သတိဆိုတာ ကိလေသာနဲ့စစ်တိုက်တာဗျ။ စစ်ပွဲမှာ စစ်တိုက်ဖို့သွားတဲ့သူဟာ စစ်တလင်းမှာ ငိုက်နေလို့ရရဲ့လား။ ဖြေးဖြေးလေး ငေးနေလို့ကောရရဲ့လားဗျာ။ အမြဲသတိနဲ့နေရတာမဟုတ်လား။
သတိဆိုတာ ၀ိဇ]္ဇာဗျ။ ကိလေသာက အ ၀ိဇ]္ဇာ ။ စစ်ပွဲတွေမှာဆိုရင် အိပ်ရင်တောင် အသင့်အနေအထားနဲ့ သေနတ်ပိုက်ပြီးအိပ်ရတာမဟုတ်လား။ သေနတ်ဇောက်ထိုးထားပြီး သွားလို့ရမလားဗျ။
သတိနဲ့နေတတ်ပါစေနော်။ နောက်မို့က အရင်းစားရှုံးမယ်။ ဝေဘူဆရာတော်ကြီးကပြောတယ်။ ၀ီရိယလေး လိုနေတာဗျ.။ ၀ီရိယလေလိုနေတာဗျနဲ့။ ဒို့များကတော့ တည့်တည့်ဘဲပြောလိုက်ခြင်တယ်။ ခင်ဗျားတို့ ပျင်းကြတယ်ဗျာ။ (မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ တရားများမှ)
မင်းတုန်းမင်းကြီးက သာသနာဒယကာကြီးဗျ။ သူက ဘီလူးမကလာတာဗျ။ ဘီလူးမ သားမြတ်ဖြတ်လှူတဲ့ကုသိုလ်နဲ့ ဘုရင်လာဖြစ်တာပါဗျာ။ သူက သာသနာတော်ကိုတကယ်ကြည်ညိုတာ။ သံဃာတွေကိုသိပ်ကြည်ညိုတာ။
ခရီးတခုကိုသွားနေတဲ့ သူမှာ သူ့မှာဖိနပ်စီးထားတယ်ဗျ။ ဖိနပ်စီးပြီးခရီးသွားနေတဲ့သူကို ဖိနပ်တရံထပ်ပေးတော့ ဘာလုပ်သွားရမလဲ။ အဲဒီဖိနပ်လက်ထဲက ကိုင်သွားရမယ်မဟုတ်လား။ အေးဗျာ လှူတိုင်းကောင်းတာမဟုတ်ဖူးဗျ။
Thursday, June 21, 2012
သတိဆိုတာ စစ်မြေပြင်မှာ စစ်တိုက်ရသလိုပါဘဲ။
8:41 PM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် ...
-
မနေ့က ကျောင်းမှာ ကိုရင်လောင်း(၅၀)စတင်ဝတ်ကြပါတယ်။ ကျမလည်း တစ်ပါးစာကို တာဝန်ယူထားတာကော ရာဂျူးး က(၃)ပါးယူထားတာကြောင့် ကျောင်းကို ည...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
-
ကျမ ၂၁.၁၁.၂၀၁၂ နေ့က လက်လုပ်တောင်ကျောင်းသို့တခေါက်ရောက်ခဲ့ပြန်ပါသည်။ ထိုအချိန်တွင် ဆရာတော် ဦးခေမာလည်း ဆွမ်းဘုန်းပေးနေပြီ။ ကျမလည်း ဦးဗောဓိအရ...
-
မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေပြည်တော် ရွှေနန်းသွင်းစေတီတော်မြတ်မှာ (၉.၁.၂၀၁၅)နေ့ ည(၉)နာရီခန့်မှာ ကြွရောက်လာတယ်လို့သိရပ...
-
၁၁-၇-၁၆ နေ့ ည(၇)နာရီမှာ ရေဆင်းကနေ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် ဂုဏ ပူဇာ တရားစခန်းပွဲကျင်းပရာ နေပြည်တော် လက်လုပ်တောင်တောရကိ...
-
ငယ်စဉ်က ကျမတို့ ဗန်းမော်ထောင်မှာ ထောင်မှူးကြီးအဖြစ် စာရေးဆရာ ရန်အောင်မောင်မောင် ပြောင်းရွေ့လာပါတယ်။ စာရေးဆရာ တင်သန်းဦးဟာလည်း ခြေလျင်တပ် (...







0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး