မဟာမြိုင် ဦးဇောတိကနဲ့ ကျမပျဉ်းမနားမှာရှိတဲ့ ကျမသူငယ်ချင်းလေး မထွေးရဲ့မိခင်ဖခင်များအိမ်မှာ မကြာခဏ ကြုံခဲ့တာဟာ ကျမဘ၀ကို အများကြီးပြောင်းလဲသွားခဲ့စေပါတယ်။ အထူးသဖြင့် ဆရာတော် ပြောတဲ့ အသိလေး သတိလေးဆိုတာပါဘဲ။ စိတ်နောက်ကိုလိုက်ကြည့်တာကို ပြောပြသွားတယ်။ ကျမတို့က နှုတ်ကနေစကားတွေကို စကားလုံးတွေအဖြစ်အသံမထွက်ဘဲ တိတ်ဆိတ်တဲ့သူ နားအေးတဲ့သူလို့ယေဘူယျ သတ်မှတ်ကြတယ်။ ဒါပေမဲ့ဆရာတော်က အတွေးတွေဟာ အသံမထွက်တဲ့ စိတ်ထဲကစကားပြောခြင်းဘဲ လို့ထောက်ပြသွားတယ်လေ။ စိတ်ထဲမှာ Noisy ဖြစ်နေတယ်လို့ သုံးနှုန်းသွားပါတယ်။ တကယ်လည်း ဆူနေတာပါ။ တွေးတာလေးကို သိလိုက်လို့ သတိလေးကပ်လိုက်ရင် စိတ်ထဲမှာဆူညံ့နေတာ သိသာတယ်တဲ့။ တခါတခါ စိတ်တိုလို့ ဒေါသထွက်လို့ တွေးတဲ့အတွေးနဲ့၊ ကိုယ့်ချစ်ခင်တဲ့သူတွေ ကောင်းတဲ့ကိစ္စတွေအကြောင်း တွေးနေတာနဲ့ မတူဘူး။ သတိကပ်လိုက်ရင် သိတယ်နော်။ ဆရာတော်ပြောတဲ့အတိုင်းလိုက်လုပ်ကြည့်တယ်။ သတိကပ်ရင်သိတယ်။ ဘယ်ကိုရီးယားကားက ဘယ်လိုကောင်းတာလို့ တွေးနေတဲ့အတွေးနဲ့၊ ရုံးက မတရားလုပ်တဲ့အရာရှိကို တွေးမိတဲ့အတွေးက သတိထားမိရင် ခံစားချက်ခြင်းမတူဘူး။ အတွေးတွေကိုသတိကပ်နေရင် အတွေးတွေက ရပ်သွားတယ်။ ဆက်ပြီးသတိနဲ့လည်း တွေးလိုက်ရင် သတိနဲ့တွေးတဲ့အတွေးနဲ့ သတိမပါဘဲတွေးနေတဲ့အတွေးဟာ မတူပါဘူး။ စိတ်ဆိုတာ အဓိကလို့လည်း မြတ်စွာဘုရားက ဟောထားခဲ့သလို စိတ်ဆိုတဲ့အရာဟာ အတော် control လုပ်ရခက်တာပါ။ စာလိုဆိုရင် အာရုံနဲ့တိုက်တိုင်း ပေါ်လာတယ်။
ဆရာတော်က ဘာလေးနဲ့နှိုင်းပြသလဲဆိုရင် ခဲသေးသေးလေးနဲ့ ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ပေါက်တာနဲ့၊ ခဲကြီးကြီးနဲ့ ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ပေါက်လိုက်တာနဲ့ နှိုင်းယှဉ်ပြောပြတယ်လေ။ ခဲသေးသေးလေးတောင် ပစ်တဲ့သူရဲ့အရှိန်ထည့်ရင် ထည့်သလို လှိုင်းထတယ်မဟုတ်ပါလား။
ဒါလေးတွေဟာ အာရုံ(၆)ပါး၊ ရုပ်နာမ်(၅)ပါးဆိုတာတွေ ဝေါဟာရတွေ စကားလုံးတွေကို သတိဆိုတဲ့ သတိကပယ်သတ်သွားတယ်။ သတိကိုကပ်ဖို့ဆိုတာ တကယ်ခက်တယ်။ အခုဦးခေါင်းဟာ အတည့်နေတယ် ဆိုပါတော့ ဟော စောင်းသွားပြီ။ လှည့်သွားပြီ သိလိုက်သလားဆိုတော့ မသိလိုက်ဘူး။
ထမင်းစားရင်လည်းကြည့်လိုက် မြင်တဲ့ဟင်းကို သတိနဲ့ မသုံးသပ်နိုင်ဘူး။ ဗိုက်ဆာရင် ပိုဆိုးတယ်။ ဒါကြောင့် သတိသတိ သတိကို ထားနိုင်လေလေ ကိလေသာတွေ အလိုလိုပယ်သတ်သွားလေလေပါဘဲ။
စကားလုံးတွေ စာတွေကတော့ ရှိရပါမယ်။ ဒါမှလည်း လက်ဆင့်ကမ်းနိုင်မှာကိုး။ ဒါကြောင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက စာသင်သားတွေသိပ်အားပေးပါတယ်။ အဆင့်ဆင့်သယ်နိုင်အောင် စာမှသယ်နိုင်တာတဲ့။
လက်တွေ့လုပ်ဖို့က နည်းပေါင်းစုံ အလျံပယ်ဗမာပြည်မှာ အများကြီးလေ။ ဒီတော့ ကျမတို့က သတိနဲ့ဘဲ လိုက်ဖို့လိုတယ်။ ဆရာတော်ဦးဇောတိက ပြောသွားတာလေးတွေ အလျင်းသင့်ရင် တင်ဆက်ပါဦးမယ်နော်။ ကျမတို့လို ယက်ကန်ယက်ကန် အချိန်သိပ်နည်းတဲ့ ကျမတို့ထက် အချိန်နည်းတဲ့သူတွေ သတိလေးသာ ကပ်နိုင်သလောက် ကပ်လိုက်ပါ။ ကိလေသာတွေပယ်ပြီး အဲဒီလိုအချိန်တွေများလာရင် စုစုလာပြီး inertia တခုရလာမယ်။ ကြာလာရင် ရိပ်သာရောက်တရားထိုင်လိုက်တာနဲ့ သတိတွေဆက်ပြီးလိုရာပန်းတိုင်လှမ်းကိုင်နိုင်မှာပါလို့။ ဂိုးသွင်းဘို့ ကျမလည်း ဂိုးပေါက်နားတ၀ဲလယ်လယ်ပါဘဲလို့။
ယခုစာစုလေးသည် မဟာမြိုင်ဆရာတော် ဦးဇောတိကမှ ကျမအားဟောပြောသွန်သင်သွား သည့်အချက်များနှင့် ကျမ၏ ယူဆချက်များကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ကျမကတော့ အတွေးများတတ်တဲ့သူမို့ ဆရာတော့်ကျေးဇူးကို ယနေ့တိုင်တသသဖြစ်မိပါသည်။
ချစ်သော ဓမ္မမိတ်ဆွေ စာဖတ်သူများအား ကျေးဇူးအထူးတင် ချစ်ခင်လျက်
Wednesday, September 5, 2012
မဟာမြိုင် ဦးဇောတိက ပြောဘူးတဲ့ သတိလေးနဲ့ သိလိုက်ပါ
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
စုံးဆိုတာကို ဒီအရွယ်မှာစတွေ့ဘူးခဲ့တာဖြစ်ပါတယ်။ ကျမငယ်စဉ်ကပုံ စုံးဆိုတာ ကျမတို့မြို့မှာ ငယ်စဉ်ကတည်းက ကြားခဲ့ဘူးတယ်။ စုံးအတတ်ဟာ...
-
၂၀၁၂ ခုနှစ်၊ မတ်လထဲမှာ မဟာမြိုင်တောကြီးထဲကို ဆရာတော်ဘုရားကြီးဖူးဘို့ သွားရောက်ခဲ့တုံးက နေပြည်တော်က ၀န်ထမ်းတချို့လည်း အဖွဲ့ထဲမှာပါဝင်...
-
ဧရာဝတီတိုင်း ဒေသကြိး၊ ဟင်္သာတမြို့နယ်၊ ဓမ္ဘီ-မအူကုန်းရွာတွင် ဗောဓိရိပ်ငြိမ်ဆရာတော်၏ ဇာတိမြေ၊ သစ္စာကုန်းမြေတွင် တည်ထားပူဇော်မည့် မဟာနေဘုရာင် ဘွဲ...
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
လူတို့ဝင်ေ၇ာက်နှောက်ယှက်မှုကြောင့် ကျင့်ြံကံအားထုတ်နေသူတို့ စည်းခြားထား၇ာ (မ၀င်၇)ဟူသော ဆိုင်းဘုတ်နှင့် ကျောင်းအ၀င်ဝ ကျမတို့ငယ်စဉ်ဘ...
-
သင်္ကန်းမှာ-ထိန်၊ ဆွမ်းမှာ -ပိဏ်၊ ကျောင်းမှာတော့-သိမ် ဟူ၍ ဆရာတော်ဘုရားကြီး၏ ဆရာတော်ဖြစ်သူ ဘ၀ိမလမှ မိန့်ခဲ့သည်။ သင်္ကန်းအလှူတို့တွင် ကထိန်သင်္ကန်...
-
နေပြည်တော် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးသွားခဲ့တဲ့ ရွှေနန်းသွင်းကျောင်းတော်မှာ မနက်ဖန်မနက်(၇)နာရီမှာ ဆွမ်းဆန်းစိမ်းလောင်မှာဖြစြ်...
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး