မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ သံဝေဂဆရာတော် အရှင်သောမအား သြ၀ါဒပေးစကားများမှ ကောက်နှုတ်ချက်
တပင်တည်းဆိုရင် လှဲအောင် ထောင်ပြီးကျော်အောင်တိုက်နိုင်တယ်။ အဲဒါ ဓမ္မပဒကပေးတဲ့ဥပမာ။ အပင်ကျွတ်အောင်တိုက်တတ်တယ်နော်။ ဒါနခြံရံ သံဃာတော်များ၏အခြံအရံထားနော်။ အုပ်လိုက်ဆိုတော့
မျှခံရတော့ သက်သာတာပေါ့ဘုရား။ အဲဒါ သံဃာတော်ကြီးများရဲ့ အခြံအရံထားနော်။ ဝေဘူဆရာတော်ဘုရားကြီးကြတော့ တပြည်လုံးပင့်ရာလိုက်တာ။ အဲဒီမှာ သိက္ခာအကြီးဆုံး ဘယ်ကျောင်းဆိုတာမေးရလိုက်တာ။ ဝေဘူဆရာတော်ဘုရားကြီးရဲ့သိက္ခာထက်ကြီးတဲ့ဆရာတော်ကြီးကို မေးပြီး အဲဒီကျောင်းသွားပြီး သြ၀ါဒခံယူလိုက်တာဘဲဘုရား။ ဘယ်သွားသွားထားနော်။ နိဝါတ ကလည်းဖြစ်သွားရော။သံဃာတော်အပေါ်ကြည်ညိုရာလည်းရောက်တာပေါ့ဘုရား။
(အနိစ္စလက္ခဏာလေးဘဲမြင်တော့ ဘာလုပ်ရမလဲဘုရား။ သိမ်မွေ့သွားပြီး။ ဘာမှမရှိဘူး သိနေတာလေးရှိတယ်။ )
သိတာလေးရှိတာ ရုပ်မဟုတ်သော်လည်း နာမ်ကို သိနေရတာ။ တက်လည်းကြည့်နေရမှာ ။ ဒီထက်နုတာအထိ တက်နေဦးမှာပါပေါ့။ အားကောင်းရင် ဘာရှုရှု လစ်ကနဲဆိုပျောက်သွားတယ်။ သိစရာလေးကျန်နေရင် ကြည့်စရာမရှိဘူး။သိတာလေးကျန်နေရင် သိတယ် သိတယ်နော် အမှတ်ပါမ အမှတ်မပါရင် တွေနေတတ်တယ်။ အမှတ်ပါမှ တက်တာနော်။ စိတ်ကလေးနုနုကျန်နေရင် ရူနေရမှာဘဲလေ။ သမာဓိဘက်ကအားကောင်းပြီး ပညာဘက်ကသာရင် တဘီးလိမ့်ကျန်နေမယ်။ ကောင်းကင်တက်နေရသလို တခါတလေ သိယုံလေး တခါတလေ သိသလို မသိသလို အရူပဈာန်နဲ့ ဆန်ဆန်တွေအထိတက်နေတတ်တယ်။ ရုပ်ဘက်ကကုန်သော်လည်း နာမ်ဘက်က ကျန်နေလို့ သမာဓိအားကောင်းပြီး ပညာဘက်က မလိုက်နိုင်လို့ သိအားက ဒလဇပ်ဖြစ်သွားပြီ ကြားမှာ သိရာက ပြတ်ကျတတ်တယ်။ ရုပ်နာမ်ဖြစ်ပျက်မြင်ရာကနေ ဖင်ထိုင်ပြန်ကျတတ်တယ်။ ဖြစ်ပျက်ရုပ်ပြန်မြင်တယ်။ ဒုက္ခပေးတာက နိဝေနရတွေဘာတွေပြောမနေနဲ့ အတွေးဘဲ။ အတွေးက သေးသေး လေး စိပ်စိပ်ကလေးနဲ့ကျန်နေတတ်တယ်။ ဘယ်နေရာရောက်ရောက် လမ်းဆုံးတာ၊ မဆုံးတာကိုယ့်တာဝန်မဟုတ်။ ရှု့ရမှာကိုယ့်တာဝန်
Tuesday, August 14, 2012
တပင်တည်းဆိုရင် လှဲအောင်တိုက်နိုင်လို့ ဘယ်သွားသွားသံဃာအခြံအရံထား
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
ဒီတရားကို စင်္ကာပူမှ ဓမ္မမိတ်ဆွေတဦးက ပို့စ်တင်ပေးပါလို့ ကျမကို အကြံပေးတဲ့အတွက် တင်လိုက် ရခြင်းဖြစ်ပါတယ်။ ပထမကတော့ အရေးကြီးတဲ့အချက်လေးတွေကိ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ကျောင်းဆောင်ပေါ်တွင် ဖူးတွေ့ရသော ဆရာတော် ဦးဗောဓိ (ဗောဓိရိပ်ငြိမ်ဆရာတော်)၊ ဆရာတော်အနားမှာ...
-
သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်...
-
ဒါလေးကတော့ ဗဟုသုတအဖြစ် လူမမာတွေအနားနေရင် သတိထားနိုင်ဘို့အတွက် ဆရာတော် ဦးဇောတိက အတော် မမာမကျန်းဖြစ်ခဲ့တဲ့ကာလ (မဟာမြိုင်မှာ လွန်ခဲ့တဲ့ အနှစ် ...
-
စဉ်းစားစရာလေးများ (မဟာမြိုင်ဦးဇောတိက ထန်းတပင်တောရတွင် သီတင်းသုံးစဉ်က) မဟာမြိုင်ဆရာတော်လို့နာမည်ကျော်တဲ့ ဆရာတော် ဦးဇောတိကဟာ လွန်ခဲ့သော် နှစ...
-
ပိဋကတ် သုံးပုံ မြန်မာဘာသာပြန် စာအုပ် အစုံကို ဒေါင်းယူနိုင်ပါပြီ ခင်ဗျ မရှိသေးသူများ အောက်ပါ လင့်များတွင် ဖြစ်စေ ဆိုဒ် မီနူ မှာ ဖြစ်စေ နှိပ်ြ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး