
ဒါယိကာမလေးတွေ နင်တို့မကြိုက်တာ ပြောရဦးမယ်။ မချောချင်နဲ့၊ ပစ္စည်းမပေါချင်နဲ့၊ ဂုဏ်မကြီးချင်နဲ့၊ ကြပ်ကြပ်လှ -ကြပ်ကြပ်ချော-ကြပ်ကြပ်ပစ္စည်းပေါပြီး ကြပ်ကြပ်ဂုဏ်ကြီးလျှင် ကြပ်ကြပ်ဒုက္ခရောက်တတ် တယ်။ မျက်စိအလိုလဲ မလိုက်နဲ့၊ နားအလိုလဲ မလိုက်နဲ့၊ လျှာအလိုလည်း မလိုက်နဲ့၊ ခန္တာကိုယ်အလိုလဲ မလိုက်ကြနဲ့၊ အလိုလိုက်မှဖြင့် အမိုက်စော်ကားတတ်ကြတယ်။ ဘယ်လို အမိုက်စော်ကားပါသလဲဆိုရင် အဲဒီ နား၊ မျက်စေ့-နှာခေါင်း၊ လျှာ၊ ခန္တာကိုယ် အလိုလိုက်မိတော့ အဲသည် ငါးပေါက်ကြောင့် မှားလေတော့တာဘဲ၊ ဒါကြောင့် ငါးပေါက်မှားတော့ ငါးပါးမှောက်တတ်တယ်။
အေး ဒို့ ဒါယိကာ ဒါယိကာမကြီးတွေလည်း ကိုယ်မပြည့်စုံလို့ စိတ်ဒုက္ခအမျိုးမျိုးရောက်ခဲ့တာတွေရှိကြလိမ့်မယ်။ အဲဒီဟာ ငါးပါးမှောက်လို့ရတဲ့ အကျိုးတရားတွေပေါ့။
ဒါကြောင့် တပူထက် နှစ်ပူ၊ ငရုတ်ဆုံလှူခဲ့ဘူးရော့သလား။ ထူးတဲ့အပူ။
မမလေး ခန္တာကိုယ် အ၀ိဇ္ဇာမှောင်ရိပ်မှာ ခို။ အ၀ိဇ္ဇာညှောင့်ကြီးကိုယ့်ကိုစူး နှုတ်လို့ရနိုင်ဘူး။ ကိုယ့်အတတ်နဲ့ကိုယ်ပြန်စူး၊ နှုတ်လို့ရပေဘူး။
ဆိုသလို ဖြစ်နေလို့ ခံနေကြရတာပါ။ ကြိုးစား၍သာခံကြပေတော့။
(ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော်ဘုရားကြီး၏ ပဋာစာရီတရားတော်မှ)
ကျမက စွန်းလွန်းဆရာတော်ဘုရားကြီးရဲ့တရားတွေကို အင်မတန်မှတန်ဘိုးထားခဲ့သူဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးလမ်းစဉ်အတိုင်းလိုက်မကျင့်ကြံနိုင်သော်လည်း ဆရာတော်ဘုရားကြီးရဲ့တရားတွေဟာ ထိမိလွန်းလို့ ဟာသဥာဏ်နော ဟောပြောခဲ့တာလေးတွေဟာ မမေ့နိုင်လောက်အောင်စွဲမြဲခဲ့ပါတယ်။ ဒါကြောင့် လည်း ကျမက ဒီလိုအဆိုအဆုံးအမလေးတွေ သိလွယ်မြင်လွယ် မှတ်သားလွယ်ပြီး ထင်းကနဲ့စွဲစေတဲ့ ဟောပြောခဲ့တဲ့ တရားစုလေးတွေကို ပြန်လည်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ရှင်။
Tuesday, August 7, 2012
ငါးပေါက်မှားတော့ ငါးပါးမှောက် ကြိုးစား၍သာခံကြတော့
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး