Friday, September 7, 2012

ထမီလဲပါပါ့။ တဘက်လဲပါပါ့၊ ပန်းလဲပါပါ့ သူတို့မသိဘူး တပည့်တော်မသိပါတယ်ဘုရား(နိဂုံး)


မြတ်စွာဘုရားက တဖန် ပဋာစာရီ နင်ထမီလဲပါပါ့။ တဘက်လဲပါပါ့၊ ပန်းလဲပါပါ့လို့ ပြောတယ်မဟုတ်လား။ ဒါတွေဘယ်ကရသလဲလို့မေးပြန်သတဲ့။
ရှေးအထက်ကျော် ကာရီက ပဒုမုတ္တရ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက ငါ၏ သမီးတော် ရှင်ကြီးဂေါတမ သာသနာတော်ကျတော့ ငါးပါးသီလတည်းဟူသော ထမီမြဲစေ။ ရှစ်ပါးသီလတည်း ဟူသော တဘက်လည်း ခြုံစေ၊ ပန်းသုံးခိုင်လည်းပန်စေလို့ မိန့်ခွန်းချွေခဲ့တဲ့အတွက် တပည့်တော်မသည် ငါးပါးသီလဟူသော ထမီကို လည်းမြဲပါပြီဘုရား.။ ရှစ်ပါးသီလတည်းဟူသော တဘက်ကိုလည်း ခြုံရပါပြီဘုရား။
သူတို့တဘက်က စိန်စီ၊ မြစီ၊ ကျောက်စီဆိုတော့ လုယူမှာလဲစိုးရတယ်၊ေ လျှာ်ရ ဖွတ်ရတယ်၊ တပည့်တော်မ တဘက်က မဖွပ်ရ မလျှော်ရ လုယူမှာလည်း မစိုးရိမ်ရ၊ အလွန်အေးတယ် အလွန်မြတယ်။ ပန်းသုံးခိုင်ကတော့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိပါဘုရား။ ပန်းသုံးခိုင်လဲမြဲပါပြီဘုရား။
ဟဲ့ ပဋာစာရီ ဒီလောက်နဲ့အားမကိုးလောက်သေးဘူး။ ရှေ့ကိုအားခဲလိုက်ဦး ဟုမြတ်စွာဘုရားက အားပေးလိုက်ပြန်တယ်။ ဒီလိုအားပေးလိုက်တော့ တဖန်ထပ်အားထုတ်လိုက်တာ အစဉ်အတိုင်း အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်သွားပါရောတဲ့။
အဲဒီအခါမှာ 
(၁)မြင်တတ်သောတရား၊ မြင်အပ်သောတရား 
(၂)သိတတ်သောတရား သိအပ်သောတရား 
(၃)ပယ်တတ်သောတရား ပယ်အပ်သောတရား 
(၄)ပြတ်တတ်သောတရားတို့ကို အကုန်အစင်သိတော့တာပေါ့။
မြင်တတ်သောတရားက ဓမ္မစက္ခု၊ မြင်အပ်သောတရားက သစ္စာလေးပါး၊ သိတတ်သောတရားက ဥာဏ်၊ သိအပ်သောတရားက သစ္စာလေးပါး၊ ပယ်တတ်သော တရားကမဂ်၊ ပယ်အပ်သော တရားက သမုဒယ၊ ပြတ်တတ်သောတရားက နိရောဓ။
အဲဒီမှာ ပဋာစာရီက မြင်လို့သိတယ်၊ သိလို့မလိုချင်၊ မလိုချင်တော့ မစွဲလမ်း၊ မစွဲလမ်းလို့ မပြုလုပ်၊ မပြုလုပ်လို့မရ၊ မရတော့ငြိမ်းတယ်။
သူသူငါငါက မသိလို့လိုချင်တယ် လိုချင်တော့စွဲလမ်းတယ်၊ စွဲလမ်းတော့ပြုလုပ်တယ်၊ ပြုလပ်တော့ ရတယ်။ ရတော့ခံကြပေတော့လကွယ် ပေါ့ဟု ဆရာတော်ဘုရားကြီးမှ ဟောကြားဆုံးမတော်မူပါပေတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts