Thursday, June 7, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ မေတ္တာမြိုင်မေတ္တာပို့


ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော
မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ်
    
    (၁) ဘေရီသဒ္ဒေါ တိဂါဝုကာ

    မေဃ သဒ္ဒေါ တိယောဇနာ

    ဒါနဒါ ဆကာမာ အန္တော

    သီလအန္ထော အကနိဌာ။

    (၂) မေတ္တာစ အနန္တံ လောကံ

                                                              သဗ္ဗိဒံမေ ပရိမာနံ။

                                                              သက္ခိဌာနံ ကတွာ ဘာဇေ

                                                              လဘန္တု သုဒ္ဓသီတလေ။

ဘေရီသဒ္ဒေါ-စည်ကြီးတီးသံ ဟီးဟီးညံသည်ကား၊ တိဂါဝုကာ-သုံးဂါဝုတ်အပိုင်ပြ မိုင်အားဖြင့် ငါးမိုင်မျှသာ ကြားသိခွင့် ရရှိစေပါသည်ဘုရား။
မေဃ သဒ္ဒေါ- မုတ်သုံလေထန်၊ မိုဃ်းမာန်ပေးချုန်းရာမှ ဖြစ်သော  ရေခိုး၊ လေခိုးလေးများ၏ ပြေးသံ၊ ပုန်းသံများသည်ကား ၊ တိယောဇနာ - သုံးယူနစ် အပိုင်ပြ မိုင်အားဖြင့် နှစ်ဆယ့်လေးမိုင်မျှသာ ကြားသိခွင့် ရရှိကြပါသည်ဘုရား။
ဒါနဒါ-သူကောင်းလမ်းဖောက် သဒ္ဓါစမ်းပေါက်ရာမှ ထိုးဖောက်သွားသော ၀မ်းမြောက်သံသည်ကား၊
ဆကာမာ အန္တော- ဓါတ်ရည်တောက် ပမာဏ နတ်ပြည်ခြောက်ထပ်မျှသာပါ ဘုရား၊
သီလအန္ထော- သူသည် ကိုယ့်ကြောင့် စိုးမနှောင့်စေ၊ မမှောင့်စေသော သီလစောင့်ထိန်းခြင်းမှ ဖြစ်သော ရာဂ ဒေါသလွှမ်းမိုးခြင်းမှ တိုးထွက်သွားသည့် ပဲ့တင်သံသည်ကား၊ အကနိဌာ- ရုပ်နာမ်နှစ်ဝစုံပါကြသည့် ဗြဟ္မာ့ထိပ်ခေါင် အကနိဌဘုံတိုင်အောင်သာပါဘုရား။
မေတ္တာစ- ရာဂဒေါသရိုး မေတ္တာလွှမ်းမိုးဖြန့်ကျက်ရာမှ ပျံ့ထွက်သွားသော မေတ္တာဓာတ်လှိုင်းသံကြီးသည်ကား၊
အနန္တံ- အရှေ့မှအနောက် မရောက်နေရာမရှိပါ၊ အနန္တစကြာဝဠာ။တောင်မှနေမြောက် မရောက်နေရာ မရှိပါ အနန္တစကြာဝဠာ။
အထက်မှအောက် မရောက်နေရာ မရှိပါ၊ အနန္တစကြာဝဠာ။နယ်ကျဉ်းကွယ်ပျောက် ဟင်းလင်းပေါက်အထိ မရောက်နေရာ မရှိသာ၊ အနန္တစကြာဝဠာ။ကိုယ်ခင်းရန်ပျောက် နိဗ္ဗာန်ပေါက်အထိ မရောက်နေရာ မရှိသာ၊ အနန္တစကြာဝဠာ။
က္ကုဒံ- ဤမျှခန်းနားလှပါသော ဤမေတ္တာဓာတ်အား စွမ်းပကားကြီးကို၊ မေ-မယာ- အကျွန်ုပ်သည်၊
အနန္တံ- အနန္တမေတ္တာရှင် ဘုရားသခင်ကို ၊ သက္ခိဌာနံ ကတွာ- သက်သေတည်၍၊ အနန္တံ- အဆုံးမထား ချစ်စည်း၊ မုန်းစည်း မသားဘဲ၊ အပရိမာနံ- အပိုင်းအခြားလည်းမထား၊ အကန့်အသတ်ဖြင့်မကစားဘဲ၊ သဗ္ဗလောကံ- အနန္ထစကြာဝဠာ အနန္တသတ္တ၀ါများသို့၊ ဘာဇေ ဘာဇေယျာမိ-ဒေါသမတိုး ရာဂမိုးမစွက် ဓမ္မခိုး ဖြိုးဖြိုးညွှတ်တို့ ဖြင့် ပို့လွှတ်လိုက်ရပါတော့သည် ဘုရား။
မေ- အကျွန်ုပ်၏၊ သုဒ္ဓသီတလေ- အညစ်မဖြူ အပူမစွက် မေတ္တာရည် အဖြူသက်သက်ကို၊ သုဒ္ဓသီတလေ- မေတ္တာရည်တူ အဖြူလိုလား၊ ကြိုဆိုစောင့်စားလျှက်ရှိရပါကုန်သော၊ တေ- အနန္တလောကသား ထိုထို ထိုထို သတ္တ၀ါများ အများအပြားတို့သည် ၊ လဘန္တု- မေတ္တာတော် ဝေပုံကျ အကုန်အဌရကြပါစေကုန်သတည်း။ လဘန္တု-မေတ္တာတော်ဝေပုံကျ အကုန်အငှ ရကြပါစေကုန်သတည်း။ လဘန္တု - ကြားသမျှ အကုန်ထည့် သိသမျှ အရချူ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်။
မှတ်ချက်။ ။ ဦးမင်းချစ်သူနှင့် ဦးကြည်စိုးဝင်းတို့မှ စီစဉ်ချက်အရ ရာဇာဝင်းတင့်နှင့် ရီရီသန့်တို့မှ သီဆိုပူဇော်ထားပါသည်။
ဆရာတော်ဘုရားကြီးအား ကြည်ညိုစိတ်ဖြင့် ဆရာတော်ကြီး၏လေးနက်လှသော မေတ္တာတရားအား ခံယူလျက် အများသူငှာ ရကြပါစေဟု မေတ္တာရည်လျက် ဘလော့တွင်တင်လိုက်ခြင်းဖြစ်ပါသည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts