလိုဖန်ဆင်းပေးရတာ။ သူလိုကိုယ်လိုနတ်က မြင်းဖြစ်အောင်ဖန်ဆင်းပြီး ကုန်းပေးရတာ။ နတ်ပြည်တေရာက်တိုင်း အထက်တန်းစားချည်းထင်မနေနဲ့ ။ သီလရှိလို့ ဒါနမပါရင် သီလကြောင့်ဖွားသက်ရှည်ချည်းဖြစ်ခြင်ဖြစ်မယ်။ စားရသောက်ရမဲ့ဖြစ်မယ်နော်။ သီလရှိလို့နတ်ပြည်တော့ရောက်မယ် ဒါနမပါလို့ ဒုက္ခရောက်တယ်။
အရေးကြုံရင် ဘုရားသမီးတော်။သားတော်ဟာ သရဏဂုံ(၃)ပါးနှင့် (၅)ပါးသီလကို ခံယူပါ၏ဘုရားလို့ စိတ်ထဲက နေရွတ်လိုက်။ သြကာသတွေလုပ်မနေနဲ့။ ဘုန်းကြီးက ကြွလာ။ ဆွမ်းကလောင်းတော့မယ်။ အာမဘန္တရွတ်နေရင် ဘုန်းကြီးတွေက စိတ်မရှည်ဖြစ်မယ်။ သီလမပါဘဲနဲ့ ဒါနဘယ်တော့မှမလုပ်လေနဲ့။ ဒါနမပါဘဲနဲ့ သီလ ဘယ်တော့မှ မလုပ်လေနဲ့။ ဒါနတော့ပါပြီး သီလမပါရင် သူဌေးသမီးတော့ ဖြစ်ခြင်ဖြစ်မယ်၊ ပခက်ထဲ သေရမယ်တဲ့။ လှူပြန်တော့ ညာဉ်ခိုင်းလို့လှူတာနော် ဥာဉ်ခိုင်းလို့မဟုတ်ဖူး။ မဟာဗောဓိမြိုင်ဆီလာ တာများတယ်။ ဒို့ဆီလာတာနည်းတယ်။
ဒို့ဆီလာတာလား မဟာဗောဓိမြိုင် ဆီလာတာလား (တ၀က်ဆီလာတာပါဘုရား)။ ဒို့ဆီကိုဘယ်လိုလာလဲ လာပြစမ်း။ မဟာဗောဓိမြိုင်ဆိုတာ ပစ်မလွဲ ပြေးမလွတ်လေ။ ဒို့ဆိုတာက သိက္ခာကိုပြောတာကိုး။ သိက္ခာဆိုတာ ဥာဉ်မှသိနိုင်မှာကိုး။ သံဃာဆိုတာ သိက္ခာကိုပြောတာကိုး။ ပုဂိလ်နဲ့သိက္ခာ ၂ ဦး။  ပုဂိုလ်က ပုဂိုလ်စရိုက် ပုဂိုလ်ညာဉ်အတိုင်းသွားမှာ။ ဗီဇဥာဉ်ဆိုတာ ဗမာဖြစ် ဗမာ ရှမ်းဖြစ်ရှမ်းမျိုးရိုး ပင်ဂို ညာဉ်လည်းပါမှာဘဲ။ အဲဒီပုဂိုလ်ဟာ ရှုမှတ်နေတဲ့ အချိန် ဗီဇတွေ ညာဉ်တွေ ရှိဦးမလား။ အဲဒါ ဗီဇ။ အဲဒီသူက ရှုမှတ်နေရင် သံဃာ။  သံဃာကို ကိုယ်တိုင် ဥာဉ်ရှိမှ မြင်နိုင်တာ။ မံသမျက်စေ့က ပုဂိုလ်မြင်နိုင်တယ် ဥာဏမျက်စေ့က သံဃာမြင်နိုင်တာကွဲ့။ ဒို့မလှူနဲ့။ သံဃာမြင်အောင်လှူ၊
ဒို့ပြောနေကြ။ တပ်မကြီးတစ်ခုက တပ်မမှူးက  သူ့တပ်မှာရှိတဲ့ အရာရှိ အရာခံ အကြပ်တွေစာရင်းရေး အောက်မှာ တပ်မမှူးလက်မှတ်ထိုး၊ တပ်သားလေးတစ်ယောက်ကို ရိက္ခာဌာနသွားပြီးရိက္ခာထုတ်ခိုင်းတယ်။ ရိက္ခာဌာနက အရာရှိက တပ်မမှူးကြီးကိုကြည့်ပြီးထုတ်ပေးမလား၊ လာထုတ်တဲ့တပ်သားလေးကို ထုတ်ပေးမလား။ (တပ်မမှူးကြီးကိုထုတ်ပေးမှာပါဘုရား)။ဒါဆိုတစ်ယောက်စာဖြစ်မှာပေါ့်။ သားစာရင်းအရ ထုတ်ပေးမလား။ (တပ်သားစာရင်းအရထုတ်ပေးမှာပါ)။ အဲဒီမှာ တပ်မမှူးကြီးကောမပါဘူး လား။လာထုတ်တဲ့တပ်သားလေးကော ပါမှာဘဲ။ ဘုရားရဲ့သင်္ကန်းက တပ်မမှူးလက်မှတ်ဘဲကွယ်။ ဘုရားရဲ့ သားသမီးတွေဘဲကွယ်။ ဒို့က ရိက္ခာဌာနလာထုတ်တဲ့ တပ်သားလေးဘဲကွယ်။ အဲဒီလိုဘဲ သာသနာဦးဆောင်နေတဲ့သူတွေက  အရာရှိ အရာခံ အကြပ်တပ်သားတွေဘဲကွယ်။ ဒို့တပါးတည်းတင် အာရုံပြုရင် ပုဂိုလ်စွဲပါမှာပေါ့။ ပုဂိုလ်စွဲပါတော့ အထင်ကြီးတာကော မပါနိုင်ဘူးလား။ အထင်သေးတာကော မပါနိုင်ဘူးလား။ ပုဂိုလ်ပါတော့ အခုအထင်မသေး နောက်အထင်သေးတော့မှာ။ ဘာညာကြားရင် ဟာ ဒီကိုယ်တော်ကြီး ငါ ဒီလိုမထင်ဘူးနဲ့ ဖြစ်မှာ။ ပရစေတနာက သွားဦးမှာ။ ဘာညာကြားရင် ငါလှူခဲ့တာ မှားတယ်ဟာ ပရစေတနာလဲ ကွယ်ဦးမှာ ကိုယ်ပြုထားတဲ့ ဒါနလေး ဒီမှာဖျက်ဦးမှာ။ ပုဂိုလ်စွဲမှီရင် ကုသိုလ်ဖြစ်ဖို့ထက် အကုသိုလ်ဖြစ်ဖို့များပါတယ်။ သတိထား။ လာတာက ကုသိုလ်လိုခြင်လို့လာတာ အကုသိုလ်နဲ့ပြန်သွားရမယ်။ ပုဂိုလ်လှူရင် စေတနာတစ်ခု ကုသိုလ်တစ်ခု ရမှာ။ သံဃာဆိုရင် ဒို့တိုင်းပြည် သံဃာ(၆)သိန်းလောက်ရှိမယ်။ အဲဒီအပြင် ထေရ၀ါဒ ထေရ၀ါဒမဟုတ်တဲ့နေရာတွေ သံဃာတွေအများကြီး တသန်းထား ဒကာကြီးရာ။  အဲဒီသံဃာတွေက ကာ ရှင်မောဂလာတို့သံဃာ ၂၅၀၀ကျော်ခရီးက သံဃာနဲ့ ကင်းမလား မကင်းဘူးနော်။ ဒို့ဆီမှာ နောက်ပွင့်ဦးမဲ့ သံဃာတွေနဲ့ အဲဒီသံဃာတွေနဲ့ကင်းမလား။ သံဃာအာရုံပြုတော့ ဘယ်သူ့ဆိုတာ မပါတဲ့အတွက် အထင်ကြီးခြင်း အထင်သေးခြင်းရှိဦးမလား။ ပုဂိုလ်အာရုံပြုရင် ဘယ်လောက်ညံ့လိုက်မလဲ။  သံဃာအာရုံပြုပြီး လှူဘူးသလား။ သံဃာက ဥာဏ်ပါမှ မြင်နိုင်တာ။ ဒို့က ခန့်မှန်းနဲ့ပြောရတာ။ ပုဂိုလ်ကတော့ မျက်လုံးက မြင်နိုင်တာကွဲ့။ တပ်သားစာရင်းကြည့် လိုက်ရင် ဘုရားလည်းပါပြီးသား ဒို့လည်းပါပြီးသားကွယ်။ အဲဒါသဘောပေါက်ပစေကွယ်။
(အလှူအား ဆုတောင်းပေးခြင်း)
ဆုတောင်းကြစို့။ ဆုတောင်းတာလဲ ကိုယ်လိုခြင်တဲ့ ဗောဓိဆု(၅)ပါးထဲက ကိုယ်ကြိုက်တာတောင်းကြ။ သာသနာနဲ့ကြုံတုံးတောင်းကောင်းပါတယ်တောင်းကြ။ ဝေဘူဆရာတော်ဘုရားကြီးကတရားပွဲကျင်းပ အဲဒီဆုတောင်းမပါရင်   ဘယ်တော့မှတရားမဟောဘူး။ ဆွမ်းပစ္စည်းကျောင်းလှူကြ ပြီးရင်တောင်းရမဲ့ဆုက အဲဒီဗောဓိ(၅)မျိုးခွဲပြတယ်။  သာသာနာတွင်းမှာ အလှူခံပုဂိုလ်ကောင်းတွေရှိတုံး။ ပေးနိုင်သူရှိတုံး တောင်းထားကြလို့ပြောတာ။ ရန်ကုန်လာတိုင်း လာတိုင်း ဆရာတော်ဘုရားကြီးအမြဲတမ်းပြောတာရှိတယ်။ အခုချိန်မှာ ဝေလျက် ငှလျက် ပေးလျက် ကမ်းလျက်ဗျာနဲ့အမြဲတမ်းပြောတယ်။ ဘာနဲ့ပေးနေတာလဲ အကျင့်နဲ့ပေးနေတာဟဲ့။ ဒို့ကဘာနဲ့ယူရမှာလဲ အကျင့်နဲ့ယူရတာဟဲ့။ မြန်မာ့အသံနဲ့ ရေဒီယိုပြောရင် လွင့်တာနဲ့ ဖမ်းတာနဲ့ ကိုက်မှဟေ့။ဟိုကသိက္ခာဓါတ်နဲ့လွင့်ရင် ဒို့ဘက်က သဒ္ဓါနဲ့ဖမ်းရတာဘဲဟေ့။ ပေးနေတုံး တောင်းလို့ပြောတာဟဲ့။ တောင်းပါများတော့ ဆန္ဒခေါ်တာပေါ့။ ဒီဘ၀ထဲလဲ ဘာလေးလှူလှူ ဆုတောင်းကွဲ့။ ဘုရားက လမ်းသွားလို့ ဆူးလေးစူးလို့နှုတ်တာတောင် ဒံမေ  သဗ္ဗေညုတဥာဏံ ၀ဟံ ဟောတု။ ရေလေးတခွက်သောက်လဲ ဒါဘဲ။ သူကတော့ သဗ္ဗေညုတဥာဏ်ရခြင်တာကိုး။ ဆုတောင်းတော့ တောင်းပါများတော့ ဆန္ဒဖြစ်လာတယ်။ ဘယ်ဘ၀ရောက်ရောက် လမ်းဖြောင့်အောင်လို့ ဘ၀အဆက်ဆက် ဒီဆုနဲ့ ညီအောင်ကျင့်သွားနိုင်အောင်လို့။ တောင်းတာနော်။ တောင်းနော်။ရနိုင်ပါတယ်။  ဘယ်သူဖြစ်ဖြစ် အာသ၀ကုန်မှရတာနော်။ ဘုရားလည်း အာသ၀ကုန်မှ ၀င်ရတာ။ ပစ္စကဗုဒ္ဓလည်း အာသ၀ကုန်မှ ၊ ရဟန္တာလည်း အာသ၀ကုန်မှ ။  ဒို့က အာသ၀ကုန်မှ ရမှာကွဲ့။ အာသ၀ဆိုတာ ယိုစီးကြောင်းကြီးကွဲ့။ ဒို့ကတော့ အာသဝေါတရားကုန်အောင်ပေးမှာ။ 
ဒို့ဘယ်အချိန်က စယိုတုံးဟေ့။ လူမှန်းသိတတ်တဲ့အချိန်ကစလို့မဟုတ်လား။ သဲအိုးကြီးများကျလို့၊ သဲအိုးကြီးများ မပေါက်ဖဲနဲ့ယိုနေတာလေ။ သဲအိုးကြီးများ ယိုနေတာလေ။ လိုခြင်တာတွေးနေတာ ယိုနေတာ။ ကိုယ့်ဘ၀ကိုယ်လိုခြင်တာကကော ဘ၀အာသ၀ထဲယိုနေလေ။ ဘာလုပ်လုပ် အတွေးထဲက သူကဘယ်လို ငါကဘယ်လိုနဲ့ တွေးနေတာ။ ငါမပါဘဲတွေးတာ ဘယ်အခါရှိလို့တုံး။ လုပ်တာ့လည်း ငါမပါဘဲရှိသေးလား။ မွေးကတည်းက ကြက်ဝက်ဆိုတဲ့ အ၀ိဇ္ဇာကအမြဲတမ်းယိုနေတာ၊ ငေးငိုင်နေတာ စိတ်တွေပျံ့နေတာ ချီတုံချတုံလည်း အ၀ိဇ္ဇာဘဲ။ ဘယ်တုံးကနားသလဲ။ အဲဒါတွေကုန်မှ ဘုရားဖြစ်မှာ ရဟန္တာဖြစ်မှာ ပစ္စေက ဗုဒ္ဓဖြစ်မှာ။ ဒို့က အဲဒါတွေကုန်ဘို့တောင်းစို့။ အဲဒါလည်း ခပ်ပေးရဦးမှာထင်တယ်။ လိုခြင်တာက မတွေးဘို့။ ဒို့ခပ်ပေးတာ အတွေးဟေ့။ ဖြစ်နေတဲ့ဒုက္ခမှာ ပက်ပင်းက နည်းနည်း။ ရှေ့ကြိုပူလို့ နောက်ပြန်လို့ပူတာ ၃ မတ်သားလောက်ရှိတယ်။ လုပ်စရာရှိတာလုပ်ပါ အာသ၀မပါအောင်။ အတွေးဝင်ခွင့်မရအောင် ပယ်ရမှာ။
(ဆုပေးခြင်း)
နောက်လာရင်လည်း မယူခဲ့ကြနဲ့ဗျာ။ အခုလိုလက်ခံမှာ မဟုတ်ဖူး။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts