မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆရာတော်ဘုရားကြီး၏ တရားမှ ကောက်နှုတ်ဖော်ပြပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ကျမတို့တွေ မမြင်နိုင်တဲ့ ရုက္ခစိုးအကြောင်းကိုဟောပြောသွားတာကို ဗဟုသုတအဖြစ်ရော၊ ကျမတို့မြန်မာများရဲ့ ဂါရ၀တရားတခုလိုဖြစ်နေတဲ့ သစ်ပင်ကြီးတွေအောက် အပေါ့သွားရင် ကန်တော့ ကန်တော့လို့ ပြောသွားလို့ လူကြီးတွေကသင်တာနဲ့ ပတ်သက်ပြီး ဆက်စပ်တွေးမိလို့ ဆရာတော် ဘုရားကြီး၏ တရားတပုဒ်ထဲ ကောက်နှုတ်ရေးသားလိုက်တာဖြစ်ပါတယ်။ ဆရာတော်ကြီးကလည်း မွန်ပြည် သထုံဘက်မှာ ကြားခဲ့ရတဲ့ဖြစ်ရပ်တခုကို ပြောပြတာဖြစ်ပါတယ်။
တခါက မွန်ပြည်နယ်ဘက်က တောရကျောင်းတစ်ကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတွေဟာ တပါးပြီး တပါး ပျံလွန်တော်မူတယ်တဲ့။ အဲဒီကျောင်းမှာသွားကျောင်းထိုင်တဲ့ သံဃာတွေ အဲဒီလိုဖြစ်နေတာကို သိတော့ ဆရာတော်ကြီးတပါးဟာ မသင်္ကာဖြစ်လာတယ်တဲ့။ အတွေ့အကြုံများတဲ့ ဆရာတော်ကြီးလည်းဖြစ်တော့ သူဟာ အဲဒီ တောရကျောင်းကို လိုက်သွားတယ်တဲ့။ ကျောင်းလည်းရောက်ရော ကျောင်းပတ်ဝန်းကျင်ကို လျောက်ကြည့် တယ်။ အဲဒီမှာ ဆရာတော်ကြီးဟာ သစ်ပင်ကြီးတပင်အောက်မှာ ဆောက်ထားတဲ့ ကုဋီကို သတိထားမိတယ်။ အဲဒီအိမ်သာကို အိမ်သာကို သစ်ပင်နဲ့ဝေးရာကို ချက်ခြင်း ရွေ့စေတယ်တဲ့။
ညလည်းရောက်ရော အဲဒီဆရာတော်ကြီးကို ရုက္ခစိုးကြီးဟာ အိမ်မက်ပေးပါတယ်တဲ့။ ဆရာတော်ကြီးကို အဲဒီသံဃာတော်တွေကို သူသတ်တာပါလို့လျှောက်တယ်တဲ့။ သူ့ဂေဟာကို လာလည်ကြတဲ့သူတွေ။ သူ့အပေါင်းအသင်းတွေကို ဖိတ်ပြီးကျွေးမွေးတဲ့အခါ အိမ်သာရဲ့အနံ့ဟာ နံလွန်းလို့ သူအရှက်ကွဲတယ်။ သူ့ဆီကို ဘယ်သူကမှ လာမလည်ခြင်ကြဘူးလို့ လျှောက်ထားတယ်။ အခုမှ အရှင်ဘုရားကြွလာမှ အဆင်ပြေသွား ပါတယ်လို့ အိမ်မက်ထဲမျာ လျှောက်ထားတယ်လို့ ဆရာတော်ဘုရားကြီးက ထည့်ဟောသွားပါတယ်။
ဒါကြောင့် ရှေးကလူကြီးများ ပြောသလို သစ်ပင်ကြီးအောက် အပေါ့့အလေးသွားရင် သတိတော့ထား သင့်တယ်လို့ (မြန်မာပြည်မှာဆိုရင်ပါ)။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာက သာသနာထွန်းကားတော့ ဘုံမြင့်တဲ့ ရုက္ခစိုး ဘုမ္မစိုး အာကာစိုးနတ်ဟာရှိနေမှာပါဘဲ။
ရုက္ခစိုးများနှင့်ပတ်သက်ပြီးဆရာတော်ဘုရားကြီးဟာ ဟိုးရှေးရှေးက ဆရာတော်ကြီးတွေဟာ စာတွေလည်းရေးကြတယ်။ သို့ပေမဲ့ ၀ိပသနာတရားက အဲဒီခေတ်တွေက ခေတ်မစားဘူး။ နောက်ပိုင်း လယ်တီတို့ မဟာစည်တို့ မိုးကုတ်တို့ ခေတ်ရောက်လာမှ ၀ိပသနာတွေဟာ ခေတ်စားလာတယ်။ ရိပ်သာတွေဖြစ်လာတယ်။ အဲဒီခေတ်က ဆရာတော်ဘုရားကြီးတွေက ၀ိပသနာခေတ်မစားတော့ ရုက္ခစိုးဘ၀ကို ဆုတောင်းကြတယ်။ ဘာလို့ဆို ရုက္ခစိုးရဲ့သက်တမ်းက နှစ်(၉၀၀၀၀)ထိနေလို့ရတယ်။ ဒါကြောင့် ရုက္ခစိုးဘ၀ကို ဆုပန်ကြတာ များတယ် ဟုမိန့်ပါသည်။ ဒါကြောင့် ရုက္ခစိုးတွေအကြောင်းကို သေချာမသိဘဲနဲ့ ကျမတို့က သစ်ပင်စောင့်တာလို့ ပေါ့ပေါ့တွက်လို့မရပါဘူး။ ရှေးတုံးက လူတွေဟာ အာရုံတွေမဆန်းသလို သီလလည်း မြဲကြပါတယ်။ သီလမြဲခြင်းဟာလည်း ကောင်းသောဘ၀ကိုရနိုင်ကြတာပါဘဲ။ ဆရာတော်ဘုရားကြီး ဟောပြောမှဘဲ နှစ် ကိုးသောင်းနေနိုင်လို့ ရုက္ခစိုးဆုပန်ကြတာဘဲလို့ သိရတဲ့အပြင် တော်ယုံတန်ယုံနဲ့ ရုက္ခစိုး ဖြစ်တာမဟုတ်ပါလားလို့ အသိဥာဏ်တိုးသွားခဲ့ပါတယ်။
Saturday, July 7, 2012
ရုက္ခစိုးအကြောင်းတစေ့တစောင်း
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး နောက်တွင်ကပ်ပါလာသောကြောင်ကလေး ဒီကြောင်လေးဟာ ဘယ်တော့မှ ဆရာတော်ဘုရားကြီးရှေ့ကမသွားဘူးလို့ ပြောကြပါတယ်။ ဘေ...
-
၁၉၉၆ ခုနှစ် အိန္ဒိယနိုင်ငံ၊ အူထရာပရာဒတ် ပြည်နယ် Uttarakhand, India ၊ ဒါရာဒွန်း Dehradun ဆိုသောမြို့ငယ်လေးတွင် ကျမပညာ သင်ကြား ခွင့်ရခဲ့ပါသ...
-
မဟာဗောဓိမြိုင်ဆရာတော်ကြီးသီတင်းသုံးသည့်အရပ်အလိုက်ဘွဲ့တော်မဟုတ်သော အမည်နာမများရှိခဲ့ပါ သည်။ ပျဉ်းမနားတွင် လက်လုပ်တောင်ဆရာတော်ကြီး၊ သာစည်တွင် ...
-
တရားမှတ်တာအပေါ် နှာသီးဝမှတ်လျင် သမထဟုပြောကြတဲ့ သူများအတွက် ဝေဘူဆရာတော်ဘုရားကြီးမိန့်သောစကားကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကအောက်ကအတိုင်း စ...
-
ဒီအဖြစ်အပျက်ဟာ သိပ်မကြာသေးခင်က ကျမတို့နေရာလေးမှာ တကယ်ဖြစ်ပျက်သွားတာလေးပါ။ အမျိုးသမီးဝန်ထမ်း(မ)ဟာ ရောဂါတခုနဲ့ သေသွားပါတယ်။ သူက နဂိုကလည်း ခပ်ေ...
-
ရှင်အဇ္ဇဂေါဏဆရာတော်ဘုရားကြီးကို မြန်မာလူမျိုးတို့မသိသူရှားပါသည်။ မစင်တွင်းသို့ စိတ်တိုတိုနှင့် ဓါတ်လုံးကိုပေါက်ပစ်မှ ဓါတ်လုံးအောင်ပြီး မျ...
-
ကျမမှာ ဆရာမ တစ်ဦးရှိပါတယ်။ သူဟာ တရုပ်အမျိုးသမီးပါ။ သို့ပေမဲ့ သူဟာ သမထလိုင်းမှာ နာမည်ပေါက်ရောက်ပြီးဘုရားတည်နေတဲ့သူဖြစ်ပါတယ်။ အက်င့္စာရဏမွာ ေ...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး